DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီညီလာခံအကြိုဆွေးနွေးပွဲ စတင်
DVB
·
January 1, 2013
ကျားဖြူပါတီညီလာခံအကြိုဆွေးနွေးပွဲ  စတင်
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့  ဒုတိယအကြိမ် ညီလာခံကို ကျင်းပဖို့ ပါတီဝင်အားလုံး  ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ရောက်နေကြပြီး ဒီနေ့မနက် ညီလာခံအတွက် အကြိုဆွေးနွေးပွဲတွေ စတင်နေပါတယ်။

ပါတီမူဝါဒတွေ ပြင်ဆင်ရေးဆွဲဖို့နဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ဒေသ အသီးသီးက ကျားဖြူပါတီ ကိုယ်စားလှယ်တွေ စုဝေးနေကြတာပါ။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကျားဖြူပါတီ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ လောက်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ လာရောက်ဆုံဆည်းကြပြီး ပါတီနှစ်ပတ်လည် ညီလာခံကျင်းပဖို့အတွက်  ကြိုတင်အစည်းအဝေးနဲ့ အလုပ်ရုံဆွေးနွေးပွဲတရပ် ဒီနေ့ စတင်ကျင်းပခဲ့တယ်လို့ သီပေါမြို့နယ် က ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဗဟိုကော်မတီဝင်တွေရဲ့ အကြိုညှိနှိုင်းအစည်းအဝေးကို တာချီလိတ်မြို့ ပါလျဲန်းရပ်ကွက်က တရုတ်ဘုံကျောင်းမှာ ကျင်းပပြီး၊ ပါတီဝင်တွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ လွိုင်မောတောင် ကမ္မဋ္ဌာန်းကျောင်းတိုက်မှာ ၂ နေရာခွဲပြီး မနက် ၉ နာရီမှာ တပြိုင်တည်း စတင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့အလုပ်ရုံဆွေးနွေးပွဲက ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက  “ကျမတို့ရဲ့ ပါတီအဖွဲ့ဝင်တွေကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မူဝါဒတွေကို ကျမတို့အဖွဲ့ဝင်တွေကို အကုန်ရှင်းပြသွားတယ်။ စိုင်းသီဟကျော်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေကို အကြမ်းဖျင်း ရှင်းပြသွားတယ်။ ဘယ်လိုမျိုးတွေ ဖြစ်စေချင်တယ်ဆိုတာတွေကို သူတို့ကိုယ်တိုင် တွေးခေါ်ရေးပေးပါဆိုပြီး ရှင်းပြတယ်။”

ညီလာခံကို တရုတ်ဘုံကျောင်းမှာ ဇန်န၀ါရီ ၂ ရက်ကနေ ၃ ရက်ထိ ကျင်းပဖို့ရှိပြီး၊ မပြီးပြတ်ဘူးဆိုရင် ၄ ရက်နေ့ထိ ဆက်ကျင်းပဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဦးစိုင်းအိုက်ပေါဝ်းခေါင်းဆောင်တဲ့ ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ  စုစုပေါင်းအမတ် ၅၇ နေရာ အနိုင်ရခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် အင်အားအကြီးဆုံး တိုင်းရင်းသားပါတီတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013