Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်၊ ဂူးဂဲလ်နှင့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ မြန်မာနိုင်ငံတွင် ယူနီကုဒ်ပြောင်းလဲသုံးရန် လုပ်ဆောင်ထား
ပိုင်စိုး
·
October 1, 2019
ဖေ့စ်ဘွတ်ခ်၊ ဂူးဂဲလ်၊ မိုက်ခရိုဆော့ဖ်နဲ့ တခြားနည်းပညာကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ယူနီကုဒ်ပြောင်းလဲတာအတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ လုပ်ထားပြီးပြီလို့ အမေရိကန် နည်းပညာအဖွဲ့အစည်း (US ICT Council) က ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် အခြေစိုက်နည်းပညာကုမ္ပဏီတွေရဲ့ ကိုယ်စားဖြစ်တဲ့ အမေရိကန် နည်းပညာ အဖွဲ့အစည်း(US ICT Council) ဟာ ဒီနေ့မှာ ယူနီကုဒ်စံစနစ် ပြောင်းလဲတဲ့ အခမ်းအနားကိုလည်း နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ US ICT Council for Myanmar ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Max Shu Teasdale က “ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် စီးပွားရေးစနစ်နဲ့ အပြည့်အဝ ပူးပေါင်းဖို့အတွက် ယူနီကုဒ်ကို ပြောင်းလဲသုံးစွဲဖို့က အလွန်အရေးကြီးပါတယ်။ ဒီအပြောင်းအလဲက အကြောင်းအရာ (Content) တွေ ဖတ်ရှုရာမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဖယ်ရှားပေးနိုင်ဖို့ အကူအညီဖြစ်လာမှာပါ။ စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေလို အကြောင်းအရာ (Content) တွေဖန်တီးရတဲ့ သူတွေအတွက်လည်း ရိုးရှင်းလွယ်ကူလာစေမှာပါ” လို့ ပြောပါတယ်။ S ICT Council ရဲ့ အဖွဲ့အဝင် ကုမ္ပဏီတွေဖြစ်တဲ့  ဖေ့စ်ဘွတ်ခ်၊ ဂူးဂဲလ်၊ မိုက်ခရိုဆော့ဖ်နဲ့ တခြားနည်းပညာကုမ္ပဏီတွေဟာ ယူနီကုဒ်ပြောင်းလဲမှုအတွက် အရေးကြီးလုပ်ဆောင်ချက်များကို လုပ်ဆောင်ထားခဲ့ပြီး ဖေ့စ်ဘွတ်ခ်က ဇော်ဂျီနဲ့ ယူနီကုဒ် အလိုအလျောက် ဖောင့်ပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်နဲ့ မက်ဆင်ဂျာမှာ ထည့်ပေးထားပါတယ်။ ပြီးတော့ အင်တာနက်သုံးတဲ့ စက်ပစ္စည်းတွေမှာ ယူနီကုဒ်စာရိုက်စနစ်အတွက် အဆင်ပြေနိုင်စေဖို့ ကီးဘုတ်တွေ အလွယ်တကူရယူနိုင်အောင် ဒေါင်းလုတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ ဂူးဂဲလ်ကတော့ အန်းဒရိုက်နဲ့ Google Search လို ဝန်ဆောင်မှုနဲ့ အက်ပလီကေးရှင်းတွေကို အဆင့်မြှင့်ခဲ့သလို ဂူးဂဲလ်က အင်ဂျင်နီယာတွေဟာ မိတ်ဖက်ကုမ္ပဏီတွေအပါအဝင် ကဏ္ဍတခုလုံးမှာ သုံးနေတဲ့ မြန်မာစာစနစ်ကို ပြောင်းလဲပေးနိုင်မယ့် code စနစ်တခုအတွက် နည်းပညာတွေကို အဆင့်မြှင့်တင်ထားပါတယ်။ ပြီးတော့ ဂူးဂဲလ်ဟာ ဒီနှစ်အစောပိုင်းကတည်းက  အန်းဒရိုက်စနစ်သုံးပြီး ဖုန်းထုတ်လုပ် ရောင်းချသူတွေအတွက် မြန်မာနိုင်ငံကိုပို့မယ့် ဖုန်းတွေမှာ ယူနီကုဒ်စနစ်ကို ထည့်သွင်း ပေးရမယ်ဆိုတာကို အသိပေးလိုက်နာစေခဲ့ပါတယ်။ Google Search ဟာ မြန်မာစာစနစ်တွေကို ထောက်လှမ်းပြီး ဇော်ဂျီစနစ်သုံး အကြောင်းအရာတွေကို ယူနီကုဒ်စနစ်ကို ပြောင်းလဲပြီး အင်တာနက် စာမျက်နှာတွေမှာ ပြင်ဆင်ဖော်ပြပေးခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ကတော့ သူ့ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Windows၊ Office နဲ့ database suits တွေအပြင် Microsoft cloud ဝန်ဆောင်မှုတွေဖြစ်တဲ့ Office 365 နဲ့ Microsoft 365 တို့မှာ ယူနီကုဒ်စနစ်ကို ထောက်ပံပေးထားပါတယ်။  ပြီးတော့ သူ့ရဲ့ AI နည်းပညာကို မြန်မာနိုင်ငံမှာ သုံးစွဲပြီး ယူနီကုဒ်ပြောင်းလဲတာကို ကူညီဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့ မြန်မာနိုင်ငံ ကွန်ပြူတာဖက်ဒရေးရှင်း ယူနီကုဒ်အဖွဲ့နဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ေဖ့စ္ဘြတ္ခ္၊ ဂူးဂဲလ္ႏွင့္ မိုက္ခ႐ိုေဆာ့ဖ္ကုမၸဏီ ျမန္မာႏိုင္ငံတြင္ ယူနီကုဒ္ေျပာင္းလဲသုံးရန္ လုပ္ေဆာင္ထား ပိုင္စိုး ေဖ့စ္ဘြတ္ခ္၊ ဂူးဂဲလ္၊ မိုက္ခ႐ိုေဆာ့ဖ္နဲ႔ တျခားနည္းပညာကုမၸဏီေတြဟာ ျမန္မာႏိုင္ငံမွာ ယူနီကုဒ္ေျပာင္းလဲတာအတြက္ အေရးႀကီးတဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ထားၿပီးၿပီလို႔ အေမရိကန္ နည္းပညာအဖြဲ႕အစည္း (US ICT Council) က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ အေမရိကန္ အေျခစိုက္နည္းပညာကုမၸဏီေတြရဲ႕ ကိုယ္စားျဖစ္တဲ့ အေမရိကန္ နည္းပညာ အဖြဲ႕အစည္း(US ICT Council) ဟာ ဒီေန႔မွာ ယူနီကုဒ္စံစနစ္ ေျပာင္းလဲတဲ့ အခမ္းအနားကိုလည္း ေနျပည္ေတာ္မွာက်င္းပခဲ့ပါတယ္။ US ICT Council for Myanmar ရဲ႕ အလုပ္အမႈေဆာင္ ၫႊန္ၾကားေရးမႉး Max Shu Teasdale က “ကမာၻလုံးဆိုင္ရာ ဒီဂ်စ္တယ္ စီးပြားေရးစနစ္နဲ႔ အျပည့္အဝ ပူးေပါင္းဖို႔အတြက္ ယူနီကုဒ္ကို ေျပာင္းလဲသုံးစြဲဖို႔က အလြန္အေရးႀကီးပါတယ္။ ဒီအေျပာင္းအလဲက အေၾကာင္းအရာ (Content) ေတြ ဖတ္ရႈရာမွာ ေတြ႕ႀကဳံေနရတဲ့ ျပႆနာေတြကို ဖယ္ရွားေပးႏိုင္ဖို႔ အကူအညီျဖစ္လာမွာပါ။ စီးပြားေရးလုပ္ငန္းေတြနဲ႔ မီဒီယာအဖြဲ႕အစည္းေတြလို အေၾကာင္းအရာ (Content) ေတြဖန္တီးရတဲ့ သူေတြအတြက္လည္း ႐ိုးရွင္းလြယ္ကူလာေစမွာပါ” လို႔ ေျပာပါတယ္။ S ICT Council ရဲ႕ အဖြဲ႕အဝင္ ကုမၸဏီေတြျဖစ္တဲ့ ေဖ့စ္ဘြတ္ခ္၊ ဂူးဂဲလ္၊ မိုက္ခ႐ိုေဆာ့ဖ္နဲ႔ တျခားနည္းပညာကုမၸဏီေတြဟာ ယူနီကုဒ္ေျပာင္းလဲမႈအတြက္ အေရးႀကီးလုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္ထားခဲ့ၿပီး ေဖ့စ္ဘြတ္ခ္က ေဇာ္ဂ်ီနဲ႔ ယူနီကုဒ္ အလိုအေလ်ာက္ ေဖာင့္ေျပာင္းလဲေပးတဲ့ လုပ္ေဆာင္ခ်က္ကို ေဖ့စ္ဘြတ္ခ္နဲ႔ မက္ဆင္ဂ်ာမွာ ထည့္ေပးထားပါတယ္။ ၿပီးေတာ့ အင္တာနက္သုံးတဲ့ စက္ပစၥည္းေတြမွာ ယူနီကုဒ္စာ႐ိုက္စနစ္အတြက္ အဆင္ေျပႏိုင္ေစဖို႔ ကီးဘုတ္ေတြ အလြယ္တကူရယူႏိုင္ေအာင္ ေဒါင္းလုတ္ေပးထားတယ္လို႔လည္း ဆိုပါတယ္။ ဂူးဂဲလ္ကေတာ့ အန္းဒ႐ိုက္နဲ႔ Google Search လို ဝန္ေဆာင္မႈနဲ႔ အက္ပလီေကးရွင္းေတြကို အဆင့္ျမႇင့္ခဲ့သလို ဂူးဂဲလ္က အင္ဂ်င္နီယာေတြဟာ မိတ္ဖက္ကုမၸဏီေတြအပါအဝင္ က႑တခုလုံးမွာ သုံးေနတဲ့ ျမန္မာစာစနစ္ကို ေျပာင္းလဲေပးႏိုင္မယ့္ code စနစ္တခုအတြက္ နည္းပညာေတြကို အဆင့္ျမႇင့္တင္ထားပါတယ္။ ၿပီးေတာ့ ဂူးဂဲလ္ဟာ ဒီႏွစ္အေစာပိုင္းကတည္းက အန္းဒ႐ိုက္စနစ္သုံးၿပီး ဖုန္းထုတ္လုပ္ ေရာင္းခ်သူေတြအတြက္ ျမန္မာႏိုင္ငံကိုပို႔မယ့္ ဖုန္းေတြမွာ ယူနီကုဒ္စနစ္ကို ထည့္သြင္း ေပးရမယ္ဆိုတာကို အသိေပးလိုက္နာေစခဲ့ပါတယ္။ Google Search ဟာ ျမန္မာစာစနစ္ေတြကို ေထာက္လွမ္းၿပီး ေဇာ္ဂ်ီစနစ္သုံး အေၾကာင္းအရာေတြကို ယူနီကုဒ္စနစ္ကို ေျပာင္းလဲၿပီး အင္တာနက္ စာမ်က္ႏွာေတြမွာ ျပင္ဆင္ေဖာ္ျပေပးခဲ့ပါတယ္။ မိုက္ခ႐ိုေဆာ့ဖ္ကေတာ့ သူ႔ရဲ႕ ထုတ္ကုန္ေတြျဖစ္တဲ့ Windows၊ Office နဲ႔ database suits ေတြအျပင္ Microsoft cloud ဝန္ေဆာင္မႈေတြျဖစ္တဲ့ Office 365 နဲ႔ Microsoft 365 တို႔မွာ ယူနီကုဒ္စနစ္ကို ေထာက္ပံေပးထားပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕ AI နည္းပညာကို ျမန္မာႏိုင္ငံမွာ သုံးစြဲၿပီး ယူနီကုဒ္ေျပာင္းလဲတာကို ကူညီဖို႔နဲ႔ အဆင္ေျပေခ်ာေမြ႕ေစဖို႔ ျမန္မာႏိုင္ငံ ကြန္ျပဴတာဖက္ဒေရးရွင္း ယူနီကုဒ္အဖြဲ႕နဲ႔ အနီးကပ္ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024