ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာတွင် ဆီမီး ၁၀၀၀ မီးမျှော
DVB
·
October 14, 2019
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာမှာ ၂၂ ကြိမ်မြောက် ဆီမီး ၁၀၀၀ မီးမျှောပွဲ ကျင်းပခဲ့ပါတယ်။
ဆီမီး ၁၀၀၀ မီးမျှောပွဲကို သီတင်းကျွတ်လပြည့်နေ့ ညက ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာမှာ ဆည်တော်ကြီး ရေပေးမြောင်းအတွင်းမှာ ပြုလုပ်ခဲ့တာပါ။
ဒီပွဲကို ရှင်တော်ကုန်းကျေးရွာက လူကြီး လူငယ် စုပေါင်းပြီး ဗုဒ္ဓဘာသာအရ ဘုရားကို ရည်မျှော်ကာ မီးမျှောပူဇော်တာလို့ သိရပါတယ်။
မီးမမျှောခင် ရွာဦးစေတီကို လာရောက်မီးပူဇော်တဲ့ ဧည့်ပရိသတ်ကို စတုဒိသာနဲ့ ဧည့်ခံကျွေးမွေးတာတွေ၊ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်တကတွေ ပြုလုပ်ခဲ့ပါတယ်။
မင်းကွန်းဆရာတော်ကြီး ပြုလုပ်တဲ့ မီးမျှောပွဲအတိုင်း ပြုလုပ်တာလို့ ဦးဆောင်ကျင်းပခဲ့သူ ဦးအောင်ဝင်းက ပြောပါတယ်။
ရေမျှောတဲ့ မီးခွက်တွေကို ဆီစိမ်စက္ကူနဲ့ ပြုလုပ်တာဖြစ်ပြီး ကန်တော့ပွဲတင်တဲ့ ဖောင်ကို အရင်က ငှက်ပြောတုံးနဲ့ လုပ်ရာကနေ ဒီနှစ်မှာတော့ ကြာပန်းပုံဖော်ပြီး မျှောတာပါ။ အရင်က လူကြီးတွေပဲ လုပ်ရာကနေ အခုခေတ်မှာ လူငယ်တွေပါ ပါလာတယ်လို့ ရှင်တော်ကုန်းကျေးရွာ ရွာသား ကိုမင်းအောင်က ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာဟာ အိမ်ခြေ ၃၀၀ နီးပါး နဲ့ လူဦးရေ ၃၀၀၀ ကျော်ရှိပြီး မီးမျှောပူဇော်ပွဲကို နောက်နှစ်တွေမှာ ပိုမိုစည်ကားအောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နိုင်လင်းဦး