Sunday, May 28, 2023
HomeLead Storyသြစတြေးလျတွင် တောမီးကြောင့်  နေအိမ် ၇၀ ကျော် မီးလောင်၊ ၂ ဦးသေ

သြစတြေးလျတွင် တောမီးကြောင့်  နေအိမ် ၇၀ ကျော် မီးလောင်၊ ၂ ဦးသေ

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်က ကျေးလက်ဒေသမှာ တောမီးလောင်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။ 

သေဆုံးသူ နှစ်ယောက်ဟာ အသက် ၇၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ပြီး ၂ ယောက်လုံး မီးထဲမှာသေဆုံးတယ်လို့ ယူဆရကြောင်း ရဲမှူး တိုဘီလင်ဆီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ နွေဦးရာသီ တောမီးလောင်တာကြောင့် နေအိမ်အလုံး ၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။ 

သြစတြေးလျဟာ စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကိုလည်း ခံစားနေရတာပါ။ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အခုသီတင်းပတ် တပတ်တည်းမှာတင် မြေဧရိယာ ဧက ၂ သိန်း နီးပါး မီးလောင်နေပြီး နေရာ ၂၅ နေရာကို စောင့်ကြည့်နေတယ်လို့ ပြည်နယ်မီးသတ်ဌာန အရာရှိတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular