ရန်ကုန်တွင် အရေးပေါ် လျှပ်စစ်ဖြတ်တောက်မည်
DVB
·
October 19, 2019
ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ဒီနေ့ အရေးပေါ် လျှပ်စစ်ဝန်အားလျှော့ ဖြတ်တောက်တာတွေ လုပ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။
ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ ဂက်စ်ပိုက်လိုင်းဟာ သံဖြူဇရပ်နဲ့ လမိုင်းအကြားမှာ ပေါက်ခဲ့တာကြောင့် အဲဒီက ဓာတ်ငွေ့နဲ့ မောင်းနှင်နေတဲ့ ရန်ကုန်၊ သာကေတ U Energy ဓာတ်အားထုတ်စက်ကို မနေ့ ညပိုင်းမှာ အရေးပေါ် ရပ်တန့်ခဲ့ရပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းထဲမှာ မဂ္ဂါဝပ် ၁၀၀ ကျော်လောက် ဓာတ်အားထုတ်လုပ်တာ လျော့နည်းသွားလို့ အခုမနက်ကစလို့ လျှပ်စစ်အသုံးများချိန်တွေမှာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိမယ်လို့ ဆိုပါတယ်။
ဘယ်မြို့နယ်တွေမှာ ပြတ်တောက်မယ်လို့တော့ အသေးစိတ်မပြောဘဲ စက်မှုဇုန်၊ မြို့နယ်၊ ရပ်ကွက်နေရာတချို့မှာ ယာယီ ဓာတ်အားပြတ်တောက်တာတွေ ဖြစ်မယ်လို့ အခုမနက်မှာ ကြေညာလိုက်တာပါ။