Home
မြန်မာသတင်း
မီးပုံးပျံ ဦးကျော်ရင်ကို ဂုဏ်ပြုပြီး ထား၀ယ်မြို့တွင် မီးပုံးကြီးများ စုပေါင်းအလှပြလွှတ်တင်
DVB
·
October 15, 2019
72900234_2687224868002281_1720501355463835648_n
72886932_2687224638002304_12696855334879232_n
72740068_2687224704668964_7968848927627673600_n
72711181_2687225028002265_5632143430181191680_n
72589228_2687225364668898_3600395986733629440_n
72460529_2687224458002322_6111036265119875072_n
72320518_2687225128002255_2817982593285226496_n
71010213_2687224784668956_3330813001371484160_n
ထား၀ယ်ရိုးရာသပိတ်မျှောပွဲတော်နဲ့ မီးပုံကြီးများ စုပေါင်းအလှပြလွှတ်တင်ပွဲကို  တနင်္သာရီတိုင်း ထား၀ယ်မြို့၊ တလိုင်းမရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းမှာ မနေ့ညက ကျင်းပပါတယ်။  မီးပုံးကြီးပေါ်မှာ လိုက်ပါစီးနင်းရာက ကမ္ဘာ့ကျော်ခဲ့တဲ့ ထား၀ယ်သား မီးပုံးပျံ ဦးကျော်ရင်ကို ဂုဏ်ပြုတာနဲ့ ထားဝယ်ရိုးရာအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ထား၀ယ်သူ/ ထား၀ယ်သားတွေက မီးပုံးပျံလွှတ်ပြိုင်ပွဲကို ပြုလုပ်ကြတာပါ။ မီးပုံးကြီးများ စုပေါင်းအလှပြပွဲမှာ ကူးတို့ကျေးရွာက ဥသြမောင်အဖွဲ့၊ မောင်းမကန်ကျေးရွာ လူငယ်အဖွဲ့၊ တနင်္ဂနွေဆွမ်းလောင်းအဖွဲ့(ကမြောကင်း-သောကြာပြင်)၊ Dawei Mountain Rescue Team- DMRTအဖွဲ့၊ Dawei LGBT Community အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ၊ အားသစ်လူငယ်အဖွဲ့(ကြက်စားပြင်)နဲ့ ကျွန်းမွှေးရပ်ကွက်မှ လူငယ်တွေ အပါအ၀င် စုစုပေါင်း မီးပုံးကြီး ၉ လုံးကို လွှတ်တင်ခဲ့ပါတယ်။ ကူးတို့ကျေးရွာ ထား၀ယ်ရိုးရာသပိတ်မျှော ပွဲတော်မှာတော့ မီးပုံးအလယ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ပုံဖော်ထားတဲ့ မီးပုံးကြီးကို ဥသြမောင် အမည်နဲ့ ပထမဆုံးမီးပုံးအလှပြလွှတ်တင်ခဲ့ပါတယ်။ ကမ္ဘာအလယ်မှာ မြန်မာနိုင်ငံကြီးဖွံဖြိုးတိုးတက်စေဖို့နဲ့ စည်းလုံးညီညွတ်မှုရစေဖို့ ဒီမီးပုံးကြီးကို အထူးစိတ်ကူးပုံဖော်ပြုလုပ်ထားတာလို့ ရွာသားတွေက ဆိုပါတယ်။ ထား၀ယ်မြို့ပေါ်နဲ့ မြို့အနီးရှိ ကျေးရွာတွေမှာ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက မီးပုံးကြီး ၁၁လုံး၊ သီတင်းကျွတ်လပြည့်ညမှာ မီးပုံးကြီး ၆ လုံးကို လွှတ်တင်ခဲ့ပြီး သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှာ ညောင်ဇင်ရွာကနေ မီးပုံးကြီး ၂လုံးကို လွှတ်တင်ခဲ့ပါတယ်။ ထား၀ယ်ရိုးရာ သပိတ်မျောပွဲတော်ကို အရင်နှစ်တွေက တရက်သာ ကျင်းပခဲ့ပေမယ့် လည်း အခုနှစ်မှာ ပွဲတော်ကာလကို ၃ ရက်ကျင်းပခဲ့ပါတယ်။ အခုနှစ်ထား၀ယ်မှာ  မီးပုံးကြီးတွေ စုပေါင်းအလှပြလွှတ်တင်တာကို စတင်နိုင်ခဲ့ပြီး လာမယ့် နှစ်တွေမှာတော့ နို်ငငံအဆင့် မီးပုံးပြိုင်ပွဲပြုလုပ်ဖို့ ရည်မှန်းထားတယ်လို့ ထား၀ယ်ရိုးရာသပိတ်မျှော ပွဲတော်ပွဲ  ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောပါတယ်။ သတင်း-တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024