A d v e r t i s e m e n t With Us

တေးသံရှင် ဖြိုးပြည့်စုံနှင့် တေးရေး ၂ ဦးတို့ကို ဖမ်းဆီးအမှုဖွင့်၊ မူးယစ်ဆေး မဟုတ်ဟု ဖြိုးပြည့်စုံ ငြင်းဆို 

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနဲ့  တေးရေးရော်နီစန်းလွင်တို့ ၃ ယောက်ကို မူးယစ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာမှာ ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးသိန်းဝင်းက ပြောပါတယ်။ မူးယစ်ရဲတပ်ဖွဲ့က သတင်းအရ မြန်မာပလာဇာရှိ ကော်ဖီဆိုင် တဆိုင်မှာ  ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးပြား ၁၀ ပြား၊ အလေးချိန် ၁ ဒသမ ၄၇ ဂရမ် သိမ်းဆည်းရမိလို့ မူးယစ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ ဆေးဝါးနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးဖြစ်၊ မဖြစ် အခြေအနေကို ဓာတု‌ဗေဒဝန်ရုံး CE ရုံးကို မေးမြန်းမှာဖြစ်ပြီး CE ရုံးရဲ့ ပြန်ကြားစာမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတယ်လို့ သတ်မှတ်ရင် ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗဟန်းမြို့မ ရဲစခန်းက မူးယစ်(ပ) ၄၄/ ၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ- ၁၉(က)/ ၂၁ တို့နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်မှာ ဗဟန်းမြို့နယ်တရားရုံးမှာ ချုပ်ရက် ရမန်ယူပြီးအမှု ဆက်လက်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံကိုယ်တိုင်ကတော့ အဆိုပါ ဆေးဝါးတွေဟာ ထိုင်းကနေ ဝယ်လာတဲ့ ဆေးပြားတွေဖြစ်ကြောင်း  ထွက်ဆိုပြီး မူးယစ်ဆေး မဟုတ်ဘူးလို့လည်း ငြင်းဆိုထားပါတယ်။ သူတို့ကို အရပ်ဝတ်နဲ့ ရဲတွေက ကော်ဖီဆိုင်ကနေ ဖမ်းဆီးသွားတဲ့ ရုပ်သံဖိုင်တခုလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up