တူရကီထိုးစစ်ကြောင့် ဆီးရီးယားစစ်ဘေးရှောင်များ အီရတ် ဒုက္ခသည်စခန်းသို့ခိုလှုံ
DVB
·
October 17, 2019
တူရကီထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ ဆီးရီးယားပြည်သူ ၂၀၀ လောက်ဟာ အောက်တိုဘာ ၁၅ ရက်နေ့က အီရတ်နိုင်ငံ၊ ကာ့ဒ်ဒေသရှိ ဒိုမစ်ဇ် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မယ့် ခြိမ်းခြောက်မှုတွေနဲ့ ထိုးစစ်ရပ်ဖို့ တောင်းဆိုတာတွေ မြင့်တက်နေတဲ့ကြားက တူရကီဟာ ဆီးရီးယားမြောက်ပိုင်းကို ထိုးစစ်အရှိန်မြှင့် နေပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယားရဲ့ ရုရှားကျောထောက်နောက်ခံပြု စစ်တပ်ဟာလည်း အမေရိကန်တပ်တွေ စွန့်ခွါခဲ့တဲ့ မန်ဘစ်ဂျ်မြို့ဆီဦးတည်ချီတက်နေပါတယ်။
ဆီးရီးယား နေ့ရပ်စွန့်ခွာအမျိုးသမီး တဦးက ဆီးရီးယားမှာရှိတဲ့ သူတို့မိသားစုတွေနဲ့ ဆွေမျိုးတွေထဲမှာ နာမကျန်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ပြောပါတယ်။
ဒါ့အပြင် အီရတ် ဒုက္ခသည်စခန်းဆီ နာမကျန်းသူတွေ လာရောက်ဖို့ အတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးဖို့ လည်း သမ္မတ အာဆတ်ကိုတောင်းဆိုပါတယ်။