အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ခင်ဘုဏ်းသီချင်းသစ်-နင်ရှိသော ကိုယ့်နိုင်ငံ(ရုပ်သံ)
DVB
·
October 15, 2019
“ငါပြန်တော့မယ်… ဒဏ်ရာတွေ အိတ်ထဲထည့်… နင်ရှိသော ကိုယ့်နိုင်ငံထဲ… ငါ နေဖို့မသင့်တော်တော့လည်း… ငါပြန်တော့မယ်… မြင်နေရင် ငါရူးလိမ့်မယ်… နင်ရှိသော ကိုယ့်နိုင်ငံထဲ… ငါမရှိလည်း လွမ်းနေပါတယ်”
ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ အမျိုးသမီး တေးသံရှင် ခင်ဘုဏ်း ရဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာပါ။
နင်ရှိသောကိုယ့်နိုင်ငံလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ပရိသတ်တွေ ရင်းနှီး ကြပြီးဖြစ်တဲ့ လူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။
“သတိရတဲ့အခါ မကြာမကြာ ငါပြန်လာမယ်… မင်းနဲ့မတွေ့အောင် ငါရှောင်နေပါ့ မယ်… တခါတလေလည်း သတိရတယ်… တခါတလေ အရမ်းလွမ်းလည်း… မင်းနဲ့ မတွေ့အောင် ဆင်ခြင်ပါ့မယ်”
ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့ ရှုစားကြရမယ့် ဒီသီချင်းကိုတော့ ခင်ဘုဏ်းက မော်ဒယ်သရုပ်ဆောင် ချမ်းမင်းရဲထွဋ်နဲ့အတူ သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်လွန်ကာလတွေတုန်းက ရွှေထိုက်နဲ့တွဲပြီး အမျိုးသမီးတေးဂီတအဖွဲ့တ ဖွဲ့ဖြစ်တဲ့ KOOK အဖွဲ့ ကနေစလို့ နောက်ပိုင်း တကိုယ်တော် သီဆိုမှုတွေနဲ့ပါ ပရိသတ် လက်ခံအားပေးမှုရခဲ့တဲ့ ခင်ဘုဏ်းဟာ ဂီတလောကကနေ ကာလအတန်ကြာ ပျောက်နေ ခဲ့ပြီး ခုနောက်ပိုင်းမှာတော့ သီချင်းတွေနဲ့ တစတစ ပြန်လည်လှုပ်ရှားမှုတွေ လုပ်ဆောင် နေခဲ့တာပါ။
“သတိရတဲ့အခါ မကြာမကြာ ငါပြန်လာမယ်… မင်းနဲ့မတွေ့အောင် ငါရှောင်နေပါ့ မယ်… တခါတလေလည်း သတိရတယ်… တခါတလေ အရမ်းလွမ်းလည်း… မင်းနဲ့ မတွေ့အောင် ဆင်ခြင်ပါ့မယ်… ငါဆင်ခြင်ပါ့မယ်”
ခုအသစ်ထွက်ရှိလာတဲ့ နင်ရှိသောကိုယ့်နိုင်ငံသီချင်းကိုတော့ ခင်ဘုဏ်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထား ခဲ့တာပါ။
“နင်ရှိသော ကိုယ့်နိုင်ငံမှာနေဖို့ မသင့်တော်တော့ဘူးလို့ ရင်နာနာနဲ့ တွေးကြည့်ဖူး လား… ချစ်သော သူငယ်ချင်းများ အဆွေးသီချင်းလေး တပုဒ်ကို ခံစားနားဆင်ပေးပါ”
လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ရက်ပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။