ဟောင်ကောင်အရေးပေါ်ဥပဒေ ကြေညာပြီးနောက် ဆန္ဒပြသူများ ရထားဘူတာရုံများကို ဖျက်ဆီး

1.8K
ဗြိတိသျှ ကိုလိုနီလက်ထက်က ကျင့်သုံးခဲ့တဲ့ အရေးပေါ်အခြေအနေ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီလို့ ဟောင်ကောင်အစိုးရ ကြေညာပြီးနောက်မှာ အောက်တိုဘာ ၄ ရက်က ဆန္ဒပြသူတွေဟာ မြေအောက်ရထားဘူတာရုံ လက်မှတ်ဖြတ်စက်တွေကို ဖျက်ဆီးခဲ့ပါတယ်။
ဟောင်ကောင် ဆန္ဒပြသူတွေဟာ ရှားတင် မြေအောက်ရထားဘူတာရုံက လက်မှတ်ဖြတ်စက်တွေနဲ့ ရေဖြန်းစက်တွေကို ဖျက်ဆီးခဲ့သလို လုံခြုံရေးကင်မရာတွေကို စပရေးတွေနဲ့ ဖြန်းခဲ့ပါတယ်။
ဟောင်ကောင်ဒေသမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရေးပေါ် အခြေအနေ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က အောက်တိုဘာ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။
အရေးပေါ်အခြေအနေ ဥပဒေအရ ၄ လကြာ ဆန္ဒပြပွဲအတွင်း ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်တဲ့ မျက်နှာဖုံးတပ်ခွင့်တားမြစ်မိန့်ကို အုပ်ချုပ်ရေးမှူးချုပ် လမ်ဟာ ပြဋ္ဌာန်းလိုက်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။