DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စပါးမစိုက်ပျိုးနိုင်သည့် လယ်ဧက ၂ သိန်းဝန်းကျင်ရှိနေ
DVB
·
October 18, 2019
ရခိုင်ပြည်နယ်တွင် စပါးမစိုက်ပျိုးနိုင်သည့် လယ်ဧက ၂ သိန်းဝန်းကျင်ရှိနေ
Donate to DVB

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း စပါးစိုက်ဧက  ၂ သိန်းနီးပါး မစိုက်ပျိုးနိုင်ဘဲရှိနေတယ်လို့ ရခိုင်ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးသစ်တောနှင့် သတ္တုဝန်ကြီး ဝန်ကြီးဦးကျော်လွင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်ကစတင်ဖြစ်ပြီးခဲ့တဲ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့်လည်းပဲ ဒီနှစ်မိုးရာသီကာလမှာ မိုးစပါးမစိုက်ပျိုးလိုက်ရတဲ့ ဧကပေါင်း ၁ သောင်းကျော်ရှိတယ်လို့ ပြောပါတယ်။

စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧကအများစုဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲမှာရှိပါတယ်။ ဒီဒေသက တောင်သူလယ်သမားတွေဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကာ စစ်ဘေးရှောင် စခန်းတွေနေထိုင် နေရတဲ့အတွက် စပါးမစိုက်ပျိုးနိုင်ဘဲ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြီးခဲ့တဲ့ နှစ်ကထက် ဒီနှစ်မှာစပါးစိုက်ဧက ၁သောင်းကျော်လျှော့နည်း သွားတာတွေ့ရတာကြောင့် ကျပ်ဘီလီယံနဲ့ချီ ဆုံးရှုံးနေရပြီ လာမယ်နှစ်တွေမှာ ကြီးမားတဲ့ ရိက္ခာပြတ်လပ်နိုင်တဲ့ အခြေအနေတွေနဲ့ကြုံရမယ်လို့ ပြောတယ်။

ဒါပေမယ့် ဒီနှစ်မိုးရာသီ ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧကပေါင်း ၁၀ သိန်းကျော်စိုက်ပျိုးထားပြီး ရခိုင်ပြည်နယ် လူဦးရေ ၃ သန်း ဝန်းကျင်အတွက် ထွက်လာမယ့် စပါး၊ ဆန်ရိက္ခာတွေပြတ်လပ်နိုင်စရာ အကြောင်းမရှိဘူးလို့ စိုက်ပျိုးရေးမွေးမြူးရေးသစ်တောနှင့် သတ္တုဝန်ကြီး ဝန်ကြီးက ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013