အိန္ဒိယ ရေဘေးဒုက္ခသည်များအတွက် စစ်ရဟတ်ယာဉ်များဖြင့် အထောက်အပံ့ ပစ္စည်းများ ချပေး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က  ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ စစ်ရဟတ်ယာဉ်တွေပေါ်ကနေ အထောက်အပံ့ ပစ္စည်းတွေ ချပေးခဲ့ပါတယ်။ ဥတြာပရာဒေ့ရှ်ပြည်နယ်နဲ့ ဘီဟာပြည်နယ်မှာ ပြီးခဲ့တဲ့ သုံးရက်အတွင်း မိုးသည်းထန် ရေကြီးခဲ့တာကြောင့် သေဆုံးသူ ၁၁၃ ယောက်ထက်မနည်း ရှိလာပြီလို့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။ ရေဘေးသင့်ပြည်သူ အယောက် ၃၀၀၀ ကနေ ၄၀၀၀ အထိကို ကယ်ဆယ်ခဲ့ပြီး လက်ရှိမှာတော့ အဖွဲ့ ၁၉ ဖွဲ့ဟာ ကူညီကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်လို့ အမျိုးသားသဘာဝဘေး တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဥတြာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းက ဘာလီယာခရိုင်မှာ ခရိုင်အကျဉ်းထောင်တခု ရေမြုပ်လို့ အကျဉ်းသား အယောက် ၉၀၀ လောက်ကို အနားက အာဇမ်ဂါ အကျဉ်းထောင်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အိန္ဒိယ မုတ်သုံရာသီဟာ ဇွန်လကနေ စပြီး စက်တင်ဘာလ အစောပိုင်းမှာ ပြန်ဆုတ်ခွာလေ့ ရှိပေမယ့် အခုနှစ်မှာတော့ စက်တင်ဘာလကုန်ထိ မိုးဆက်ရွာနေတာကြောင့် နိုင်ငံတဝန်း ရေကြီးရေလျှံနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အိႏၵိယ ေရေဘးဒုကၡသည္မ်ားအတြက္ စစ္ရဟတ္ယာဥ္မ်ားျဖင့္ အေထာက္အပံ့ ပစၥည္းမ်ား ခ်ေပး အိႏၵိယႏိုင္ငံအေရွ႕ပိုင္း ဘီဟာျပည္နယ္မွာ စက္တင္ဘာ ၃၀ ရက္ေန႔က  ေရေဘးသင့္ျပည္သူေတြကို ကူညီဖို႔ စစ္ရဟတ္ယာဥ္ေတြေပၚကေန အေထာက္အပံ့ ပစၥည္းေတြ ခ်ေပးခဲ့ပါတယ္။ ဥၾတာပရာေဒ့ရွ္ျပည္နယ္နဲ႔ ဘီဟာျပည္နယ္မွာ ၿပီးခဲ့တဲ့ သုံးရက္အတြင္း မိုးသည္းထန္ ေရႀကီးခဲ့တာေၾကာင့္ ေသဆုံးသူ ၁၁၃ ေယာက္ထက္မနည္း ရွိလာၿပီလို႔ တာဝန္ရွိသူေတြက တနလၤာေန႔မွာ ေျပာပါတယ္။ ေရေဘးသင့္ျပည္သူ အေယာက္ ၃၀၀၀ ကေန ၄၀၀၀ အထိကို ကယ္ဆယ္ခဲ့ၿပီး လက္ရွိမွာေတာ့ အဖြဲ႕ ၁၉ ဖြဲ႕ဟာ ကူညီကယ္ဆယ္ေရးနဲ႔ အေထာက္အပံ့ပစၥည္းေတြ ပို႔ေဆာင္ေပးေနတယ္လို႔ အမ်ိဳးသားသဘာဝေဘး တုံ႔ျပန္ကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။ ဒါ့အျပင္ ဥၾတာပရာေဒ့ရွ္ျပည္နယ္ေျမာက္ပိုင္းက ဘာလီယာခ႐ိုင္မွာ ခ႐ိုင္အက်ဥ္းေထာင္တခု ေရျမဳပ္လို႔ အက်ဥ္းသား အေယာက္ ၉၀၀ ေလာက္ကို အနားက အာဇမ္ဂါ အက်ဥ္းေထာင္ကို ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။ အိႏၵိယ မုတ္သုံရာသီဟာ ဇြန္လကေန စၿပီး စက္တင္ဘာလ အေစာပိုင္းမွာ ျပန္ဆုတ္ခြာေလ့ ရွိေပမယ့္ အခုႏွစ္မွာေတာ့ စက္တင္ဘာလကုန္ထိ မိုးဆက္႐ြာေနတာေၾကာင့္ ႏိုင္ငံတဝန္း ေရႀကီးေရလွ်ံေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up