Sunday, June 11, 2023
Homeသတငျးတိုမဲဆောက် ရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကား ပြသတော့မည်

မဲဆောက် ရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကား ပြသတော့မည်

မြန်မာရွှေ့ပြောင်း အလုပ်သမား သိန်းနဲ့ချီရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်က ရုပ်ရှင်ရုံမှာ မြန်မာ ဇာတ်ကားတွေ ပြသတော့မှာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖွင့်လှစ်တဲ့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ Tesco Lotus ကုန်တိုက်ကြီးမှာ ပြသသွားမှာဖြစ်ပါတယ်။

အဲ့ဒီ ကုန်တိုက်မှာ ရုပ်ရှင်ရုံ ၄ ခု ပါဝင်ပြီး ထိုင်းနဲ့ နိုင်ငံခြား ရုပ်ရှင်ကားတွေအပြင် မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေလည်း ပြသသွားမှာဖြစ်ပါတယ်။

ဖွင့်ပွဲအနေနဲ့ ရုပ်ရှင်ကားတွေကို အခမဲ့ပေးကြည့်မှာဖြစ်ပြီး အခုချိန်ထိတော့ မြန်မာ ဇာတ်ကားတွေ ပြသထားတာ မရှိသေးပါဘူး။

ရုပ်ရှင်ရုံ ၀န်ထမ်း ၁ ဦးက “လာမယ့် ၂ နှစ်လောက်ဆိုရင် အာဆီယံ ဘုံစီးပွားဖြစ်လာမှာပါ။ မြန်မာနိုင်ငံကနေ လာပြီးအားပေးကြမယ့် ပရိသတ်တွေကိုလည်း အမြဲတမ်းကြိုဆိုပါတယ်။ သူတို့ ဒီမှာလာကြည့်တော့ သူတို့အတွက်လည်း အကျိုးရှိတာပေါ့” လို့ ပြောပါတယ်။

အခု ဒီကုန်တိုက်မှာ ရှိတဲ့ ရုပ်ရှင်ရုံတွေဟာ ပရိသတ် ၁ ထောင်လောက် တပြိုင်တည်း ကြည့်ရှုနိုင်ပါတယ်။ အခုလို ရုပ်ရှင်ရုံတည်ဆောက်လိုက်တာကြောင့် ရုပ်ရှင်ရုံတွေ မရှိသေးတဲ့ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်က လူတွေလည်း လာရောက် ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular