A d v e r t i s e m e n t With Us

ကျောက်ဖြူတွင် ငါး၊ ပုစွန်န်ဒိုင်ဖွင့်ထားသည့် အမျိုးသားတဦး ပျောက်ဆုံးနေ၍ ရဲစခန်းတွင် တိုင်ချက်ဖွင့်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း တဲချောင်းကျေးရွာအုပ်စု ဂုံးတောင်ကျေးရွာရှိ မြစ်ကမ်းအနီး ငါး၊ ပုဇွန် ကဏန်းရောင်းဝယ်ရေးဒိုင်က အမျိုးသားတဦး ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ရဲစခန်းမှာ လူပျောက်တိုင်ချက်လာဖွင့်ထားတယ်လို့ သိရပါတယ်။ တဲချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဦးခင်က “မြစ်ကမ်းစပ်နားမှာ ဒိုင်ရှိတယ်၊ ဒိုင်မှာ အိပ်နေရင်းက ပျောက်သွားတာပါ၊ ပျောက်သွားက အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီလောက်မှာ ပျောက်သွားတာပါ၊ ဘာဖြစ်လို့ ပျောက်သွားလဲ ဆိုတာကိုတော့ အတိအကျ မသိသေးဘူး၊ ကျနော်တို့လည်း လိုက်ရှာနေကြတယ်၊ ဟွန်ဒါ ၂ စီး၊ ၃ စီးနဲ့ လိုက်ရှာနေကြတယ်၊ အခုအချိန်ထိကို မတွေ့သေးဘူး”လို့ ပြောပါတယ်။ ကျောက်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇော “ဘာမှ အတိအကျ မသိရသေးပါဘူး၊ လူပျောက်ပဲ လာတိုင်ထားတယ်၊ ပုစွန်ဒိုင်၊ ငါးဒိုင်မှာနေရင်း အဲဒီကနေပျောက်သွားလို့ လူပျောက်ဖွင့်ထားတယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းမှာ ကျောက်ကြီးပြင်ကျေးရွာအုပ်စု မော်ကြီးကျေးရွာနေ ဦးဖြူချေ ဆိုသူလည်း လွန်ခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ငါးဖမ်းပိုက်ဖော်နေတဲ့အချိန်မှာ အမည်မသိ လူတစုက စက်လှေ ၂ စီးနဲ့ လာရောက်ကာဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ ဒီလိုမျိုးဖြစ်စဉ် ရှိခဲ့တာကြောင့် ဦးကျော်ထွန်းဖြူရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ နောင်နောင်

A d v e r t i s e m e n t With Us

More News
Up