Home
မြန်မာသတင်း
ဂျပန်ဧကရာဇ်သစ်၏ ပြည်သူကိုလှည့်လည်နှုတ်ဆက်ပွဲ ယာယီရပ်ဆိုင်း
ဇော်ဇော်လှိုင်
·
October 18, 2019
လာမယ့် သီတင်းပိတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂျပန်ဧကရာဇ်သစ်ရဲ့ ပြည်သူကို လှည့်လည်နှုတ်ဆက်ပွဲကို ဂျပန်အစိုးရက ယာယီရပ်ဆိုင်း လိုက်ပါတယ်။ ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ကြင်ယာတော်တို့အနေနဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်ပြည်သူတွေ အသက်ဆုံးရှုံးကာ အများအပြားပျက်စီးဆုံးရှုံးခဲ့တာကို စိတ်နှလုံး ထိခိုက်နေပြီး၊ စိတ်မချမ်းမမြေ့ဖြစ်နေတာကြောင့် ရပ်ဆိုင်းလိုက်တာလို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ မေ ၁ ရက်နေ့က ထီးနန်းအရိုက်အရာ ဆက်ခံခဲ့တဲ့ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ကြင်ယာတော် မဆာကိုတို့ရဲ့ထီးနန်းတက် ဂုဏ်ပြုပွဲကို မေလ ၂၂ရက်နေ့မှာ တိုကျိမြို့ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက  ထိပ်သီးခေါင်းဆောင်တွေလည်း တက်ရောက်ဂုဏ်ပြုဖို့ အစီအစဉ်ရှိပါတယ်။ ဂျပန်နိုင်ငံဧကရာဇ်သစ်ရဲ့ထီးနန်းတက်ဂုဏ်ပြုပွဲရဲ့နေ့ခင်းမှာ ဧကရာဇ်ရဲ့နန်းတော်မှ တိုကျိုမြို့အတွင်းဂျပန်ပြည်သူတွေကို လှည့်လည်နှုတ်ဆက်မယ့်အစီအစဉ်ကို ယာယီ ရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်၊၊ ဂျပန်သမိုင်းမှာကြီးကျယ်တဲ့ သဘာဝဘေးအန္တရာယ်ကြီးတခုအဖြစ် ဂျပန်အစိုးရ သတ်မှတ်မယ့် ဟာဂီးဘီးစ် (Hagibis)တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်ပြည်သူတွေ အသက်ဆုံး  ပြည်သူတွေရဲ့ရှုံးခဲ့သလို နေ့စဉ်ဘဝတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထိခိုက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024