မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးဇလပညာရှင် တိုက်တွန်း
DVB
·
October 7, 2019
အခုအချိန်ဟာ မိုးရာသီကနေ ဆောင်းရာသီ ကူးပြောင်းနေတဲ့အချိန် ဖြစ်တဲ့အတွက် လေထု မငြိမ်သက်မှုဖြစ်ပြီး မိုးတိမ်တောင်အန္တရာယ် သတိပြုသင့်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးတိမ်တောင်တွေကြောင့် မိုးခြိမ်းတာ၊ လျှပ်စီးလက်တာ၊ မိုးသက်လေပြင်းတိုက်တာ၊ နေရာကွက် မိုးကြီးတတ်တာ၊ မိုးကြိုးပစ်တတ်တာ၊ မိုးသီးကြွေကျတတ်တာနဲ့ လေဆင်နှာမောင်းတိုက်တတ်တွေ ဖြစ်ပေါ်လေ့ရှိတာပါ။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာ့ပင်လယ်ပြင်ပေါ်မှာ မိုးတိမ်တောင်တွေ အဖြစ်များနေလို့ လယ်ယာကွင်းပြင်နဲ့ မြန်မာ့ရေပြင်မှာ အလုပ်လုပ်ကိုင် သွားလာနေသူတွေအနေနဲ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်အန္တရာယ်ကို သတိပြုရမယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။
Photo : U Tun Lwin Facebook