Home
မြန်မာသတင်း
အီးယူနှင့် အိုအိုင်စီက တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက်မူကြမ်း အတည်ပြု
DVB
·
September 28, 2019
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်မူကြမ်းကို ကုလလူ့အခွင့်အရေးကောင်စီမှာ တရုတ် ကိုယ်စားလှယ်အဖွဲ့က မဲခွဲပေးဖို့ တောင်းဆိုခဲ့ပြီး မဲခွဲရာမှာတော့ ထောက်ခံသူများပြီး အတည်ဖြစ်ခဲ့ပါတယ်။ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း စက်တင်ဘာ ၂၆ ရက်က အီးယူနဲ့ အိုအိုင်စီက တင်သွင်းတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့တာပါ။ အဆိုမူကြမ်းကို ဆုံးဖြတ်ခြင်းမပြုမီ ဒီမူကြမ်းကို မဆုံးဖြတ်မီ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဟာ နိုင်ငံတနိုင်ငံအပေါ် ဦးတည်ရွေးချယ်ချမှတ်တဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ကန့်ကွက်ကြောင်း၊ ဆုံးဖြတ်ချက်အဆိုဟာ မစ္စယန်ဟီးလီရဲ့ မမျှတတဲ့ ယူဆချက်တွေနဲ့ FFM ရဲ့ မမှန်ကန်တဲ့ တဖက်သတ်ဆန်တဲ့ အစီရင်ခံစာပါ အချက်တွေကို တရားဝင်ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်ထားတာလို့ ပြောပါတယ်။ တချို့စာပိုဒ်တွေဟာ တဖက်သတ်ဆန်နေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီက ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေအပေါ် ထပ်တလဲလဲ ပိုမိုအရေးယူစေဖို့ အစဉ်အလာမရှိတဲ့ စောင့်ကြည့် စစ်ဆေးတာတွေလုပ်ဖို့နဲ့ နိုင်ငံတကာဖိအား ပိုကြီးစေဖို့ ရည်ရွယ်ရေးထားတာလို့လည်း ပြောပါတယ်။ အဲဒီအဆိုမူကြမ်းမှာ စွပ်စွဲချက်တွေ၊ မှားယွင်းတဲ့ အယူအဆတွေပေါ် အခြေခံထားတဲ့ အချက်အလက် မှားနေတဲ့ စာပိုဒ်တွေ အများကြီးပါပြီး ဥပမာပေးရမယ်ဆိုရင်  လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ယုံကြည်ခွင့်ကို ဥပဒေအရ ပြဋ္ဌာန်းထားတဲ့အပြင် အကာအကွယ်ပေးဖို့ ရှိတယ်လို့ ပြောပါတယ်။ ဒီလို တရားမမျှတဘဲ နိုင်ငံရေးသဘောအများကြီး သက်ဝင်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ချည်နှောင်မှုမရှိဘူးလို့ ပြောခဲ့ပြီး လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ မူအရရော၊ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကူညီပံ့ပိုးတဲ့အနေနဲ့ပါ အဆိုမူကြမ်းကို ကန့်ကွက်မဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်ကိုယ်စားလှယ်၊ ဂျပန်ကိုယ်စားလှယ်တို့ကလည်း အဆိုမူကြမ်းကို ကန့်ကွက်ကြောင်း ထောက်ပြပြောဆိုခဲ့ကြတယ်လို့ အစိုးရ သတင်းစဉ်က ဖော်ပြထားပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ကတော့ နေရပ်စွန့်ခွာသူတွေ လက်ခံရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်း ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောခဲ့ပြီး ဒီအဆိုမူကြမ်း ချမှတ်တာဟာ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူမပြုသလို ဒါဟာ သက်ဆိုင်ရာနိုင်ငံရဲ့ သဘောထားကို မထင်ဟပ်ကြောင်း ပြောကြားပြီး မဲခွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အဆိုမူကြမ်းကို အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲရာမှာတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၇ မဲ နဲ့ အတည်ပြုခဲ့ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့က အဆိုမူကြမ်းကို ကန့်ကွက်မဲပေးခဲ့ကြပြီး၊ အင်ဂိုလာ၊ ကမ်မရွန်း၊ ကွန်ဂို ဒီမိုကရက်တစ်ရီပတ်ဘလစ်၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ယူကရိန်းနိုင်ငံတို့က ကြားနေမဲပေးပြီး ကျူးဘားကတော့ မဲမပေးဘဲ နေခဲ့ပါတယ်။ ~~~~~~~~~~~~~~~~ Zawgyi_version အီးယူႏွင့္ အိုအိုင္စီက တင္သြင္းသည့္ ျမန္မာ့လူ႔အခြင့္အေရး ဆုံးျဖတ္ခ်က္မူၾကမ္း အတည္ျပဳ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရးအေျခအေန ဆုံးျဖတ္ခ်က္မူၾကမ္းကို ကုလလူ႔အခြင့္အေရးေကာင္စီမွာ တ႐ုတ္ ကိုယ္စားလွယ္အဖြဲ႕က မဲခြဲေပးဖို႔ ေတာင္းဆိုခဲ့ၿပီး မဲခြဲရာမွာေတာ့ ေထာက္ခံသူမ်ားၿပီး အတည္ျဖစ္ခဲ့ပါတယ္။ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၂ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးအတြင္း စက္တင္ဘာ ၂၆ ရက္က အီးယူနဲ႔ အိုအိုင္စီက တင္သြင္းတဲ့ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႔ တျခားတိုင္းရင္းသားလူနည္းစုေတြရဲ႕ လူ႔အခြင့္အေရး အေျခအေန ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို မဲခြဲဆုံးျဖတ္ခဲ့တာပါ။ အဆိုမူၾကမ္းကို ဆုံးျဖတ္ျခင္းမျပဳမီ ဒီမူၾကမ္းကို မဆုံးျဖတ္မီ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ျမန္မာႏိုင္ငံဟာ ႏိုင္ငံတႏိုင္ငံအေပၚ ဦးတည္ေ႐ြးခ်ယ္ခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္မွန္သမွ်ကို ကန႔္ကြက္ေၾကာင္း၊ ဆုံးျဖတ္ခ်က္အဆိုဟာ မစၥယန္ဟီးလီရဲ႕ မမွ်တတဲ့ ယူဆခ်က္ေတြနဲ႔ FFM ရဲ႕ မမွန္ကန္တဲ့ တဖက္သတ္ဆန္တဲ့ အစီရင္ခံစာပါ အခ်က္ေတြကို တရားဝင္ျဖစ္ေအာင္ ရည္႐ြယ္လုပ္ေဆာင္ထားတာလို႔ ေျပာပါတယ္။ တခ်ိဳ႕စာပိုဒ္ေတြဟာ တဖက္သတ္ဆန္ေနၿပီး ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ လူ႔အခြင့္အေရးေကာင္စီက ေဆာင္႐ြက္ေနတဲ့ ကိစၥရပ္ေတြအေပၚ ထပ္တလဲလဲ ပိုမိုအေရးယူေစဖို႔ အစဥ္အလာမရွိတဲ့ ေစာင့္ၾကည့္ စစ္ေဆးတာေတြလုပ္ဖို႔နဲ႔ ႏိုင္ငံတကာဖိအား ပိုႀကီးေစဖို႔ ရည္႐ြယ္ေရးထားတာလို႔လည္း ေျပာပါတယ္။ အဲဒီအဆိုမူၾကမ္းမွာ စြပ္စြဲခ်က္ေတြ၊ မွားယြင္းတဲ့ အယူအဆေတြေပၚ အေျခခံထားတဲ့ အခ်က္အလက္ မွားေနတဲ့ စာပိုဒ္ေတြ အမ်ားႀကီးပါၿပီး ဥပမာေပးရမယ္ဆိုရင္  လြတ္လပ္စြာ ကိုးကြယ္ခြင့္ကိစၥျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ကိုးကြယ္ခြင့္နဲ႔ ယုံၾကည္ခြင့္ကို ဥပေဒအရ ျပ႒ာန္းထားတဲ့အျပင္ အကာအကြယ္ေပးဖို႔ ရွိတယ္လို႔ ေျပာပါတယ္။ ဒီလို တရားမမွ်တဘဲ ႏိုင္ငံေရးသေဘာအမ်ားႀကီး သက္ဝင္တဲ့ ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံအေပၚ ခ်ည္ေႏွာင္မႈမရွိဘူးလို႔ ေျပာခဲ့ၿပီး လူ႔အခြင့္အေရးေကာင္စီ အဖြဲ႕ဝင္ေတြအေနနဲ႔ မူအရေရာ၊ ျမန္မာႏိုင္ငံနဲ႔ ျမန္မာျပည္သူေတြကို ကူညီပံ့ပိုးတဲ့အေနနဲ႔ပါ အဆိုမူၾကမ္းကို ကန႔္ကြက္မဲေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဖိလစ္ပိုင္ကိုယ္စားလွယ္၊ ဂ်ပန္ကိုယ္စားလွယ္တို႔ကလည္း အဆိုမူၾကမ္းကို ကန႔္ကြက္ေၾကာင္း ေထာက္ျပေျပာဆိုခဲ့ၾကတယ္လို႔ အစိုးရ သတင္းစဥ္က ေဖာ္ျပထားပါတယ္။ တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ကေတာ့ ေနရပ္စြန႔္ခြာသူေတြ လက္ခံေရး အပါအဝင္ ျမန္မာႏိုင္ငံရဲ႕ ႀကိဳးပမ္း ေဆာင္႐ြက္ေနတာေတြကို ရွင္းလင္းေျပာခဲ့ၿပီး ဒီအဆိုမူၾကမ္း ခ်မွတ္တာဟာ ျမန္မာႏိုင္ငံက ျပႆနာကို ေျဖရွင္းဖို႔ အေထာက္အကူမျပဳသလို ဒါဟာ သက္ဆိုင္ရာႏိုင္ငံရဲ႕ သေဘာထားကို မထင္ဟပ္ေၾကာင္း ေျပာၾကားၿပီး မဲခြဲေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အဲဒီေနာက္ အဆိုမူၾကမ္းကို အဖြဲ႕ဝင္ ၄၇ ႏိုင္ငံပါဝင္တဲ့ လူ႔အခြင့္အေရးေကာင္စီမွာ မဲခြဲရာမွာေတာ့ ေထာက္ခံမဲ ၃၇ မဲ၊ ကန႔္ကြက္မဲ ၂ မဲ၊ ၾကားေနမဲ ၇ မဲ နဲ႔ အတည္ျပဳခဲ့ပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔က အဆိုမူၾကမ္းကို ကန႔္ကြက္မဲေပးခဲ့ၾကၿပီး၊ အင္ဂိုလာ၊ ကမ္မ႐ြန္း၊ ကြန္ဂို ဒီမိုကရက္တစ္ရီပတ္ဘလစ္၊ အိႏၵိယ၊ ဂ်ပန္၊ နီေပါ၊ ယူကရိန္းႏိုင္ငံတို႔က ၾကားေနမဲေပးၿပီး က်ဴးဘားကေတာ့ မဲမေပးဘဲ ေနခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024