DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့ကို မိသားစုက တွေ့ခွင့်မရသဖြင့် စိုးရိမ်
DVB
·
October 7, 2019
ဖမ်းဆီးခံ ဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့ကို မိသားစုက တွေ့ခွင့်မရသဖြင့် စိုးရိမ်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အိုးထိန်းကျေးရွာက ဆရာတော်တပါးအပါအဝင် အုပ်ချုပ်ရေးမှူးတဦးနဲ့ ကားဒရိုင်ဘာတို့ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ပြီး ဒီကနေ့ အချိန်အထိ မိသားစုဝင်က တွေ့ဆုံခွင့်မရလို့ စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ၂၀ ရက်က သူတို့ သုံးယောက်ဟာ ကျောက်ကျက်ကျေးရွာက ဆရာတော်ကို ဆွမ်းစားသွားပင့်စဉ် နေလင်းမြွေတောင်အနီးမှာ တပ်မတော်စစ်ကြောင်းက  ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆွေမျိုးတော်စပ်သူ အိုးထိန်းကျေးရွာသား ဦးသန်းဝင်းက “အုပ်ချုပ်ရေးမှူးတွေရယ်၊ ဆရာတွေရယ်၊ ပြီးတော့ ကားဒရိုင်ဘာတွေကို ဖမ်းဆီးသွားတာ။ ၂၂-တပ်မက ဖမ်းဆီးသွားတာပါ။ သူတို့က လမ်းမြွေဘုရာနားမှာ စစ်ကြောင်းထိုးနေတာ။ သူတို့ သုံးယောက်က ဥပုသ်ဆွမ်းကျွေးမယ်ဆိုပြီးတော့ အဖိတ်နေ့မှာ ကျောက်ကျက်ဆရာတော်ကြီးကို သွားပင့်တာ။ အဲ့ဒီအချိန်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာ။”

ဖမ်းဆီးခံရပြီး နောက်တနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ရွာဟောင်းတော်ဆရာတော်ကြီး အပါအဝင် မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက လမ်းမြွေတောင်က တပ်မတော်စစ်ကြောင်းကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ဆုံခွင်မရခဲ့ဘဲ ပြန်လှည့်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

အိုးထိန်းကျောင်းထိုင်ဆရာတော်ရဲ့ ညီမဖြစ်သူ ဒေါ်ဆန်းနွယ်က “ကျမတို့ ဆရာတော်နဲ့ တခေါက် တွေ့ခွင့်ပေးပါလို့ ပြောတယ်။ ဒါပေမဲ့ သူတို့တွေက တွေ့ခွင့် လုံးဝတွေ့ခွင့်မပေးဘူး။ ၂ ရက်လောက် ကြာတော့ အဲဒီနေရာမှာ လုံးဝမရှိတော့ဘူးလို့ သတင်းရတယ်။ ဘယ်ရောက်သွားပြီလဲ၊ သေပြီးလားဆိုတာ မိသားစုတွေက အဆက်အသွယ်မရကြဘူး။ ရွာသားတွေနဲ့ အဆက်သွယ် မရကြပါဘူး။ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်။ သူ့အမေသာ သိမယ်ဆိုရင် ဘယ်လောက်ထိ ခံစားနေရမှန်း မသိဘူး။ သူ့အမေက နှလုံးရောဂါသည်တွေပါ။ သူတို့သုံးယောက်ကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားလဲ၊ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို မသိရသေးဘဲ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိကြလို့ စိုးရိမ်နေကြတာပါ” လို့ ပြောပါတယ်။

အိုးထိန်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ ဒေါ်ဦးဝေနုက “ကျမတို့အဖေကို ဘယ်နေရာမှာ ချုပ်နှောင်ထားလဲ၊ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို မိသားစုတွေနဲ့ ပေးတွေ့စေချင်တယ်။ အခု အမေတယောက်ဆိုရင် အိပ်ရာကနေ မထနိုင်တော့ဘူး။ ကျမတို့တတွေ ပူပင်သောက ဝဋ်ဒုက္ခတွေ ခံစားနေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၂၈ ရက်က သတင်းစာရှင်းလင်းပွဲမှာမြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ဖမ်းဆီးထားတဲ့ ဆရာတော် သုံးပါးမှာ အေအေ အဖွဲ့တဦးပါဝင်ပြီး ဖမ်းဆီးထားတာ ဟုတ်မှန်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခွင့်ရရှိရေးကို မြို့နယ်သံဃနာယကအဖွဲ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးဆီကို စက်တင်ဘာ ၂၅ ရက်နေ့က အသနားခံစာ တင်ပြီးနောက် ဖမ်းဆီးထားတဲ့သူတွေ စစ်တွေမှာ ကျန်းကျန်းမာမာ ရှိကြောင်း၊ အလွန်လည်း မစိုးရိမ်ဖို့ ပြန်လည် အကြောင်းပြန်ခဲ့တယ်လို့ မြောက်ဦးမြို့ ဦးခေါင်း ဆရာတော်က ဒီဗွီဘီကိုမိန့်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013