Home
အနုပညာ
ချောက်ချား ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမည့် မိသားစုဒရာမာရုပ်ရှင်-အမျှအမျှ(နမူနာ)
DVB
·
October 2, 2019
70275674_115395016502289_2251888440335400960_o
ချောက်ချားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ အမျှအမျှရုပ်ရှင်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ R Square ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဘရဏီကျော်ရဲ့ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်တို့နဲ့အတူ ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ယွန်းမေနဲ့ ချစ်စနိုးတို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ သမီးလေးတယောက်နဲ့ မိခင်တယောက်ကြားက ရိုးရှင်းတဲ့ ဘဝထဲ အတိတ်က ဖြစ်ရပ်တွေ ဝင်ရောက်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုခြောက်ခြားစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ၊ ဒါတွေကို ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာ ကိုတော့ ဒီရုပ်ရှင်ကားထဲမှာ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024