Home
သတင်းဓာတ်ပုံ
ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးလှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ် 
DVB
·
September 27, 2019
env5
env4
env3
env2
env1
env
env6
ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးရက်သတ္တပတ် နောက်ဆုံးနေ့လှုပ်ရှားမူကို စက်တင်ဘာ ၂၇ ရက်က  ရန်ကုန်မြို့ မြေနီကုန်းမှာကျင်းပခဲ့ပါတယ်။ ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးလှုပ်ရှားသူ ၅၀ကျော်က မြေနီကုန်း ဒဂုံစင်တာ မျက်နှာချင်းဆိုင်ကပိုစတာပန်းခြံမှာ ညနေပိုင်းဆုံတွေ့ခဲ့ကြပြီး ကျွန်းတောလမ်း၊ နာနတ်တောလမ်း၊ လှည်းတန်းလမ်းအတိုင်းလမ်းလျှောက်ကာ လှည်းတန်းလမ်းဆုံမှာ စုဝေးပြီး ဟောပြောခဲ့ကြပါတယ်။ ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးအတွက် ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကို တရားဝင် အသိအမှတ်ပြုတုံ့ပြန်ဆောင်ရွက်ရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စေတဲ့ စီမံကိန်းတွေရပ်တန့်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရရှိရေး အတွက်တောင်းဆိုခဲ့ကြပါတယ်။ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှုကို စက်တင်ဘာ ၂၂ ရက်ကစပြီး ရန်ကုန်မြို့မှာ ပြုလုပ်နေတာပါ။ ပထမအကြိမ်ချီတက်လမ်းလျှောက်ပွဲကိုတော့ စက်တင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်စျေးသစ်ရှေ့ကနေ ဆူးလေအထိ ချီတက်ခဲ့ကြပြီး မဟာဗန္ဓုလပန်းခြံရှေ့မှာ စုဝေးခဲ့ကြပါတယ်။ ဓာတ်ပုံ-ထွန်းထွန်းသိန်း ============================== ရာသီဥတုကပ္ေဘးတိုက္ဖ်က္ေရးလႈပ္ရွားမႈ ရန္ကုန္တြင္ျပဳလုပ္ ထြန္းထြန္းသိန္း ရာသီဥတုကပ္ေဘးတိုက္ဖ်က္ေရးရက္သတၱပတ္ ေနာက္ဆုံးေန႔လႈပ္ရွားမူကို စက္တင္ဘာ ၂၇ ရက္က  ရန္ကုန္ၿမိဳ႕ ေျမနီကုန္းမွာက်င္းပခဲ့ပါတယ္။ ရာသီဥတုကပ္ေဘးတိုက္ဖ်က္ေရးလႈပ္ရွားသူ ၅၀ေက်ာ္က ေျမနီကုန္း ဒဂုံစင္တာ မ်က္ႏွာခ်င္းဆိုင္ကပိုစတာပန္းၿခံမွာ ညေနပိုင္းဆုံေတြ႕ခဲ့ၾကၿပီး ကြၽန္းေတာလမ္း၊ နာနတ္ေတာလမ္း၊ လွည္းတန္းလမ္းအတိုင္းလမ္းေလွ်ာက္ကာ လွည္းတန္းလမ္းဆုံမွာ စုေဝးၿပီး ေဟာေျပာခဲ့ၾကပါတယ္။ ရာသီဥတုကပ္ေဘးတိုက္ဖ်က္ေရးအတြက္ ရာသီဥတုဆိုင္ရာ အေရးေပၚအေျခအေနကို တရားဝင္ အသိအမွတ္ျပဳတုံ႔ျပန္ေဆာင္႐ြက္ေရး၊ ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈျဖစ္ေစတဲ့ စီမံကိန္းေတြရပ္တန႔္ေရး၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ တရားမွ်တမႈရရွိေရး အတြက္ေတာင္းဆိုခဲ့ၾကပါတယ္။ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရးလႈပ္ရွားမႈကို စက္တင္ဘာ ၂၂ ရက္ကစၿပီး ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ေနတာပါ။ ပထမအႀကိမ္ခ်ီတက္လမ္းေလွ်ာက္ပြဲကိုေတာ့ စက္တင္ဘာ ၂၂ ရက္က ဗိုလ္ခ်ဳပ္ေစ်းသစ္ေရွ႕ကေန ဆူးေလအထိ ခ်ီတက္ခဲ့ၾကၿပီး မဟာဗႏၶဳလပန္းၿခံေရွ႕မွာ စုေဝးခဲ့ၾကပါတယ္။ ဓာတ္ပုံ-ထြန္းထြန္းသိန္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024