Home
Lead Story
မြန်မာ့အလှကို ဖုန်းနဲ့ပုံဖော်ရိုက်ကူးရမယ့် OPPO ရဲ့ “Amazing Myanmar Campaign” 
DVB
·
October 10, 2019
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သဘာဝအလှတရားတွေကို ကိုယ်ပိုင်ဖုန်းလေးနဲ့ ပုံဖော်ရိုက်ကူးပြီး OPPO Reno2၊ Reno2 F ရရှိနိုင်မယ့် “Amazing Myanmar Campaign” အကြောင်းပြောပြပေးချင်ပါတယ်။   OPPO ရဲ့ “Amazing Myanmar Campaign” ကနေပြီး ပထမဆုအဖြစ်ပေးအပ်မယ့် OPPO Reno2 မှာတော့  48MP Ultra Clear Main Camera၊ Ultra Wide Angle Lens တွေပါဝင်လာပြီး မတူညီတဲ့ ရှုထောင့်ကနေ အပြတ်သားဆုံး ဓာတ်ပုံတွေအဖြစ် ပြောင်းလဲကာ အကောင်းဆုံးပုံဖော်နိုင်မှာပါ။  ဒါ့အပြင် OPPO Reno2 မှာပါဝင်လာတဲ့ Quad Camera က သဘာဝတရားက ဖြစ်တည်လာတဲ့ အလှရှုခင်းတွေကို အကောင်းဆုံးပုံတွေအဖြစ်ပြောင်းလဲပေးနိုင်သလို အလင်းရောင်နည်းနည်းရတဲ့ နေရာမှာတောင် အကောင်းဆုံးရိုက်ကူးနိုင်တဲ့ Ultra Dark Mode အသုံးပြုပြီး ညအလင်းရောင်အောက်မှာ လှုပ်ရှားသွားလာနေကြတဲ့ ကားမီးရောင်တွေနဲ့ ညအလှတွေကိုအကောင်းဆုံး ပုံဖော် ရိုက်ကူးနိုင်မှာပါ။ ရေမြေတောတောင်သဘာဝအလှတရားတွေကို OPPO Reno2 မှာပါတဲ့ Ultra Wide Angle Lens နဲ့ရိုက်ကူးပုံဖော်ပေးနိုင်ခဲ့သလို ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ အရာဝတ္ထု ရှုခင်းတွေကို 5x Hybrid Zoom၊ 20x Digital Zoom တွေပါဝင်လာတဲ့ OPPO Reno2 ရဲ့ 13MP Telephoto Lens နဲ့ရိုက်ကူပြီး အကောင်းဆုံး ပုံဖော်နိုင်မှာလည်းဖြစ်ပါတယ်။ OPPO Reno2 မှာပါဝင်တဲ့  48MP Ultra Clear Main Camera၊ Ultra Wide Angle Lens၊  5 Hybrid Zoom (20x Digital Zoom)၊ Ultra Dark Mode တွေပါဝင်လာတာကြောင့် ခရီးတွေသွားတာပဲဖြစ်ဖြစ်၊ မြို့ပြရဲ့အလှတရားတွေကို ဖုန်းလေးတစ်လုံးအသုံးပြုပြီး အမိုက်စားဓာတ်ပုံတွေကိုရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။ OPPO Myanmar Facebook Page ကနေပြီး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သဘာဝအလှတရားတွေကို ကိုယ်ပိုင်ဖုန်းလေးနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ ပါဝင်နိုင်မယ့် “Amazing Myanmar Campaign” ဆိုတဲ့ အစီအစဉ်လေးမှာပါဝင်နိုင်ပါပြီ။   အခု Campaign မှာ ပါဝင်သူတွေအနေနဲ့ မကြာခင်မှာ မိတ်ဆက်ပေးတော့မယ့် OPPO Reno2 နဲ့ Reno2 F စမတ်ဖုန်းတွေကိုလည်း ရယူပိုင်ဆိုင်နိုင်ဦးမှာ။ ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ကေတာ့ ပါဝင်ယှဉ်ပြိုင်မည့်ပုံနဲ့အတူ #AmazingMyanmar #TravelwithReno2 #Reno2Series ဆိုတဲ့ Hashtage 3 ခုနဲ့ မိမိ timeline တွင် Public ပိုစ့်တင်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Screenshot နဲ့အတူ OPPO ရဲ့ Facebook Page အောက်မှာ Comment ပေးရမယ်လို့ OPPO Myanmar ကဆိုထားပါတယ်။   OPPO ကနေပြီး အနီးပတ်ဝန်းကျင်က ရှုခင်းတွေ၊ အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေကို ဓာတ်ပုံကောင်းကောင်း ဖန်တီးပုံဖော် ယှဉ်ပြိုင်ရမယ့် Amazing Myanmar Campaign ပြိုင်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ ပေးပို့လာတဲ့ပုံတွေထဲကမှ ဆန်ကာတင် ၁၅ ဦးရွေးချယ်မှာဖြစ်ပြီး ပထမဆု အနေနဲ့ OPPO Reno2 (တစ်လုံး)၊ ဒုတိယဆုအနေနဲ့ OPPO Reno2 F (တစ်လုံး)၊ တတိယဆုအနေနဲ့ကတော့ Special OPPO Gift Box (တစ်ခု)ပေးသွားမှာ ဖြစ်ပါတယ်။   OPPO Amazing Myanmar က ပထမဆုအဖြစ်ချီးမြှင့်မယ့် OPPO Reno2 မှာ ဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်လာပါသလဲ။ ဒီဇိုင်းပိုင်းကို ဘယ်လိုလုပ်ဆောင်ပေးထားပါသလဲ။ အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး အနည်းငယ်ပြောပြပေးချင်ပါတယ်။ OPPO Reno2 မှာ မျက်နှာပြင် ၆.၅၅ လက်မ FHD+ AMOLED ရုပ်ထွက်၊ 20:9 Aspect Ratio သုံးပေးထားမှာဖြစ်ပြီး Screen-to-Body Ratio က ၉၃.၁ ရာခိုင်နှုန်း ရှိလာပါမယ်။ မျက်နှာပြင်ပိုင်းကို Gorilla Glass 6 မှန်အသုံးပြုပေးထားသလို ဖုန်းရဲ့ကျောဘက်ကင်မရာမှာ Gorilla Glass 5 မှန်တို့နှင့် အကာအကွယ်ပေးထားပါတယ်။ OPPO Reno2 မှာ နောက်ကျောဘက်မှာ Sony IMX586 sensor သုံး 48MP ကင်မရာ ၊ 8MP ultra-wide ကင်မရာ ၊ 13MP tele lens နဲ့2MP mono lens ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ငါးမန်းတောင်ပံပုံသဏ္ဍန် Pop-Up Selfie Camera ပါဝင်လာတဲ့အတွက်Notch ပါမှာ မဟုတ်တော့ပါဘူး။ Oppo Reno2 မှာ 48MP Sony IMX586 ½.0” sensor နဲ့ f/1.7 aperture တို့ပါဝင်ပြီး Ultra Steady Video နဲ့အတူ OIS လည်းပါဝင်လာပါတယ်။ ဒါ့အပြင် ၁၁၆ ဒီဂရီ lens နဲ့အတူ 8MP ultra wide-angle တို့ ပါဝင်လာပါတယ်။ အခု ထုတ်ကုန်မှာပါဝင်တဲ့ telephoto ကင်မရာက အသစ်ဖြစ်ပြီး 13MP ကင်မရာ (.4”, f/2.4) နဲ့ 5x hybrid zoom တို့ပါဝင်လာပါတယ်။  OPPO Reno2 Series ကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံမှာ တရားဝင်စတင်မိတ်ဆက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ Amazing Myanmar Campaign နဲ့ ပတ်သက်ပြီး အောက်ပါ OPPO ရဲ့  ဖေ့စ်ဘွတ်ခ် လင့်ခ်မှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/287391841418711/posts/1398379313653286/
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024