Home
မြန်မာသတင်း
နေပြည်တော် မြို့မစျေးမီးလောင်မှု ကျပ် ၁၅ သိန်းခန့် ဆုံးရှုံး
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 15, 2019
73093315_932742887100335_6208504736811843584_n
73093075_932742843767006_6047119588317986816_o
73035533_932742917100332_440167322443841536_n
72979922_932742940433663_3611479506323243008_o
72585480_932742977100326_1582275048587132928_o
နေပြည်တော် မြို့မဈေးမှာ အောက်တိုဘာ ၁၄ ရက် ည ၁၀ နာရီလောက်က  မုန့်နဲ့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တဆိုင်ဖြစ်တဲ့ ‘သူ့ထက်’  ဆိုင်မှဦ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဆိုင်ရဲ့ မီးဖြတ်စက်ဟာ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာကြောင့် ဆိုင်မှာရှိတဲ့ ပစ္စည်းတွေ မီးလောင်မှုဖြစ် ပွားခဲ့ကာ ကျပ် ၁၅ သိန်းလောက် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ မနေ့ညက မီးလောင်မှုက နာရီဝက်လောက် ကြာမြင့်ခဲ့တာဖြစ်ပြီး မီးသတ်ကား ၁၅ စီးလောက်နဲ့ မီးသတ် အင်အား ၈၀ လောက်က လာရောက်ငြှိမ်းသတ်ခဲ့တာကို တွေ့ရှိရပါတယ်။ အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ဆိုင်ရဲ့တာဝန်ရှိသူကိုတော့ နယ်မြေခံရဲစခန်းမှာ (ပ)၆၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက် နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024