DVB Logo
Home
မြန်မာသတင်း
အိုင်စီစီ အပါအဝင် ခုံရုံးများတင်ရန်ကြိုးပမ်းမှု ကုလစင်မြင့်တွင် မြန်မာ အပြင်းအထန် ကန့်ကွက် 
DVB
·
September 30, 2019
အိုင်စီစီ အပါအဝင် ခုံရုံးများတင်ရန်ကြိုးပမ်းမှု ကုလစင်မြင့်တွင် မြန်မာ အပြင်းအထန် ကန့်ကွက် 
Donate to DVB

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) အပါအဝင် မြန်မာနိုင်ငံကို ခုံရုံးတွေ တင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ 

စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာမှာ ကန့်ကွက်လိုက်တာပါ။

မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) လည်း အပါအဝင်ဖြစ်ပါတယ်။ အိုင်စီစီနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အိုင်စီစီဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောသွားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာ အိုင်စီစီရှေ့နေက ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတဲ့အပေါ် မြန်မာဘက်က တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်  ဦးကျော်တင့်ဆွေက “မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ဒီဝေဖန်မှုတွေက ပိုမိုပြင်းထန်လာရတာ ဖြစ်ပါတယ်။ ယင်းတရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ 

အိုင်စီစီ ရှေ့နေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူအမြောက်အမြား စွန့်ခွာထွက်ပြေးတဲ့ကိစ္စကိုသာ အလေးထားနေပြီး၊ နေရပ်စွန့်ခွာမှုကို ဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ လက်တလောနဲ့ ရေရှည်အကြောင်းတရားတွေ၊ ပါဝင်ပတ်သက်သူတွေကိုတော့ ရေငုံ နှုတ်ပိတ်နေတယ်၊ ဒီလိုရေငုံနှုတ်ပိတ်နေတာဟာ အိုင်စီစီနဲ့ မြန်မာပြည်သူတွေအကြား သဘောထား ပိုမိုဝေးကွာစေမယ်လို ပြောသွားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောက်စီကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကိုလည်း ကန့်ကွက်ကြောင်း၊ ဒီအဖွဲ့ရဲ့ အစီရင်ခံစာတွေဟာ တဖက်စောင်းနင်းဖြစ်ပြီး၊ အချက်အလက်မှား များစွာပါဝင်ကာ ခိုင်လုံတဲ့ အချက်အလက်တွေကို အခြေမခံဘဲ နှုတ်ပြောဇာတ်ကြောင်းတွေကိုသာအခြေခံထားသလို နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေက ပိုလို့တောင် ဆိုးရွားတယ်လို့လည်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

“ရိုဆင်သယ်ရဲ့ အစီရင်ခံစာအပေါ်မှာလည်း ကျနော်တို့ အလွန်စိတ်ပျက်မိပါတယ်။ အစီရင်ခံစာမှာတင်ပြတဲ့ အချက်အလက်တွေဟာ တိကျမှုမရှိဘဲ၊ လိုသလိုဆွဲယူထားတာတွေပါဝင်ပြီး၊ ပညာရှင်ပီသစွာနဲ့ အရှိအတိုင်း တင်ပြရမှာဖြစ်ပေမယ့် တင်ပြပုံနည်းစနစ် မှားယွင်းနေပြီး၊ အလွန်အကျွံဘက်လိုက်ပြီး ကြိုတင်ကောက်ချက်ချထားတဲ့ ထင်မြင်ယူဆချက်တွေပေါ်မှာ အခြေခံထားတာတွေ့ရပါတယ်။ အစီရင်ခံစာမှာ မြန်မာအစိုးရနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်နိုင်ငံနဲ့ နိုင်ငံတကာ သဘော တူညီချက်တွေအရ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို သိသိသာသာ ချန်လှပ်ထားပါတယ်။”

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကြီးရဲ့ နောက်ကွယ်က လုပ်ဆောင်ချက် တွေရဲ့ တကယ့်ရည်ရွယ်ချက်ဟာ လူ့အခွင့်ရေးကို ကာကွယ်ဖို့ စစ်မှန်တဲ့ ဆန္ဒလား၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကို အပိုင်စီး အသုံးချနေတာလားဆိုပြီးလည်း မြန်မာအဖွဲ့ခေါင်းဆောင်က မေးခွန်းထုတ်သွားပါတယ်။

ရခိုင်အရေးကိစ္စဟာ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အရှုပ်ထွေးဆုံး စိန်ခေါ်မှုဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်စေဖို့ နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့ အပြုသဘော လက်တွဲဆောင်ရွက်သွားကြဖို့ လည်း ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံကိုယ်စား တိုက်တွန်းသွားပါတယ်။

ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ကတော့ ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့အတွက်ဖွဲ့စည်းခဲ့သလို လက်တန်းရာဇဝတ် ခုံရုံးတခု  မြန်မာအတွက် တည်ထောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မကြာသေးခင်ကမှ တိုက်တွန်းထားတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း အီးယူနဲ့ အိုအိုင်စီက တင်သွင်းတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ် အတည်ပြုထားပါတယ်။

ဓာတ်ပုံ-MOFA

====================================

အိုင္စီစီ အပါအဝင္ ခုံ႐ုံးမ်ားတင္ရန္ႀကိဳးပမ္းမႈ ကုလစင္ျမင့္တြင္ ျမန္မာ အျပင္းအထန္ ကန႔္ကြက္

DVB

အျပည္ျပည္ဆိုင္ရာျပစ္မႈဆိုင္ရာတရား႐ုံး(အိုင္စီစီ) အပါအဝင္ ျမန္မာႏိုင္ငံကို ခုံ႐ုံးေတြ တင္ဖို႔အတြက္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ယႏၲရားအသစ္ တည္ေထာင္မႈကို ျမန္မာႏိုင္ငံက ျပင္းျပင္းထန္ထန္ ကန႔္ကြက္လိုက္ပါတယ္။

စက္တင္ဘာ ၂၈ ရက္က နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက မိန႔္ခြန္းေျပာၾကားရာမွာ ကန္႔ကြက္လိုက္တာပါ။

“ျမန္မာႏိုင္ငံကို ခုံ႐ုံးမ်ားတင္ဖို႔အတြက္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ယႏၲရားအသစ္ တည္ေထာင္မႈကိုလည္း က်ေနာ္တို႔ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ ဒီအထဲမွာ အျပည္ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ရာတရား႐ုံး(အိုင္စီစီ) လည္း အပါအဝင္ျဖစ္ပါတယ္။ အိုင္စီစီနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္က ရွင္းပါတယ္။ အိုင္စီစီဟာ ျမန္မာႏိုင္ငံအေပၚမွာ တရားစီရင္ပိုင္ခြင့္ မရွိပါဘူး”လို႔ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ကုလသမဂၢ စင္ျမင့္ထက္ကေန ေျပာသြားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၄ ရက္မွာ အိုင္စီစီေရွ႕ေနက ရခိုင္ျပည္နယ္မွာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ၊ လူမ်ိဳးစုအလိုက္ သုတ္သင္ရွင္းလင္းမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုထားတဲ့အေပၚ ျမန္မာဘက္က တုံ႔ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္  ဦးေက်ာ္တင့္ေဆြက “ျမန္မာႏိုင္ငံဟာ ေရာမသေဘာတူစာခ်ဳပ္ (Rome Statute) မွာ ပါဝင္လက္မွတ္ေရးထိုးထားတဲ့ႏိုင္ငံ မဟုတ္တဲ့အတြက္ ဒီေဝဖန္မႈေတြက ပိုမိုျပင္းထန္လာရတာ ျဖစ္ပါတယ္။ ယင္းတရား႐ုံးအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ စြပ္စြဲထားတဲ့ ျပစ္မႈေတြအတြက္ တရားစီရင္ပိုင္ခြင့္ မရွိဘူးဆိုတဲ့ မိမိတို႔ရဲ႕ ရပ္တည္ခ်က္ဟာ ေျပာင္းလဲမွာ မဟုတ္ဘူး”လို႔ ေျပာပါတယ္။

အိုင္စီစီ ေရွ႕ေနဟာ ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို လူအေျမာက္အျမား စြန႔္ခြာထြက္ေျပးတဲ့ကိစၥကိုသာ အေလးထားေနၿပီး၊ ေနရပ္စြန႔္ခြာမႈကို ျဖစ္ေစတဲ့ က်ယ္ျပန႔္တဲ့ လက္တေလာနဲ႔ ေရရွည္အေၾကာင္းတရားေတြ၊ ပါဝင္ပတ္သက္သူေတြကိုေတာ့ ေရငုံ ႏႈတ္ပိတ္ေနတယ္၊ ဒီလိုေရငုံႏႈတ္ပိတ္ေနတာဟာ အိုင္စီစီနဲ႔ ျမန္မာျပည္သူေတြအၾကား သေဘာထား ပိုမိုေဝးကြာေစမယ္လို ေျပာသြားပါတယ္။

ဒါ့အျပင္ ကုလသမဂၢလူ႔အခြင့္အေရးေကာက္စီကဖြဲ႕စည္းေပးထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ကိုလည္း ကန႔္ကြက္ေၾကာင္း၊ ဒီအဖြဲ႕ရဲ႕ အစီရင္ခံစာေတြဟာ တဖက္ေစာင္းနင္းျဖစ္ၿပီး၊ အခ်က္အလက္မွား မ်ားစြာပါဝင္ကာ ခိုင္လုံတဲ့ အခ်က္အလက္ေတြကို အေျခမခံဘဲ ႏႈတ္ေျပာဇာတ္ေၾကာင္းေတြကိုသာအေျခခံထားသလို ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာေတြက ပိုလို႔ေတာင္ ဆိုး႐ြားတယ္လို႔လည္း ျမန္မာကိုယ္စားလွယ္က ေျပာပါတယ္။

“႐ိုဆင္သယ္ရဲ႕ အစီရင္ခံစာအေပၚမွာလည္း က်ေနာ္တို႔ အလြန္စိတ္ပ်က္မိပါတယ္။ အစီရင္ခံစာမွာတင္ျပတဲ့ အခ်က္အလက္ေတြဟာ တိက်မႈမရွိဘဲ၊ လိုသလိုဆြဲယူထားတာေတြပါဝင္ၿပီး၊ ပညာရွင္ပီသစြာနဲ႔ အရွိအတိုင္း တင္ျပရမွာျဖစ္ေပမယ့္ တင္ျပပုံနည္းစနစ္ မွားယြင္းေနၿပီး၊ အလြန္အကြၽံဘက္လိုက္ၿပီး ႀကိဳတင္ေကာက္ခ်က္ခ်ထားတဲ့ ထင္ျမင္ယူဆခ်က္ေတြေပၚမွာ အေျခခံထားတာေတြ႕ရပါတယ္။ အစီရင္ခံစာမွာ ျမန္မာအစိုးရနဲ႔ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ၊ ႏွစ္ႏိုင္ငံနဲ႔ ႏိုင္ငံတကာ သေဘာ တူညီခ်က္ေတြအရ အကူအညီေပးေနတဲ့ အစီအစဥ္ေတြကို သိသိသာသာ ခ်န္လွပ္ထားပါတယ္။”

ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ဒီညီလာခံႀကီးရဲ႕ ေနာက္ကြယ္က လုပ္ေဆာင္ခ်က္ ေတြရဲ႕ တကယ့္ရည္႐ြယ္ခ်က္ဟာ လူ႔အခြင့္ေရးကို ကာကြယ္ဖို႔ စစ္မွန္တဲ့ ဆႏၵလား၊ ႏိုင္ငံေရး ရည္႐ြယ္ခ်က္နဲ႔ လူ႔အခြင့္အေရးကို အပိုင္စီး အသုံးခ်ေနတာလားဆိုၿပီးလည္း ျမန္မာအဖြဲ႕ေခါင္းေဆာင္က ေမးခြန္းထုတ္သြားပါတယ္။

ရခိုင္အေရးကိစၥဟာ ဒီမိုကေရစီစနစ္သို႔ ေလွ်ာက္လွမ္းေနတဲ့ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အရႈပ္ေထြးဆုံး စိန္ေခၚမႈျဖစ္တဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ ခိုင္မာစြာ အျမစ္တြယ္ေစဖို႔ ႏိုင္ငံတကာ အသိုက္ အဝန္းအေနနဲ႔ အျပဳသေဘာ လက္တြဲေဆာင္႐ြက္သြားၾကဖို႔ လည္း ျပည္ေထာင္စုဝန္ႀကီး  ဦးေက်ာ္တင့္ေဆြက ျမန္မာႏိုင္ငံကိုယ္စား တိုက္တြန္းသြားပါတယ္။

ကုလအခ်က္အလက္ရွာေဖြေရး မစ္ရွင္အဖြဲ႕ကေတာ့ ယူဂိုဆလားဗီးယားနဲ႔ ရဝမ္ဒါတို႔အတြက္ဖြဲ႕စည္းခဲ့သလို လက္တန္းရာဇဝတ္ ခုံ႐ုံးတခု  ျမန္မာအတြက္ တည္ေထာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို မၾကာေသးခင္ကမွ တိုက္တြန္းထားတာျဖစ္ပါတယ္။

စက္တင္ဘာ ၂၆ ရက္က ဂ်ီနီဗာၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၂ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာလည္း အီးယူနဲ႔ အိုအိုင္စီက တင္သြင္းတဲ့ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႔ တျခားတိုင္းရင္းသားလူနည္းစုေတြရဲ႕ လူ႔အခြင့္အေရး အေျခအေန ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို မဲခြဲဆုံးျဖတ္ အတည္ျပဳထားပါတယ္။

ဓာတ္ပုံ-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013