နေတိုး၊ တိုင်ရွန်၊ နေခြည်ဦးတို့ ခေါင်းဆောင်ပါဝင်သည့် အခမ်းနားဆုံးမေတ္တာ(ရုပ်ရှင်နမူနာ)
DVB
·
October 14, 2019

မြန်မာ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ အခမ်းနားဆုံးမေတ္တာကို လာမယ့် အောက်တို ဘာလ ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထားပါ။
ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီတဲ့ အသိုင်းအဝိုင်း၊ အလွှာတွေကြားက ဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဦးတက်လူနိုင်၊ တိုင်ရွန်၊ လိပ်ပြာစတဲ့ ဇာတ်ကောင်တွေနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ မေဘရဏီသော်တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့၊ ကန်သာယာစင်တာမှာ ပြုလုပ်ခဲ့ပါ။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။