မန္တလေးတက္ကသိုလ် စားသောက်ဆိုင်ကိစ္စ စုံစမ်းစစ်ဆေးမှုရလဒ် ထုတ်ပြန်ပေးရန် တောင်းဆို
DVB
·
October 18, 2019
မန္တလေးတက္ကသိုလ်အတွင်း တက္ကသိုလ်တာဝန်ရှိသူတွေနဲ့ Oriental House က တင်ဒါမခေါ်ပဲ တည်ဆောက်ထားတဲ့ Food Court နဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ ကျောင်းသားတွေက ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲ ပြုလုပ် တောင်းဆိုပါတယ်။
မန္တလေးတက္ကသိုလ်အတွင်းမှာ စားသောက်ဆိုင်ကို ပွင့်လင်းမြင်သာမှုမရှိပဲ တည်ဆောက်တဲ့ အပေါ် တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကန့်ကွက် သပိတ်မှောက်ခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာနက စုံစမ်းရေးအဖွဲ့ဖွဲ့စည်း စစ်ဆေးနေတာ ဖြစ်ပါတယ်။
Photo - Min Sitt Naing / MPA