Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၃ သိန်းတန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများ ပင်လယ်ပြင်၌တွေ့ရှိ 
DVB
·
October 17, 2019
74472985_779966549124741_1717902036961329152_o
73326588_779966652458064_9089297881021546496_o
72533431_779966512458078_7143558721044480000_n
72740853_779966479124748_8062297868276334592_o
ဧရာဝတီတိုင်း၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာပင်လယ်ပြင်မှာ မျောပါလာတဲ့ ကျပ်သိန်းပေါင်း ၃ သိန်းနီးပါး တန်ဖိုးရှိတဲ့ အိုက်စ်  မူးယစ်ဆေးဝါးတွေကို အောက်တိုဘာ ၁၆ ရက် မနက်က သိမ်းဆည်းရမိပါတယ်။ ပင်လယ်ပြင်မှာ ရေလုပ်သားတွေ ငါးဖမ်းထွက်နေစဉ် ပင်လယ်ပြင်မှာ မျောနေတဲ့ အထုပ်တွေကို တွေ့ရှိတဲ့အတွက် ငါးဖမ်းစက်လှေပေါ်သို့ ဆယ်ယူခဲ့ပြီး ရေလုပ်ငန်းရှင်တွေထံ အပ်နှံ ခဲ့ရမှာ မသင်္ကာဖွယ်ရာ ပုံဆောင်ခဲတွေ တွေ့ရှိတာကြောင့် ဘဝသစ်ကျေးရွာ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့ကြပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံသို့ ဆက်လက်အကြောင်းကြားပြီး မနေ့ညနေ ၄ နာရီလောက်က စက်လှေနဲ့ ဆယ်ယူထားတဲ့ အထုပ်တွေ ကို အမာနယ်မြေရဲစခန်းသို့ သယ်ဆောင်လာခဲ့ပါတယ်။ မူးယစ်တပ်စု (၅၀) ဖျာပုံမှ မူးယစ်တပ်ဖွဲ့ဝင်တွေ၊ အမာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေ၊ ခ.လ.ရ (၁၈) ဒုတပ်ရင်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှာ Refined Chinese Tea စာတန်းနဲ့ တရုတ်စာ အမှတ်တံဆိပ်ပါရှိတဲ့ လက်ဖက်ခြောက် အိတ်တွေနဲ့ ထပ်ပြီး ပတ်ထားတဲ့ အိုက်စ်လို့ ယူဆရတဲ့ ပီနံအိတ် ၁၆ အိတ်အတွင်းမှ ၁ ကီလိုပါ အထုပ် ၆၄၉ ထုပ် သိမ်းဆည်းရမိခဲ့ပါတယ်။ အိုက်စ် ၁ ကီလိုပါအထုပ်တထုပ်ကို ကာလတန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်း ၄၅၀ ဖြစ်ပြီး အထုပ် ၆၄၉ ထုပ် ရဲ့ စုစုပေါင်း ကာလတန်ဖိုးမှာ မြန်ကျပ်ငွေ ကျပ်သိန်းပေါင်း ၂၉၂၀၅၀ တန်းဖိုးရှိတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အမာနယ်မြေရဲစခန်းက မူးယစ်စိတ်ပုဒ်မ ၁၉(က)နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အမှုဖွင့် စစ်ဆေးနေပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024