နာဇီအလေးပြုသည့်ပုံစံ လှောင်ပြောင်ခဲ့သည့် ဘူဂေးရီးယား ဘောလုံး ပရိသတ် ၄ ဦးကို ဖမ်းဆီး

1.7K
အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုများနှင့် နာဇီ အလေးပြုသည့်ပုံစံ လှောင်ပြောင်ခဲ့ကြတဲ့ ဘူဂေးရီးယား ပရိသတ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်ကို ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့မှာ ကျင်းပခဲ့တာပါ။
အင်္ဂလန်အသင်းက အဝေးကွင်းမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပွဲချိန်အတွင်းမှာ အင်္ဂလန်အသင်းရဲ့ လူမည်း ကစားသမားတွေကို ဘူဂေးရီးယား ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် အင်္ဂလန်အသင်းကို လှောင်ပြောင်တဲ့အနေနဲ့ နာဇီ စစ်သားတွေ အလေးပြုတဲ့ ပုံစံလည်း ပွဲကြည့်စင်ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို လူမျိုးရေးခွဲခြားမှုနဲ့ လှောင်ပြောင်ခဲ့တဲ့ ပရိသတ် ၄ ဦးကို ဘူဂေးရီးယားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပြဿနာတွေနဲ့အတူ ရလဒ်ဆိုးရွားမှုတွေကြောင့် ဘူဂေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟာလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။