Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
October 10, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။          မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်စတား နာမည်ကြီးသရုပ်ဆောင်မင်းသား Will Smith ခေါင်းဆောင်ပါဝင်ထားတဲ့ Gemini Man !        Sci-Fi Action Thriller Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင် ကားကိုတော့ Paramount Pictures က ဖြန့်ချီမှာ ဖြစ်ပြီး Crouching Tiger, Hidden Dragon ၊ Brokeback Mountain ၊ Life of Pi စတဲ့ ရုပ်ရှင်ကားတွေရဲ့ ပဲ့ကိုင်ရှင် ထိုင် ဝမ်ရုပ်ရှင်ဒါရိုက်တာ Ang Lee က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ Will Smith ကို ပရိသတ်တွေက ကြေးစားနာမည်ကြီးလုပ်ကြံ သတ်ဖြတ်ရေးသမား Henry Brogan အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အတွေး တွေ၊ အကြံအစည်တွေ၊ တိုက်ခိုက်မှုတွေဟာ ဘယ်သူနဲ့မှ မတူအောင်၊ လိုက်မမီအောင်ကို ထူးခြားတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ တနေ့မှာတော့ သူငယ်ငယ်က ပုံနဲ့ ရုပ်ချင်းခွဲ မရအောင်တူတဲ့ ငယ်လည်းငယ်၊ မြန်လည်း မြန်ဆန်တဲ့၊ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကြိုသိ နေတဲ့ ကိုယ်ပွား Clone တယောက်ပေါ်လာခဲ့ပြီး သူ့ကို လိုက်သတ်ဖို့ လုပ်လာတဲ့အ ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒီပုံတူကိုယ်ပွားကရော ဘယ်လို ပေါ်လာခဲ့တာ လဲ၊ ဒီနောက်ကွယ်မှာ ကြိုးကိုင်ထားသူကရော ဘယ်သူဖြစ်မလဲဆိုတာတွေကိုတော့ ဒီ ကားထဲမှာ ရှုစားကြရမှာပါ။        ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား Will Smith နဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Mary Elizabeth Winstead ၊ Clive Owen နဲ့ Benedict Wong စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။        ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က နာမည် ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Zurich Film Festival မှာ ကနဦးပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။        ဒီကားရဲ့ အဓိက ဇာတ်ဆောင်မင်းသား ဝီလ်စမစ်သ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ရုံတင်ပြသခဲ့တဲ့ Aladdin ဇာတ်မြူးရုပ်ရှင်ကားထဲမှာ မီးခွက်စောင့်ဘီလူး Gennie အဖြစ် အစွမ်းပြခဲ့တာမို့ ခုအသစ်ထွက်လာတဲ့ Gemini Man ထဲမှာရော ဘယ်လိုကွဲပြားတဲ့ ပုံစံ နဲ့ ရှုစားကြရမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ တိုက် ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါ တယ်။        ကြာမြင့်ချိန် ၁၁၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟော လဝင်းရာသီအမီ ထွက်ရှိလာတဲ့ 3D Computer-Animated ရုပ်ရှင်-The Addams Family ! Comedy Family အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ၂ ဦးဖြစ်ကြတဲ့ Conrad Vernon နဲ့ Greg Tiernan တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ နာမည်ကျော် အမေရိကန်ကာတွန်းဆရာ Charles Addams ရဲ့ Addams Family ကာတွန်းအပေါ်အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Monster Family Member တွေ ဖြစ်ကြတဲ့ Gomez ၊ Morticia ၊ Wednesday ၊ Pugsley နဲ့ Uncle Fester စတဲ့ ဇာတ်ကောင်တွေရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှု တွေနဲ့ ဘယ်လိုစိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင် မှာပဲ ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ Oscar Isaac ၊ Charlize Theron ၊ Chloë Grace Moretz ၊ Finn Wolfhard ၊ Nick Kroll နဲ့ ရက်ပ်ပါအဆိုတော် Snoop Dogg တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ၁၉၉၁ ခုနှစ်ကတည်းက ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့ဖူးပြီး ရုံတင်ဝင် ငွေ အမေရိကန်ဒေါ်လာသန်း ၁၉၀ ကျော် ရရှိခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့တာမို့ ခုအသစ်ပြန် လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကရော ဝင်ငွေစံချိန်တင်နိုင်ပါ့မလားဆိုတာကလည်း စိတ် ဝင်စားစရာ ကောင်းပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ် မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၈၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် Box Office ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။        မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မိသားစု ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ကမ္ဘာနှစ်ထပ် !        ဒီကားကိုတော့ Golden Hour Entertainment နဲ့ Arkar Production တို့က ပူး ပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒုဋ္ဌဝတီကိုလွန်၍ရုပ်ရှင်နဲ့ ပွဲဉီးထွက်ခဲ့တဲ့ လူငယ် ဒါရိုက် တာ အာကာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        မိသားစုဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား ထဲမှာတော့ ပျော်ရွှင်တဲ့ မိသားစုဘ၀ တည်ဆောက်ဖို့ သားသမီးရော မိဘတွေပါ အတူတူ ကြိုး စားကြဖို့ အရေးကြီးတဲ့ အကြောင်းကို မီးမောင်းထိုးပြထားခဲ့တာကို ရှုစားကြရမှာပါ။ ပြိုကွဲနေတဲ့ မိသားစုတစုမှာ ဖခင်ဖြစ်သူနဲ့ ဖခင်ကို အမြင်မကြည်တဲ့ သမီးငယ်၊ မိခင်ဖြစ် သူတို့ဟာ သီးခြားခွဲနေထိုင်ကြပါတယ်။ တနေ့မှာတော့ နှစ်တိုင်းသွားနေကျ အဖွားဖြစ်သူ ရဲ့ မွေးနေ့ကိုသွားဖို့ မိခင်က မအားတဲ့အတွက် အဖေဖြစ်သူကို အကူအညီတောင်းချိန်မှာ သွားရတဲ့ ခရီးစဉ်တလျှောက် ဘယ်လိုတွေ ကြုံတွေ့ကြရမလဲ၊ ဘာတွေဆက်ဖြစ်လာမလဲ၊ မိသားစုတခုမှာ လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုအရာတွေက တားဆီးကာကွယ် နေသလဲဆိုတာတွေကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားနိုင်းနိုင်း၊ မေကဗျာ၊ မေမြင့်မိုရ်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အထူးပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ရန် ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီဖြစ်ပါ တယ်။        ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပုံစံတမျိုးနဲ့ ထူးထူးခြား ခြား ရိုက်ကူးတင်ဆက်လိုက်တဲ့ ဟောလိဝုဒ်ဇာတ်မြူးရုပ်ရှင်- Jexi !        ဒီကားကိုတော့ Lionsgate ၊ CBS Films ၊ Entertainment One ရုပ်ရှင်ထုတ် လုပ်ရေးတွေက တင်ဆက်လိုက်တာဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ ၂ ယောက်ဖြစ် ကြတဲ့ Jon Lucas နဲ့ Scott Moore တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        Phil ဟာ အထီးကျန်နေတဲ့ လူငယ်တယောက်ဖြစ်ပြီး သူ့မှာ မိတ်ဆွေသူငယ်ချင်း လည်းမရှိပဲ အလုပ်နဲ့ ဖုန်းတလုံးနဲ့သာ အချိန်ကုန်နေတာပါ။ တရက်မှာတော့ သူ့ရဲ့ ဖုန်းကို Update လုပ်ရာကစ နောက်ဆုံးပေါ် AI နည်းပညာနဲ့ Jexi အမည်ရတဲ့ Virtual Assistant ကောင်မလေး ရလာချိန်မှာတော့ ချက်ချင်းဆိုသလို နေထိုင်မှုပုံစံဟာ ပြောင်း သွားခဲ့ပါတော့တယ်။ အဲဒီနောက် ဘယ်လို ကမောက်ကမ အခြေအနေတွေ၊ အလွဲအချော် တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Adam DeVine နဲ့အတူ တ ခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Alexandra Shipp၊ Michael Peña တို့က ပါဝင်ထားကြပြီး Jexi နေရာမှာတော့ သရုပ်ဆောင်မင်းသမီး Rose Byrne က အ သံနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။        ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့် ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။        Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့ပြီဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီးသရုပ်ဆောင်မင်းသမီး ၂ လက်ဖြစ်တဲ့ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ အပြိုင်ကြဲ သရုပ် ဆောင်ထားကြတဲ့ ပပဝတီစီရင်ခန်း ဇာတ်ကားပါ။        မီးမီးရွှေခြူးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီကားကိုတော့ ဇာတ် လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဝိုင်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။        အပြိုင်မင်းသမီးဇာတ်ရုပ်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော် ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အလှတရား၊ မာန်မာန၊ ဂုဏ်သိက္ခာ၊ အာဃာတနဲ့ အ ချစ်၊ အမုန်းအားပြိုင်လွန်ဆွဲမှုတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။        ဖွေးဖွေးဟာ လက်ပံ၊ ကျမက နှင်းဆီပါမောင်၊ ရွှေကြာစတဲ့ နာမည်ကြီး ရုပ်ရှင် ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရရှိထားသူဖြစ်ပြီး မိုးဟေကိုကလည်း တ ကျော့ပြန်ဝင်ရောက်လာတဲ့ ဝါရင့်သရုပ်ဆောင်တဦးဖြစ်တာမို့ သူတို့ ၂ ယောက်ကို ချစ် ကြတဲ့ ပရိသတ်တွေကြားမှာတော့ စိတ်ဝင်စားမှုတွေ မြင့်တက်နေတာပါ။        ဒီကားထဲမှာ မိုးဟေကို၊ ဖွေးဖွေးတို့နဲ့အတူ သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ ထွန်းထွန်း၊ အလင်းရောင်တို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။        တေးရေး ဝေကြီး ရေးစပ်ပြီး တေးသံရှင် ဂျူဝယ်လ်သီဆိုထားတဲ့ လူတိုင်းက လှ ပြီးသားပါ အမည်ရတဲ့ ဇာတ်ဝင်တေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါ တယ်။        လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        ဒီကားကိုတော့ လာမယ့်အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024