A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ နှစ်သစ်ကူး ဆုတောင်း

“၂၀၁၃ ခုနှစ် တိုင်းပြည်အတွက် ဆုတောင်းဆိုတာ တကယ်တော့ ပြည်သူတွေအတွက်ပဲ ဖြစ်ရမှာပါ။ ပြည်သူတွေ အရည်အချင်း တိုးတက်လာဖို့၊ ပြည်သူတွေဟာ တကယ့်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများပီပီ လုပ်နိုင်ကိုင်နိုင်၊ တွေးနိုင်ခေါ်နိုင်၊ ပြောနိုင်ဆိုနိုင်ဖို့ဟာ အရေးကြီးဆုံး ဆုတောင်းလို့ ကျမထင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တကယ့်အနှစ်သာရဟာ နိုင်ငံသူ နိုင်ငံသားတွေပါ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းရှိမှ နိုင်ငံလည်း တိုးတက်မယ်၊ နိုင်ငံလည်း အဆင့်ရှိမယ်။ ဒါကြောင့်မို့လို့ ကျမရဲ့ နှစ်သစ်ကူးဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။ ကျမတို့ရဲ့ ပြည်သူပြည်သားများ တနေ့ထက်တနေ့ အရည်အချင်းတွေ ပိုပြီးတော့ တိုးတက်နိုင်ပါစေ။ ကိုယ့်ရဲ့တာဝန်ကို ကိုယ်သိသိနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် လုပ်ရဲကိုင်ရဲပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up