Home
ဆောင်းပါး
တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပါ
DVB
·
October 3, 2019
ပြီးခဲ့တဲ့ နှစ်တွေအထိ ထောင်ထဲ အကြိမ်ကြိမ်ရောက်ခဲ့တဲ့ နော်အုံးလှအတွက် ထောင်ဆိုတာ အထူးအဆန်းကိစ္စမဟုတ်တော့ပေမယ့် ဒီမိုကရေစီခေတ်မှာ တက်ကြွလှုပ်ရှားသူတွေ ထောင်ထဲ ဝင်နေရတဲ့ ကိစ္စကတော့ မေးခွန်းထုတ်စရာတော့ ဖြစ်နေပါတယ်။  ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်တရားရုံး နော်အုန်းလှရဲ့ ရုံးချိန်းကို ရောက်သွားတဲ့အခါမှာ  လွန်ခဲ့တဲ့ လေးနှစ်၊ ၂၀၁၅ သြဂုတ်လက နော်အုံးလှရဲ့ ရုံးချိန်း တခုကို ပြန်ပြီး သတိရသွားပါတယ်။ အဲ့ဒီအချိန်က မြန်မာပြည်မှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့ အချိန်၊ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရရဲ့  အပြောင်းအလဲတွေ အရှိန်ကုန်သွားတဲ့ အချိန်ဖြစ်ပါတယ်။  ရွေးကောက်ပွဲ နီးကပ်နေချိန်မှာ အတိုက်အခံနိုင်ငံရေးသမားတွေအကြား အကွဲအပြဲ ဇာတ်လမ်းတွေ ထွက်ပေါ်နေတာကြောင့်လည်း သာမန်ပြည်သူတွေကြား စိတ်ရှုပ်ထွေးနေချိန်၊ နော်အုံးလှနဲ့ ကိုနေမျိုးဇင်တို့ဟာ လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်ဖို့ ရန်ကုန်မြို့မှာ ရှိတဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခံထားရပါတယ်။ နော်အုံးလှကို ရုံးထုတ်လာတဲ့အချိန်မှာ သူမရဲ့ ရဲဘော်ရဲဘက် အနည်းအကျဉ်းက သူမရဲ့ အသက် ၅၃ နှစ်ပြည့် မွေးနေ့ကို အကျဉ်းရုံးကျင်းပပေးခဲ့ပါတယ်။  တရားရုံး အပြင်ဘက်မှတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ ေ၀ဝါး နေချိန်  ဖြစ်ပါတယ်။ တရုတ်ရဲ့ နောက်ထပ် စီမံကိန်းတခု ဖြစ်တဲ့ မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ခဲ့တဲ့ အတွက်လူကြိုက်များခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပေါ် ပြည်သူလူထုက မျှော်လင့်ချက်တွေ ပုံအောထားခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာတဲ့ အခါမှာ စိတ်ပျက်နေခဲ့ကြပါတယ်။  စစ်အစိုးရဆီက အာဏာလွှဲယူခဲ့တဲ့ ဦးသိန်းစိန် အစိုးရဟာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ သံဃာနဲ့ အရပ်သားတွေကို လုံခြုံရေး တပ်ဖွဲ့တွေ မိုးမလင်းခင် လူစုခွဲခဲ့တဲ့အချိန်၊ လက်ပံတန်းမှာ ဒီမိုကရေစီ ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က လူစုခွဲတဲ့ အခါမှာလည်း လက်လွန်ခြေလွန်တွေ ဖြစ်ခဲ့ပါတယ်။  တိုင်းပြည်မှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ စိုးရိမ်စရာဖြစ်နေချိန်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးမရတဲ့အခြေအနေ အရပ်သားပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ကန့်သတ်ခဲ့ရတဲ့ အချိန်၊ နေ့စဉ် လူနေမှု စရိတ်တွေ တိုးမြှင့်နေတဲ့အချိန်၊ သဘာဝဘေးကြောင့် ဒုက္ခများနေတဲ့ အခြေအနေမျိုးမှာ သတင်းဆိုးတွေကြား ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ လျှော့ပါးစ ပြုနေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တခဲနက် အနိုင်ရခဲ့ပါတယ်။  အခုတခေါက်မှာ မြင်ရတဲ့ နော်အုံးလှရဲ့ ရုံးချိန်းကတော့ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ မတူပါဘူး။ နော်အုံးလှနဲ့ တက်ကြွလှုပ်ရှားသူ သုံးဦးဟာ ဩဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ  ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တဲ့အတွက် ရန်ကုန်တိုင်း အစိုးရက ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ တရားရုံးပတ်ပတ်လည် ပလက်ဖောင်း သစ်ပင်ရိပ်အောက်မှာ ကရင်အမျိုးသားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့အမျိုးသား၊ အမျိုးသမီးတွေ၊ လူငယ်တွေ စုထိုင်နေကြပါတယ်။ တချို့ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်ရဲ့ ဇာတိ ပန်းတနော် နယ်ကနေ ကားနဲ့ လာကြသူတွေ ဖြစ်ပါတယ်။  ကရင်အမျိုးသမီး တက်ကြွလှုပ်ရှားသူ နော်အုံးလှဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝမှာ အပတ်စဉ် အင်္ဂါထောင့် ဆုတောင်းပွဲတွေကို ဦးဆောင်ခဲ့သူ အဖြစ် လူသိများသူ ဖြစ်ပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပင်မ နိုင်ငံရေး လမ်းကြောင်းအတိုင်း မလိုက်တဲ့ ကရင်အမျိုးသမီးဟာ အပယ်ခံလို ဖြစ်လာခဲ့ပါတယ်။   ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်နဲ့ မတူတာက အခုတခေါက်မှာတော့ နော်အုံးလှရဲ့ ရုံးချိန်းကို ကရင်အမျိုးသားတွေ အမြောက်အမြားလာရောက်ဝိုင်းရံဖို့ ရောက်နေကြတာ ဖြစ်ပါတယ်။ ဒီထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်လည်း ပါဝင်ပါတယ်။   ဒီကိစ္စက ကရင်အမျိုးသားထု တရပ်လုံးရဲ့ “ဂုဏ်သိက္ခာ၊ မာန်မာန” နဲ့ ဆိုင်တဲ့ ကိစ္စလို့ မန်းငြိမ်းမောင်က ကရင်အလံတွေ ကိုင်ထားတဲ့ တရားရုံးရှေ့က ပြည်သူလူထုကို ပြောပါတယ်။  “နော်အုံးလှနဲ့ ကရင့်လူငယ်များကို အမိန့်ချမှတ်မယ်ဆိုရင် ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ ရင်ထဲမှာ အင်မတန်မကောင်းတဲ့ အဆိပ် ဆူးငြှောင့်တခု ဝင်စူးခံရတယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ သဘောထားပါတယ်” လို့ မန်းငြိမ်းမောင်က ဆိုပါတယ်။  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) မှာလည်း တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ၊ ဓလေ့ ထုံးစံ၊ သမိုင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခွင့် ဆိုတာ အတိအလင်း ပြဋ္ဌာန်းထားတယ်လို့ မန်းငြိမ်းမောင်က ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဟာ NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်နီးပါက တရားဝင် အစည်းအဝေးတွေကို မတက်တော့ဖို့ ကေအန်ယူက ဆုံးဖြတ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။  နော်အုံးလှရဲ့ ရုံးချိန်မှာ လာရောက် ဝန်းရံသူတွေထဲမှာ ဒီမိုကရေစီကျောင်းသားသပိတ် ခေါင်းဆောင် တချို့နဲ့ တက်ကြွလှုပ်ရှားသူ တချို့ကိုလည်း တွေ့ရပါတယ်။ တရားရုံးထွက်လာတဲ့  နော်အုံးလှကတော့ ၂၀၁၅ ခုနှစ် သြဂုတ်လတုန်းက မြင်ခဲ့ရတဲ့ အတိုင်းပဲ။ ပန်းကုံးတွေကြားက ပြုံးနေရင်း သူ့ကို လက်ထိပ်ခတ်ခေါ်ဖို့ ပြောတာကို လက်မခံခဲ့တဲ့အကြောင်း ပြန်ပြောပြနေပါတယ်။   “ ဘာမှ မပူနဲ့ အခုက အရင်လို မဟုတ်တော့ဘူး။ ထောင်ထဲမှာ အေးဆေးပဲ” လို့တောင် သူ့ကို လာအားပေးသူတွေကို ပြောလိုက်ပါသေးတယ်။  တကယ်လည်း ထောင်ထဲကို ဝင်ရမယ်ဆိုရင်တောင် နော်အုံးလှ တယောက်တည်း မဟုတ်ပါဘူး။ နော်အုံးလှရဲ့ ရဲဘော် ရဲဘက် တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပတ်ကလည်း ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့ရပါသေးတယ်။ ဧပြီလ ၁ ရက်နေ့က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့က ဟောပြောပွဲတခုမှာ တပ်မတော် ခေါင်းဆောင်တွေရဲ့ ကိုယ်ကျင့်တရားကို ဝေဖန် ပြောဆိုတဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။  အလားတူ နာမည်ကြီးတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကိုလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှာ တပ်မတော်ကို အကြည်ညိုပျက်အောင်  ရေးသားတယ်ဆိုတဲ့ စွဲချက်နဲ့ သြဂုတ်လကုန်ပိုင်းက ထောင်ဒဏ် တနှစ်ချမှတ်ခဲ့ပါသေးတယ်။  ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ စောင့်ကြည့်နေတဲ့ “အသံ” အဖွဲ့က မကြာခင်က ထုတ်ပြန်ထားတဲ့ နောက်ဆုံး အစီရင်ခံစာမှာ အခုနှစ် ပထမ ၆ လအတွင်း လူမှုကွန်ရက်မှာ ဒစ်ဂျစ်တယ် ပလက်ဖောင်းမှာ ကိုယ်ပိုင် အမြင် ဝေဖန် ရေးသားတဲ့အတွက် အရပ်သားပြည်သူ စုစုပေါင်း ၂၅၀ တရားစွဲဆိုခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။  ဒီထဲမှာ နော်အုံးလှလိုမျိုး ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆို ခံရမှု ၇ မှု ရှိပြီး၊ လူပေါင်း ၄၃ ယောက် တရားစွဲခံရှိတယ်လို့ ဖော်ပြထားပါတယ်။  တရားစွဲဆို ခံရသူတွေထဲမှာ မေလက ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒဖော်ထုတ်ပွဲတဲ့ လူငယ်တွေ၊ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြတဲ့ ကချင်လူငယ် နှစ်ဦး၊ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကို ဆန့်ကျင်ခဲ့တဲ့ ကရင်နီ လူငယ်တွေလည်း  ပါဝင်ပါတယ်။   သြဂုတ်လ ၂၀ ရက်နေ့က ကရင် လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပေးပို့ထားတဲ့ စာမှာ ကရင်အမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်တခု ဖြစ်တဲ့ ကရင့် အာဇာနည်နေ့ အခမ်းအနားတွေကို ၂၀၁၃ ခုနှစ်ကတည်းက ကျင်းပလာတာဖြစ်ပြီး၊ ဒီနှစ်မှာလည်း ကရင်၊ မွန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့ကြီးတွေနဲ့ မြို့ငယ်တို့ရှိ နေရာပေါင်း ၁၂ ခုမှာ ငြိမ်းချမ်းစွာကျင်းပခဲ့တယ်လို့ ဖော်ပြထားပါတယ်။  အခုလို အခြေအနေမျိုးမှာ နော်အုံးလှနဲ့ ကရင်လူငယ်တွေကို တရားစွဲခံရတဲ့ ကိစ္စဟာ အစိုးရအတွက် ပုံရိပ်ထိခိုက်ရုံမက တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တယ်လို့ မန်းငြိမ်းမောင်က သုံးသပ်ပါတယ်။  “တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ဖို့တော့ လိုတယ်ပေါ့ဗျာ။” =============== တိုင္းရင္းသားေတြရဲ႕ ခံစားခ်က္ကို နားလည္ပါ ေနသြင္ညိဏ္း ၿပီးခဲ့တဲ့ ႏွစ္ေတြအထိ ေထာင္ထဲ အႀကိမ္ႀကိမ္ေရာက္ခဲ့တဲ့ ေနာ္အုံးလွအတြက္ ေထာင္ဆိုတာ အထူးအဆန္းကိစၥမဟုတ္ေတာ့ေပမယ့္ ဒီမိုကေရစီေခတ္မွာ တက္ႂကြလႈပ္ရွားသူေတြ ေထာင္ထဲ ဝင္ေနရတဲ့ ကိစၥကေတာ့ ေမးခြန္းထုတ္စရာေတာ့ ျဖစ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕လယ္ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံး ေနာ္အုန္းလွရဲ႕ ႐ုံးခ်ိန္းကို ေရာက္သြားတဲ့အခါမွာ  လြန္ခဲ့တဲ့ ေလးႏွစ္၊ ၂၀၁၅ ၾသဂုတ္လက ေနာ္အုံးလွရဲ႕ ႐ုံးခ်ိန္း တခုကို ျပန္ၿပီး သတိရသြားပါတယ္။ အဲ့ဒီအခ်ိန္က ျမန္မာျပည္မွာ ၂၀၁၅ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ လပိုင္းပဲ လိုေတာ့တဲ့ အခ်ိန္၊ သမၼတ ဦးသိန္းစိန္ ေခါင္းေဆာင္တဲ့ အစိုးရရဲ႕  အေျပာင္းအလဲေတြ အရွိန္ကုန္သြားတဲ့ အခ်ိန္ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲ နီးကပ္ေနခ်ိန္မွာ အတိုက္အခံႏိုင္ငံေရးသမားေတြအၾကား အကြဲအၿပဲ ဇာတ္လမ္းေတြ ထြက္ေပၚေနတာေၾကာင့္လည္း သာမန္ျပည္သူေတြၾကား စိတ္ရႈပ္ေထြးေနခ်ိန္၊ ေနာ္အုံးလွနဲ႔ ကိုေနမ်ိဳးဇင္တို႔ဟာ လက္ပံေတာင္း ေၾကးနီစီမံကိန္းကို ကန႔္ကြက္ဖို႔ ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ တ႐ုတ္သံ႐ုံးေရွ႕မွာ ဆႏၵျပခဲ့တဲ့အတြက္ ဖမ္းဆီး တရားစြဲခံထားရပါတယ္။ ေနာ္အုံးလွကို ႐ုံးထုတ္လာတဲ့အခ်ိန္မွာ သူမရဲ႕ ရဲေဘာ္ရဲဘက္ အနည္းအက်ဥ္းက သူမရဲ႕ အသက္ ၅၃ ႏွစ္ျပည့္ ေမြးေန႔ကို အက်ဥ္း႐ုံးက်င္းပေပးခဲ့ပါတယ္။ တရား႐ုံး အျပင္ဘက္မွေတာ့ ျပည္သူလူထုရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ေ၀ဝါး ေနခ်ိန္  ျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ ေနာက္ထပ္ စီမံကိန္းတခု ျဖစ္တဲ့ ျမစ္ဆုံ စီမံကိန္းကို ဆိုင္းငံ့ခဲ့တဲ့ အတြက္လူႀကိဳက္မ်ားခဲ့တဲ့ သမၼတ ဦးသိန္းစိန္ အေပၚ ျပည္သူလူထုက ေမွ်ာ္လင့္ခ်က္ေတြ ပုံေအာထားခဲ့ေပမယ့္ တကယ္တမ္း ျဖစ္မလာတဲ့ အခါမွာ စိတ္ပ်က္ေနခဲ့ၾကပါတယ္။ စစ္အစိုးရဆီက အာဏာလႊဲယူခဲ့တဲ့ ဦးသိန္းစိန္ အစိုးရဟာ လက္ပံေတာင္းေတာင္ ေၾကးနီ စီမံကိန္းကို ကန႔္ကြက္ဆႏၵျပခဲ့တဲ့ သံဃာနဲ႔ အရပ္သားေတြကို လုံၿခဳံေရး တပ္ဖြဲ႕ေတြ မိုးမလင္းခင္ လူစုခြဲခဲ့တဲ့အခ်ိန္၊ လက္ပံတန္းမွာ ဒီမိုကေရစီ ေက်ာင္းသားသပိတ္ကို ရဲတပ္ဖြဲ႕က လူစုခြဲတဲ့ အခါမွာလည္း လက္လြန္ေျခလြန္ေတြ ျဖစ္ခဲ့ပါတယ္။ တိုင္းျပည္မွာ ဘာသာေရး၊ လူမ်ိဳးေရး ပဋိပကၡေတြ စိုးရိမ္စရာျဖစ္ေနခ်ိန္၊ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေရွ႕တိုးမရတဲ့အေျခအေန အရပ္သားျပည္သူေတြရဲ႕ လြတ္လပ္ခြင့္ေတြ ကန႔္သတ္ခဲ့ရတဲ့ အခ်ိန္၊ ေန႔စဥ္ လူေနမႈ စရိတ္ေတြ တိုးျမႇင့္ေနတဲ့အခ်ိန္၊ သဘာဝေဘးေၾကာင့္ ဒုကၡမ်ားေနတဲ့ အေျခအေနမ်ိဳးမွာ သတင္းဆိုးေတြၾကား ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ေလွ်ာ့ပါးစ ျပဳေနခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၅ ႏိုဝင္ဘာမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ တခဲနက္ အႏိုင္ရခဲ့ပါတယ္။ အခုတေခါက္မွာ ျမင္ရတဲ့ ေနာ္အုံးလွရဲ႕ ႐ုံးခ်ိန္းကေတာ့ လြန္ခဲ့တဲ့ ေလးႏွစ္ကနဲ႔ မတူပါဘူး။ ေနာ္အုံးလွနဲ႔ တက္ႂကြလႈပ္ရွားသူ သုံးဦးဟာ ဩဂုတ္ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ  ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပခဲ့တဲ့အတြက္ ရန္ကုန္တိုင္း အစိုးရက ၿငိမ္းစုစီပုဒ္မနဲ႔ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ တရား႐ုံးပတ္ပတ္လည္ ပလက္ေဖာင္း သစ္ပင္ရိပ္ေအာက္မွာ ကရင္အမ်ိဳးသားဝတ္စုံေတြ ဝတ္ဆင္ထားတဲ့အမ်ိဳးသား၊ အမ်ိဳးသမီးေတြ၊ လူငယ္ေတြ စုထိုင္ေနၾကပါတယ္။ တခ်ိဳ႕ဟာ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ျဖစ္ခဲ့တဲ့ ဦးသန႔္ရဲ႕ ဇာတိ ပန္းတေနာ္ နယ္ကေန ကားနဲ႔ လာၾကသူေတြ ျဖစ္ပါတယ္။ ကရင္အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ ေနာ္အုံးလွဟာ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္ဘဝမွာ အပတ္စဥ္ အဂၤါေထာင့္ ဆုေတာင္းပြဲေတြကို ဦးေဆာင္ခဲ့သူ အျဖစ္ လူသိမ်ားသူ ျဖစ္ပါတယ္။  ၂၀၁၀ ေ႐ြးေကာက္ပြဲအလြန္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ ပင္မ ႏိုင္ငံေရး လမ္းေၾကာင္းအတိုင္း မလိုက္တဲ့ ကရင္အမ်ိဳးသမီးဟာ အပယ္ခံလို ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ေလးႏွစ္နဲ႔ မတူတာက အခုတေခါက္မွာေတာ့ ေနာ္အုံးလွရဲ႕ ႐ုံးခ်ိန္းကို ကရင္အမ်ိဳးသားေတြ အေျမာက္အျမားလာေရာက္ဝိုင္းရံဖို႔ ေရာက္ေနၾကတာ ျဖစ္ပါတယ္။ ဒီထဲမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဗဟိုေကာ္မတီဝင္ ပဒိုမန္းၿငိမ္းေမာင္လည္း ပါဝင္ပါတယ္။   ဒီကိစၥက ကရင္အမ်ိဳးသားထု တရပ္လုံးရဲ႕ “ဂုဏ္သိကၡာ၊ မာန္မာန” နဲ႔ ဆိုင္တဲ့ ကိစၥလို႔ မန္းၿငိမ္းေမာင္က ကရင္အလံေတြ ကိုင္ထားတဲ့ တရား႐ုံးေရွ႕က ျပည္သူလူထုကို ေျပာပါတယ္။ “ေနာ္အုံးလွနဲ႔ ကရင့္လူငယ္မ်ားကို အမိန႔္ခ်မွတ္မယ္ဆိုရင္ က်ေနာ္တို႔ ကရင္တမ်ိဳးသားလုံးရဲ႕ ရင္ထဲမွာ အင္မတန္မေကာင္းတဲ့ အဆိပ္ ဆူးေျငႇာင့္တခု ဝင္စူးခံရတယ္လို႔ပဲ က်ေနာ္တို႔ ဒီလိုပဲ သေဘာထားပါတယ္” လို႔ မန္းၿငိမ္းေမာင္က ဆိုပါတယ္။ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ (NCA) မွာလည္း တိုင္းရင္းသားေတြရဲ႕ ယဥ္ေက်းမႈ၊ ဘာသာ၊ စာေပ၊ ဓေလ့ ထုံးစံ၊ သမိုင္းအေမြအႏွစ္ ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ခြင့္ ဆိုတာ အတိအလင္း ျပ႒ာန္းထားတယ္လို႔ မန္းၿငိမ္းေမာင္က ေျပာပါတယ္။ ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ) ဟာ NCA ကို လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြထဲမွာ အင္အားအႀကီးဆုံး ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ တႏွစ္နီးပါက တရားဝင္ အစည္းအေဝးေတြကို မတက္ေတာ့ဖို႔ ေကအန္ယူက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ရပ္တန႔္ေနခဲ့တာ ျဖစ္ပါတယ္။ ေနာ္အုံးလွရဲ႕ ႐ုံးခ်ိန္မွာ လာေရာက္ ဝန္းရံသူေတြထဲမွာ ဒီမိုကေရစီေက်ာင္းသားသပိတ္ ေခါင္းေဆာင္ တခ်ိဳ႕နဲ႔ တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕ကိုလည္း ေတြ႕ရပါတယ္။ တရား႐ုံးထြက္လာတဲ့  ေနာ္အုံးလွကေတာ့ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လတုန္းက ျမင္ခဲ့ရတဲ့ အတိုင္းပဲ။ ပန္းကုံးေတြၾကားက ၿပဳံးေနရင္း သူ႔ကို လက္ထိပ္ခတ္ေခၚဖို႔ ေျပာတာကို လက္မခံခဲ့တဲ့အေၾကာင္း ျပန္ေျပာျပေနပါတယ္။ “ ဘာမွ မပူနဲ႔ အခုက အရင္လို မဟုတ္ေတာ့ဘူး။ ေထာင္ထဲမွာ ေအးေဆးပဲ” လို႔ေတာင္ သူ႔ကို လာအားေပးသူေတြကို ေျပာလိုက္ပါေသးတယ္။ တကယ္လည္း ေထာင္ထဲကို ဝင္ရမယ္ဆိုရင္ေတာင္ ေနာ္အုံးလွ တေယာက္တည္း မဟုတ္ပါဘူး။ ေနာ္အုံးလွရဲ႕ ရဲေဘာ္ ရဲဘက္ တေယာက္ျဖစ္တဲ့ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ဆိုရင္လည္း လြန္ခဲ့တဲ့ ႏွစ္ပတ္ကလည္း ေထာင္ဒဏ္ တႏွစ္ခ်မွတ္ခံခဲ့ရပါေသးတယ္။ ဧၿပီလ ၁ ရက္ေန႔က တိုက္ႀကီးၿမိဳ႕နယ္၊ အေဖ်ာက္ၿမိဳ႕က ေဟာေျပာပြဲတခုမွာ တပ္မေတာ္ ေခါင္းေဆာင္ေတြရဲ႕ ကိုယ္က်င့္တရားကို ေဝဖန္ ေျပာဆိုတဲ့အတြက္ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုခံရတာ ျဖစ္ပါတယ္။ အလားတူ နာမည္ႀကီးတဲ့ ႐ုပ္ရွင္ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကိုလည္း ေဖ့စ္ဘြတ္ခ္ လူမႈကြန္ယက္ စာမ်က္ႏွာမွာ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေအာင္  ေရးသားတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ၾသဂုတ္လကုန္ပိုင္းက ေထာင္ဒဏ္ တႏွစ္ခ်မွတ္ခဲ့ပါေသးတယ္။ ျပည္သူလူထုရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ပတ္သက္လို႔ ေစာင့္ၾကည့္ေနတဲ့ “အသံ” အဖြဲ႕က မၾကာခင္က ထုတ္ျပန္ထားတဲ့ ေနာက္ဆုံး အစီရင္ခံစာမွာ အခုႏွစ္ ပထမ ၆ လအတြင္း လူမႈကြန္ရက္မွာ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းမွာ ကိုယ္ပိုင္ အျမင္ ေဝဖန္ ေရးသားတဲ့အတြက္ အရပ္သားျပည္သူ စုစုေပါင္း ၂၅၀ တရားစြဲဆိုခံခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီထဲမွာ ေနာ္အုံးလွလိုမ်ိဳး ၿငိမ္းစုစီဥပေဒနဲ႔ တရားစြဲဆို ခံရမႈ ၇ မႈ ရွိၿပီး၊ လူေပါင္း ၄၃ ေယာက္ တရားစြဲခံရွိတယ္လို႔ ေဖာ္ျပထားပါတယ္။  တရားစြဲဆို ခံရသူေတြထဲမွာ ေမလက ရန္ကုန္ၿမိဳ႕မွာ ၿငိမ္းခ်မ္းေရး ေတာင္းဆို ဆႏၵေဖာ္ထုတ္ပြဲတဲ့ လူငယ္ေတြ၊ ကခ်င္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး ေတာင္းဆိုဆႏၵျပတဲ့ ကခ်င္လူငယ္ ႏွစ္ဦး၊ ကယားျပည္နယ္မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူမႈကို ဆန႔္က်င္ခဲ့တဲ့ ကရင္နီ လူငယ္ေတြလည္း  ပါဝင္ပါတယ္။ ၾသဂုတ္လ ၂၀ ရက္ေန႔က ကရင္ လူမႈအဖြဲ႕အစည္း ၁၇ ဖြဲ႕က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ လိပ္မူေပးပို႔ထားတဲ့ စာမွာ ကရင္အမ်ိဳးသားေတြရဲ႕ ေန႔ထူးေန႔ျမတ္တခု ျဖစ္တဲ့ ကရင့္ အာဇာနည္ေန႔ အခမ္းအနားေတြကို ၂၀၁၃ ခုႏွစ္ကတည္းက က်င္းပလာတာျဖစ္ၿပီး၊ ဒီႏွစ္မွာလည္း ကရင္၊ မြန္၊ ပဲခူးနဲ႔ ဧရာဝတီတိုင္းတို႔ရွိ ၿမိဳ႕ႀကီးေတြနဲ႔ ၿမိဳ႕ငယ္တို႔ရွိ ေနရာေပါင္း ၁၂ ခုမွာ ၿငိမ္းခ်မ္းစြာက်င္းပခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ေနာ္အုံးလွနဲ႔ ကရင္လူငယ္ေတြကို တရားစြဲခံရတဲ့ ကိစၥဟာ အစိုးရအတြက္ ပုံရိပ္ထိခိုက္႐ုံမက တစ္ဆို႔ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္ေစႏိုင္တယ္လို႔ မန္းၿငိမ္းေမာင္က သုံးသပ္ပါတယ္။ “တိုင္းရင္းသားေတြရဲ႕ ခံစားခ်က္ကို နားလည္ဖို႔ေတာ့ လိုတယ္ေပါ့ဗ်ာ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024