သခင်ကြီးနှင့် ငါးပိတို့စရာရုပ်ရှင် နာမူနာ ပြည်သူ့ရင်ပြင်တွင် LED ဖြင့် ပြသမည်
DVB
·
October 18, 2019

သခင်ကြီးနှင့် ငါးပိတို့စရာရုပ်ရှင်ဇာတ်ကား နမူနာမိတ်ဆက်ပွဲကို လာမယ့်အောက် တိုဘာလ ၂၀ ရက်နေ့ညနေ၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ညနေ ၄ နာရီကနေ ၇ နာရီထိ ကျင်းပမယ့် ဒီပွဲကို ဘယ်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မယ်လို့ ကြေညာထားပါတယ်။ ဒီရုပ်ရှင်ကားကတော့ ဈာန်သခင်သွေးရဲ့ ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်းခွဲထား ပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ မင်းခ၊ သိန်းလင်းစတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
အခုအစီအစဉ်ကို အစပိုင်းက မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်မယ်လို့ ကြေညာထားတာပါ၊ သခင်ကြီးနှင့် ငါးပိတို့စရာရုပ်ရှင်ကို အောက်တိုဘာ ၃၁ ရက်မှာ ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်နဲ့ အပြိုင်ရုံတင်ပြသမှာ ဖြစ်ပါတယ်။