ဂရစ်ဇ်မန်းအား အလိုက်ပေးပြီး နေမာကို ပြန်ခေါ်သင့်ဟုဆို

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ နေမာကို ပြန်လည်ခေါ်ယူမှုအတွက် လက်ရှိတိုက်စစ်မှုးအန်တိုနီ ဂရစ်ဇ်မန်းကို အလဲအထပ်အနေနဲ့ အသုံးပြုသင့်တယ်လို့ ပြင်သစ်နာမည်ကြီး အားကစားမီဒီယာတခု ဖြစ်တဲ့ Le10sport က ရေးသား ဖော်ပြလိုက်ပါတယ်။ လက်ရှိအသင်းမှာ ‌ခြေစွမ်းပြနိုင်ခြင်းမရှိသေးတဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းအတွက် နှစ်ပွဲကစားထားပြီး ၃ ဂိုး သွင်းယူကာ နှစ်ကြိမ် ကိုယ်ဖန်တီးထားပေမယ့် တိုက်စစ်မှူး မက်ဆီနဲ့ အချိတ်အဆက်မိမိ ကစားနိုင်သေးခြင်း မရှိသေးတာကြောင့် စောင့်ကြည့်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြချက်တွေအရ မက်ဆီဟာ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ အကောင်းဆုံး နားလည်မှု တည်ဆောက်ထားနိုင်ပြီး တိုက်စစ်မှူးဟောင်း နေမာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိထားတာကြောင့် နေမာ ကတ်တလန်မြေကိုပြန်လာဖို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အခုနှစ် ဘောလုံးရာသီအစမှာ အသလက်တီကို မက်ဒရစ်အသင်းကနေ ပေါင် ၁၀၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပုံမှန်ခြေစွမ်းသာ ပြသထားနိုင်တာကြောင့် အသင်းပိုင်ရှင်နဲ့ ပရိသတ်တွေက အားမရဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီနဲ့ ဆက်ဆံရေး အေးစက်နေသေးတာကလည်း ဂရစ်ဇ်မန်းအတွက် ဘာစီလိုနာအသင်းမှာ အနာဂတ် မသေချာတဲ့ အ‌ခြေအနေ ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up