DVB Logo
Home
မြန်မာသတင်း
စစ်ပွဲဖြစ်ရာ ကချင်ဒေသကို ၈၈ မျိုးဆက်များ ဒုတိယအကြိမ် သွားရောက်
DVB
·
January 1, 2013
စစ်ပွဲဖြစ်ရာ ကချင်ဒေသကို ၈၈ မျိုးဆက်များ ဒုတိယအကြိမ် သွားရောက်
Donate to DVB

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီးရှိ လိုင်ဇာကို ၈၈ မျိုးဆက်ကျောင်းသား အချို့ ဒီနေ့ ထပ်မံ သွားရောက်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် ၈၈ ကျောင်းသားတွေက လိုင်ဇာကို သွားရောက်တာဖြစ်ပြီး ကေအိုင်အေ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ကြိုးစားသွားမယ်လို့  လိုင်ဇာသွားမယ့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

[caption id="attachment_27745" align="alignright" width="150" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး"][/caption]

ဦးမြအေးနဲ့အတူ ဦးထွန်းမြင့်အောင်၊ ဒေါ်မီမီလွင်တို့လည်း လိုက်ပါသွားမှာ ဖြစ်သလို ခရီးစဉ်အတွင်းမှာ စစ်ဘေးသင့် ပြည်သူတွေကိုလည်း အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

ဦးမြအေးနဲ့ အဖွဲ့ဟာ မူဆယ်ကို အရင်သွားရောက်မှာ ဖြစ်ပြီး အဲဒီကမှတဆင့် တရုတ်နိုင်ငံကို သွားရောက်ကာ လိုင်ဇာကို သွားမယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးကြိုးပမ်းတဲ့ ခရီးစဉ်တစိတ်တပိုင်းပါပဲ။ အဓိက ပြောချင်တာက အခု စစ်မီးတောက်နေတဲ့အချိန်ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာထက် ဒီစစ်ကို ဘယ်လိုရပ်ဆိုင်းအောင်လုပ်မလဲ ဆိုတာ အရင် စဉ်းစားရမယ့်အပိုင်းဖြစ်သွားပြီလေ။ ရပ်ဆိုင်းနိုင်တဲ့ အခြေအနေလေးတွေ အရင်ရှာချင်တာပေါ့။ နံပါတ် ၁ အချက်ကတော့ ဒီမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့။ နောက် ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ ငြိမ်းချမ်းရေးလမ်းစ ဘယ်လိုလုပ်မလဲဆိုတာကို အချက်အလက်ရှာဖွေမယ်။ အခြေအနေပေးမယ်ဆိုရင်တော့ ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ တွေ့ချင်တယ်။ ဒါပေမယ့် အခုအချိန်က စစ်မီးကလည်း တော်တော်တောက်လောင်နေတာ ဆိုတော့ သူတို့ဘက်က အခြေအနေပေးနိုင်၊ မပေးနိုင်ဆိုတာ မပြောတတ်ဘူး။”

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲအရှိန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီးတော့ တိုက်ခိုက်တာတွေ ရပ်တန့်၍ အမြန်ဆုံးဆွေးနွေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနေ့ကပဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ကိုမြအေးအပါအ၀င်  ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ၂၀၁၂ ဇူလိုင်လကလည်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ စစ်ဘေးသင့် ကချင်ဒုက္ခသည်တွေအတွက် ကျပ်ငွေ သိန်း ၉၀ နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013