ရန်ကုန်တဖက်ကမ်း သန်လျင်က ဂျပန်စက်မှုမြို့တော် သီလဝါ (ဓာတ်ပုံ)
ရွှေအောင်
·
October 2, 2019
သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၅ စက်တင်ဘာ ၂၃ ရက်မှာ ဇုန်အေ ၄၀၅ ဟက်တာကို စီးပွားဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဘယ်နိုင်ငံမှာမရှိတဲ့ One Stop Service Center(OSSC) က ဇုန်ကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးခဲ့တယ်။
ဂျပန်နိုင်ငံက ဂျုံနဲ့ မြန်မာခေါက်ဆွဲခြောက်ထုပ် ထုတ်နေတဲ့ ဂျပန်ခေါက်ဆွဲခြောက် စက်ရုံက တရက်ကို ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၂သန်းကျော် ထုတ်လုပ်နေ။
သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဂျပန်ဆူဇူကီးမော်တော်ကားစက်ရုံကနေ တရက် ကားစီးရေ ၄၀ ထုတ်လုပ်နေ။
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၇၀၀၀ ကျော် ဖန်တီးပေးထားတဲ့ သီလဝါအထူး စီးပွားရေးဇုန်က စက်ရုံ အလုပ်ရုံများ။
ဂျပန်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကနေ စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ထုတ်လုပ်ထားတဲ့ ကားရောင်စုံကို ဝေဟင်မှ တွေ့မြင်ရစဉ်။
ဘုရားကျောင်းကန်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ထောင်ထားတယ်။