Home
ဆောင်းပါး
မှောင်ရီဝိုးတဝါး ရွှေ့ပြောင်းအိပ်မက်များ  
ပီတာအောင်
·
September 27, 2019
“သခွားသီးတွေ ၅ ဘတ်၊ သခွားသီးတွေရမယ်၊ သခွားသီးတွေရမယ်၊ ၅ ဘတ်၊ ၅  ဘတ် ” လို့ အင်္ကျီကွက်ကြားနဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ ပိန်ပိန်ပါးပါး လူငယ်လေးတဦးက ဗမာလို အော်ဟစ်ပြီး ဟင်းသီးဟင်းရွက်တွေ ရောင်းချနေတဲ့အသံက ဒါထိုင်းနိုင်ငံဆိုတာ ရုတ်တရက်မေ့လျော့သွားစေခဲ့။ ညနေခင်း အလုပ်ဆင်းချိန်မို့  သနပ်ခါးပါးကွက်ကြားနဲ့ ယူနီဖောင်းအဖြူ၊ အပြာဝတ် ရွေ့ပြောင်း မြန်မာအလုပ်သမလေးတွေ စက်ရုံ၊ အလုပ်ရုံသီးသီးကနေ အစုလိုက် အစုလိုက်၊ အလျှိုအလျှို လမ်းလျှောက်ထွက်လာနေကြတဲ့ မြင်ကွင်းကလည်း  မြန်မာပြည်အလား။ တကယ်တော့ ဒီနေရာ ဒီဒေသက မြန်မာပြည်မဟုတ်၊ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့နားက စာမွတ်ဆာခွန်ခရိုင်၊ တာ့ဆိုင်းရပ်ကွက်ရှိ Thai Union စက်ရုံအနီး  ဆေတကစ်လမ်းမကြီးပေါ်က လမ်းဘေးဈေးလေး တနေရာပါ။ ဒီဈေးလေးမှာ နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်ပြီးလို့ အိမ်ကိုပြန်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မြန်မာဈေးသည်တွေက ထမင်းနဲ့ ဟင်းမျိုးစုံ၊ အကြော်စုံ၊ မုန့်ဟင်းခါး၊ အသီးအရွက်နဲ့ သားငါး စတာတွေကို ရောင်းချပေးနေသလို အလုပ်သမားတွေကလည်း   အိမ်အပြန် ညစာအတွက် ဟင်းစားတွေကို လွတ်လပ်စွာ ဝယ်ကြ ခြမ်းကြနဲ့ ညနေခင်း ဈေးလေးဟာ လှုပ်ရှားစည်ကား သက်ဝင်လို့ နေပါတယ်။ မဟာချိုင်လို့ လူသိများတဲ့ စမွတ်ဆာခွန်ဒေသဟာ  ဟိုးလွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော် ကာလတွေ တုန်းကတော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထိတ်လန့်စရာဒေသတခု ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေကတော့ ဒီနေရာကို  Little Burma (မြန်မာနိုင်ငံငယ်လေး) လို့ခေါ်ကြတာရှိပေမယ့် ထိုင်းတွေကတော့ ဒီလိုခေါ်တာကို သိပ်မကြိုက်လှပါဘူး။  ပင်လယ်ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ မြို့ဖြစ်တဲ့အလျောက် ပင်လယ်အစားအစာ ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ သိန်းနဲ့ချီတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။ ဒီလို လုပ်ကိုင်ကြရာမှာ ထိုင်းအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ လုပ်အားခအပြည့်အ၀ မပေးမှု၊ မတရားအလုပ်စေခိုင်းမှုတွေကနေ လူကုန်ကူးခံရမှု၊ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားပြီး ကျေးကျွန်သဖွယ် ခိုင်းစေမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေအဆုံး အလုပ်သမားအခွင့် အရေးချိုးဖောက်မှု မျိုးစုံဖြစ်ပွားခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။  ဒီလို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ စားသောက်ကုန်တွေကို အနောက်နိုင်ငံတွေက ဝယ်ယူသုံးစွဲတာတွေ မလုပ်သလို   ထိုင်းနိုင်ငံကို လူကုန်ကူးမှု အဆိုးရွားဆုံးနိုင်ငံတွေ စာရင်းမှာလည်း သတ်မှတ်ထည့်သွင်းခဲ့ပါတယ်။ အင်ဒိုနီးရှားကျွန်းတွေမှာ ရောက်နေတဲ့ လူကုန်ကူးရောင်းစားခံရတဲ့ ငါးဖမ်းလှေလုပ်သားတွေ အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပြီးနောက်မှာ နိုင်ငံတကာရဲ့ဖိအားကြောင့် ထိုင်းအာဏာပိုင်တွေက  အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခုဆိုရင် ဒီဒေသမှာ အလုပ်သမားအခွင့်ရေးချိုးဖောက်တဲ့ စက်ရုံတွေ နည်းပါးသွားပြီလို့ မဟာချိုင် အခြေစိုက် အလုပ်သမားကာကွယ်ရေးကွန်ရက်အဖွဲ့ (LPN) ထူထောင်သူ ဆုမ်ပေါင်း ဆာလာကယောက် ကပြောပါတယ်။ အလားတူ မဟာချိုင်မှာလည်း မြန်မာအလုပ်သမားတွေကို ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းလုပ်အားခေါင်းပုံဖြတ်မတရားအလုပ်ခိုင်းစေခဲ့တဲ့ ငါးပုစွန်ကန်လုပ်ငန်း  ၁၀ ခုလောက်ရှိရာခဲ့ရာက ခုတော့ အားလုံးပိတ်သိမ်းကုန်ပြီဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ကို ရောက်လာပြီး နောက်ပိုင်း မြန်မာအလုပ်သမားတွေရဲ့ အခြေအနေတွေ ပိုမိုတိုးတက်ပြောင်းလဲလာခဲ့တယ်လို့လည်း ဆုမ်ပေါင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ၂၀၁၂ ခုနှစ် မေလက လာရောက်ခဲ့ရာမှာ မဟာချိုင်ကိုလည်း သွားရောက်ခဲ့ပြီး မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားတွေ ကြုံတွေ့ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကိုယ်တိုင်နားထောင်ပြီး ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ အတတ်နိုင်ဆုံး တင်ပြဖြေရှင်းပေးမယ်လို့ ကတိပေး ပြောသွားခဲ့ပါတယ်။ မဟာချိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လူအုပ်ကြီးနဲ့အတူ နားထောင်ခဲ့ရတဲ့ ငါးသတ္တာ စက်ရုံလုပ်သားကို စိုင်းစိုင်းကတော့ “တချိန်တုန်းကလုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ ကျနော်တို့မြန်မာပြည်သားတွေပေါ်တင်ကြီး အဆွဲခံရတာမျိုးတွေ၊ အလုအယက်ခံရတာမျိုးတွေ ဖြစ်တယ်။ ဒါတွေကို အကူအညီတောင်းရင် ဘယ်ထိုင်းကမှ အရေးမယူပေးဘူး။ ဒီလမ်းကြော ဒီနောက်ထဲမှာဆိုရင် မကြာခဏဆိုသလို ကျနော်တို့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတာမျိုးတွေ အစအနဖော်မရဘူး။အရိုက်အနှက်ခံရတယ် အလုအယက်ခံရတယ်။ စက်ရုံ အလုပ်ရုံတွေမှာဆိုလည်း အဲဒီလိုပဲ။ ဒေါ်အောင်ဆန်းစုကြည် လာပြီးတဲ့ နောက်ပိုင်းမှာ ဒီနေရာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ရောက်လာတယ် ဝင်ထွက်လာတယ် အဲဒီနောက်ပိုင်းမှာ တော်များများလေးကို အများကြီးကို ပြောင်းလဲလာတယ်။ ကျနော်တို့ ရိုးရာဝတ်စုံတွေလည်း လွတ်လွတ်လပ်လပ်ဝတ်လို့ ရလာတယ်”လို့ပြောပါတယ်။ ဒါပေမယ့် မဟာချိုင်က  ရွေ့ပြောင်းအလုပ်သမားတွေအပေါ် အလုပ်ရှင်တွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေက ဒေါ်အောင်ဆန်းစုကြည် လာပြီးနောက်မှာ လုံးဝပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ လက်ရှိအချိန်အထိလည်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲပဲလို့ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အတွင်းရေးမှူး ဦးစိန်ဌေးက ပြောပါတယ်။ “လုပ်ငန်းခွင်မှာ ပေးရမယ့် အခွင့်အရေးတွေကို မပေးဘဲ ချိုးဖောက်တာတွေရှိတယ်။ အလုပ်သမားက နေမကောင်းလို့ ကျန်းမာရေးခွင့်ယူရင် ပိုက်ဆံဖြတ်တာ၊ နှစ်စဉ်အလုပ်ပိတ်ရက် တနှစ်ပြည့်ရင် ၆ ရက် လုပ်အားခရပြီးနားခွင့်ရှိတာပေါ့၊ အဲဒါကို မပေးတာတို့၊ နောက် အချိန်ပိုခိုင်းပြီး အချိန်ပိုကြေးမပေးတာတို့၊ ပြစ်ချက်မရှိဘဲ အလုပ်ထုတ်လိုက်တာတို့ အဲဒါတွေက ရှိတုန်းပဲ။”  ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက သန်းနဲ့ ချီတဲ့ အလုပ်သမားတွေ လာရောက် အလုပ်လုပ်ကိုင်နေကြရတဲ့အဓိက အကြောင်းအရင်းတွေကတော့ ဇာတိမြေမှာ အလုပ်ကိုင်ရှားပါး တာနဲ့ လုပ်ခလစာကွာဟချက်တွေကြောင့်ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေ အမိမြန်မာနိုင်ငံကို ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးမယ့် အကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေကို မေ့ထားမှာမဟုတ်ဘူးဆိုပြီး လွန်ခဲ့တဲ့ ၇ နှစ်ကျော်က   မျှော်လင့်ချက်တွေ ပေးသွားခဲ့ပါတယ်။ ဒီမျှော်လင့်ချက်တွေ ခုချိန်မှာ ဖြစ်လာဖို့ နီးစပ်နေပြီလာဆိုတဲ့ အမေးကိုတော့ မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက်  (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “အချိန်ကျရင် ကိုယ့်ရဲ့ နိုင်ငံသားအားလုံး ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်အောင်လည်း  ကြိုးစားပေးမယ်လို့တော့ ပြောသွားတာပေါ့။ ဒါကိုပြန်ကြည့်ရ မယ်ဆိုရင် မြန်မာနိုင်ငံ နှစ်၆၀ ၊ ၇၀ အဆိုးရွားဆုံး အခြေအနေကို ဖြတ်သန်းလာခဲ့တဲ့ အခါမှာ ချွတ်ခြုံကျနေတဲ့ အနေအထားမျိုးမှာ အခုအချိန်မှာ ပြည်တွင်းမှာရှိတဲ့ အရွယ်ရောက်တဲ့ လုပ်သားတွေအားလုံးကို အလုပ်အကိုင်အခွင့်အလမ်းပေးဖို့တောင် မရှိနိုင်သေးတဲ့ အနေအထားမျိုးမှာ ပြည်ပမှာ ရောက်နေတဲ့ ၆ သန်း နိုင်ငံတကာမှာပေါ့နော် ဒီလူတွေပြန်လာ အလုပ်လုပ်ဖို့ ဆိုတာတော့ မလွယ်ကူသေးဘူး” လို့ သုံးသပ်ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနည်းဆုံး အခကြေးငွေကို တိုးမြှင့်သတ်မှတ်ပေးနိုင်ခဲ့ပြီး  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းမြင့်မား လာစေရေး စီမံပေးနေသလို ပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်လို့ ပြီးခဲ့တဲ့ မြန်မာ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောထားပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စာရင်းအရတော့ လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့  ၂၀၁၆ခုနှစ် သြဂုတ်လကနေ ၂၀၁၉ ဩဂုတ်အထိ ၃ နှစ်တာကာလအတွင်း ပြည်တွင်းမှာ လူပေါင်း ၇၀၀,၀၀၀ ကျော်အတွက် အလုပ်အကိုင်ရှာဖွေ ခန့်ထားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကာလတူ အချိန်အတွင်း ပြည်ပကို တရားဝင်အလုပ်သွားလုပ်သူ အရေအတွက်ကလည်း အစိုးရတရားဝင် ထုတ်ပြန်တဲ့ စာရင်းမှာ ၆၃၈,၀၀၀ ကျော်ရှိပြီး တရားမဝင်သွားရောက်တဲ့ အရေအတွက်က ဒီထက် အနည်းဆုံး ၂ ဆလောက် ပိုများနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ ပူးပေါင်းပြုစုထားတဲ့ Thailand Migration Report 2019 အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ အထောက်အထားရှိ မြန်မာရွှေ့ပြောင်းလုပ်သားအ ရေအတွက် ၁,၀၃၁,၆၄၃ ဦးရှိရာက လက်ရှိအစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ၂,၀၆၂,၂၇၇ ဦးအထိရှိလာပြီး မြန်မာရွေ့ပြောင်းလုပ်သားစုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းလောက်ဟာ အထောက်အထား လက်မှတ်ရှိလာကြပြီလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် တရက် အနိမ့်ဆုံးလုပ်အားခကိုလည်း    ၂၀၁၈ ခုနှစ် မတ်လမှာ ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ ကို လက်ရှိအစိုးရက တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလို တိုးမြှင့်ပေးလိုက်တဲ့ လုပ်အားခပမာဏဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် များစွာ နည်းပါးနေပါသေးတယ်။ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ အလုပ်သမားတွေရဲ့ တနေ့ အနိမ့်ဆုံးလခဟာ ထိုင်းဘတ် ၃၂၅ ဘတ်ရှိတာမို့ မြန်မာငွေနဲ့ဆိုရင် ကျပ် ၁၆၀၀၀ လောက်ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အထည်ချုပ် လုပ်သားတွေရဲ့ အနည်းဆုံးလုပ်အားခကလည်း တလကို အမေရိကန် ဒေါ်လာ ၁၈၀ ကျော်ရနေပြီမို့ တနေ့ လုပ်အားခ ၆ ဒေါ်လာလောက်   မြန်မာကျပ်ငွေနဲ့ဆို ၉၀၀၀ ကျော်လောက်ရနေပါပြီ။  မဟာချိုင်က ရွှေ့ပြောင်းလုပ်သား ရင်သွေးငယ်လေးတွေကို စာသင်ပေးနေတဲ့ ဆရာမ ဒေါ်တင်လေးယုကတော့  “မြန်မာပြည်မှာ တနေ့တာရဲ့ လုပ်ခလစာ မိသားစုတစုကို မလုံလောက်ဘူး။ ဒီထိုင်းနိုင်ငံမှာတော့ လုပ်ခလစာက လုံလောက်တယ်။ ဒါပေမယ့် အပိုကုန်ကျမှုတွေ ကိုယ်ကမသုံးဘူးဆိုရင်တော့ ပိုက်ဆံစုမိမယ်၊ အမေစုလာတဲ့ အချိန်တုန်းက အရမ်းအားတက်တယ်။ ငါတို့ ပြန်ရတော့မယ်၊ အများစုက ပြန်ချင်တဲ့လူတွေချည်းပဲ၊ မနေချင်ကြဘူး။ အခုဆို ပိုဆိုးတယ်၊ ဒီအလုပ်လုပ်ခွင့် ပါမစ်ဖိုးပေးဖို့၊ ခဏနေ စီအိုင်၊ ဟာ မဟုတ်ဘူး အမ်အိုယူသွားလုပ်ဦးနဲ့ တကယ်တမ်း အဲဒီပွဲစားတွေသာ အဆင်ပြေသွားတယ်။ အလုပ်လုပ်ရတာလည်း ဒီမှာက ရရစားစားပဲ ဖြစ်နေတယ်။ တကယ်လို့များ  မြန်မာပြည်မှာ လုပ်စရာအလုပ်တွေ ရှိခဲ့မယ်ဆိုရင်၊ နေ့စားလခတွေ တိုးခဲ့မယ်ဆိုရင်၊ ပြန်ကြမယ့်သူတွေချည်းပဲ” လို့ ပြောပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်လာနိုင်ဖို့ အခြေအနေတွေကို အစိုးရက ဖန်တီးပေးသင့်တယ်လို့ စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာဇော်ဦးသုံးသပ်ပြောပါတယ်။ “ဒီလူတွေဟာ အမြဲတမ်းသွားနေမှာ မဟုတ်ဘူး။ ပြန်လာမှာဖြစ်တယ်။ သူတို့ပြန်လာရင် ဘယ်လိုအလုပ်အကိုင်တွေ ပေးမှာလဲ။ သူတို့သွားပြီး အလုပ်လုပ်တဲ့နေရာတွေမှာ ကျွမ်းကျင်မှုတွေရ လာတယ်။ အတွေ့အကြုံတွေ ရလာတယ်။ ဒါပေမယ့် အဲဒီအတွေ့အကြုံကို ကျနော်တို့ နိုင်ငံထဲမှာ ပြန်သုံးခွင့်ရှိသလား၊ ပြန်သုံးနိုင်သလား၊ သုံးနိုင်အောင် ကျနော်တို့ ဘာတွေလုပ်ထားမလဲ ဒါတွေအားလုံးဟာ စဉ်းစားစရာတွေဖြစ်လာတယ်” မြန်မာအစိုးရအနေနဲ့ အိမ်အကူလုပ်သားတွေ အပါအဝင် ထိုင်းရောက် ရွေ့ပြောင်းလုပ်သားတွေအတွက်  လူမှုဖူလုံရေးခံစားခွင့်တွေ အလုပ်ရှင်တိုင်းက လုပ်ပေး လာအောင်လုပ်ဖို့၊ ထိုင်းနိုင်ငံက သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို ထိထိရောက်ရောက် ကူညီစောင့်ရှောက်နိုင်ဖို့အတွက် အလုပ်သမား သံအရာရှိတွေကို  ဝန်ထမ်းအင်အားဖြည့်ဆည်းပေးဖို့လိုအပ်နေပါသေးတယ်။ ဒါ့အပြင် အလုပ်အကိုင်အေဂျင်စီတွေ ထိုင်းသွားမယ့် အလုပ်သမားတွေဆီကနေ ဥပဒေစည်းကမ်းသတ်မှတ်ချက်ထက်ကျော်လွန်ပြီး  ကျပ်ငွေ ၇သိန်း၊ ၈သန်းကနေ ၁၀ သိန်းအထိ ယူဆောင်နေတဲ့အတွက်တရားဝင်လူကုန်ကူးမှုသဖွယ်ဖြစ်နေတဲ့ အမ်အိုယူစနစ်ကို ပြုပြင်ပြောင်းလဲဖို့  လိုအပ်နေပါသေးတယ်။  ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်ကတော့  ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေအနေ တိုးတက် ကောင်းမွန်လာအောင် တတ် နိုင်သရွေ့တော့ ကျနော်တို့ လုပ်ပေးနေပါတယ်လို့ပြောပါတယ်။ “အခုဆို မြင်တဲ့အတိုင်းပဲ ဒီဖုန်းဆို တတ်နိုင်သမျှ ၂၄ နာရီဖွင့်ထားတယ်။   ဒါပေမယ့် တချို့ဝေးတဲ့နေရာတွေကနေ အကူအညီတောင်းလာခဲ့အခါ ချက်ခြင်းမလုပ်ပေးနိုင်တဲ့အခါရှိတယ် ချက်ခြင်းမလာနိုင်တဲ့အခါ သူတို့ ဒေါသဖြစ်တာလေးတွေရှိတယ်။” ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ အလုပ်သမားသံအရာရှိတွေခန့်ထားပြီး မြန်မာ ရွေ့ပြောင်းလုပ်သားတွေကို ကူညီဆောင်ရွက်ပေးတာကို အရင်အစိုးရ လက်ထက်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့ အလုပ်သမားတွေ အတွက် ပတ်စ်ပို့စ်တွေ ကိုင်နိုင်အောင် လုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေဟာလည်း ၂၀၁၂ ခုနှစ် အရင်အစိုးရ လက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။ ထိုင်းရောက်မြန်မာအလုပ်သမားတွေအများစုဟာ  ခုဆိုရင် ပတ်စ်ပို့နဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ကိုင်ထားနိုင်ကြပြီဖြစ်လို့ အရင်ကထက် ပိုမို လွတ်လပ်စွာ သွားလာနေထိုင်နိုင်ကြသလို ထိုင်းရဲတွေက အရင်တုန်းကလို အထောက်အထား လက်မှတ် မပြနိုင်တဲ့ မြန်မာအလုပ်သမားတွေဆီက ငွေညှစ်တာတွေနည်းပါးသွားပြီ။ ဒါပေမယ့် ထိုင်းရဲတွေက အလုပ်သမားတွေနဲ့ တွေ့ရင်  ဖုန်းတောင်းကြည့်ပြီး ဖုန်းထဲမှာ ဂဏန်း ၃လုံး ချဲဂဏန်းတွေ့တယ်ဆိုပြီး  ငွေတောင်းတာတွေနဲ့ အဆိုးဆုံးက ယာဘ စိတ်ကြွရူးသွပ်ဆေးပြား တွေ့တယ်ဆိုပြီး မူးယစ်ဆေးပစ်ဖမ်းဆီးတာတွေကတော့ ရှိနေတုန်းပဲလို့ အလုပ်သမားတွေက ပြောပြပါတယ်။ မကွေးတိုင်း အထက်မင်းလှမြို့ကနေ မဟာချိုင်မှာလာရောက် အလုပ်လုပ်ကိုင်နေတဲ့  ငါးသေတ္တာစက်ရုံလုပ်သား ကိုမြသန်းဇော်တို့ ဇနီးမောင်နှံကတော့ “ ကျနော်ကတော့ ကိုယ့်မြန်မာပြည်မှာပဲ လုပ်ချင်ပါတယ်ဗျာ။  စက်ရုံအလုပ်ရုံတွေ မြန်မာနိုင်ငံမှာ မြန်မြန်ရှိပါစေ ဆုတောင်းတယ်။ အဲလိုရှိရင် လုပ်ကိုလုပ်မှာ၊ မရှိတော့ ကိုယ့်ရွာမှာလုပ်ဆိုတော့လည်း  မိုးကခေါင်တာတမျိုးနဲ့ ဘာမှာ လုပ်ကိုင်စားသောက်ရတာအဆင်မပြေဘူး၊ စီးပွားရေးလုပ်မယ်ဆို လည်း လုပ်လို့ အဆင်မပြေဘူးလေ”လို့ပြောပါတယ်။ ထိုင်းနိုင်ငံကလုပ်ငန်းခွင်မျိုးစုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တဦးချင်းစီမှာ သူတို့ရဲ့ အနာဂတ်အတွက် ဘဝအိမ်မက်တွေ ကိုယ်စီရှိနေကြမှာဖြစ်သလို ကိုမြသန်းဇော်တို့ ဇနီးမောင်နှံ မှာလည်း အိပ်မက်တခုက အခိုင်အမာရှိထားပြီး ဖြစ်ပါတယ်။  “ကျနော်တို့ လုပ်ချင်တဲ့ အလုပ်တွေကလည်း မြန်မာပြည်မှာ သိပ်ပြီးတော့ မရှိဘူးဗျာ၊ ရွာမှာပေါ့၊ကိုယ့်မြန်မာပြည်မှာ စက်ရုံ အလုပ်ရုံတွေ ရှိမယ်ဆိုရင်တော့ ပြန်မှာပေါ့၊ ကိုယ့်မြန်မာနိုင်ငံမှာပဲ ပြန်လုပ်တော့မှာပေါ့။ အိမ်ဝိုင်းနဲ့ နေချင်လို့ လာတာပါ။  အိမ်လည်းဆောက်ချင်တယ်။ ဝိုင်းနဲ့ အိမ်နဲ့ရရင်တော့ ပြန်မယ်လို့ စိတ်ကူးထားတယ်” လို့ ကိုမြသန်းဇော်က ပြောပါတယ်။  မဟာချိုင်က မြန်မာလုပ်သားဇနီးမောင်နှံရဲ့ အလုပ်သိမ်းချိန် အိမ်အပြန်လမ်းကလေးကတော့   နေဝင်ဆည်းဆာအောက်မှာ မှောင်ရီဝိုးတဝါး။ နေဝင်မိုးချုပ်ခါနီး လမ်းမီးအလင်းရောင်တွေ မလာသေးသေးခင် သခွားသီးတွေ ရောင်းနေတဲ့ မြန်မာလူငယ်လေးကလည်း ဆိုင်သိမ်းဖို့ပြင်နေလေရဲ့။ သူတို့ရဲ့ကိုယ်စီအိမ်မက်တွေဖြစ်မလာသေးခင်အထိတော့ အမိမြေနဲ့အဝေး မဟာချိုင်က ဒီလမ်းကလေးမှာ နေ့စဉ်အလုပ်သွားအလုပ်ပြန် လျှောက်ချင်သည်ဖြစ်စေ မလျှောက်ချင်သည်ဖြစ်စေ ဘဝခရီးဆက်လက်လျှောက်လှမ်း နေကြရဦးမှာပါ။ ။ ဓာတ်ပုံ- ဘန်ကောက်ပို့စ် 
ေမွာင္ရီဝိုးတဝါး ေ႐ႊ႕ေျပာင္းအိပ္မက္မ်ား ပီတာေအာင္ “သခြားသီးေတြ ၅ ဘတ္၊ သခြားသီးေတြရမယ္၊ သခြားသီးေတြရမယ္၊ ၅ ဘတ္၊ ၅ ဘတ္ ” လို႔ အက်ႌကြက္ၾကားနဲ႔ ေဘာင္းဘီတိုဝတ္ဆင္ထားတဲ့ ပိန္ပိန္ပါးပါး လူငယ္ေလးတဦးက ဗမာလို ေအာ္ဟစ္ၿပီး ဟင္းသီးဟင္း႐ြက္ေတြ ေရာင္းခ်ေနတဲ့အသံက ဒါထိုင္းႏိုင္ငံဆိုတာ ႐ုတ္တရက္ေမ့ေလ်ာ့သြားေစခဲ့။ ညေနခင္း အလုပ္ဆင္းခ်ိန္မို႔ သနပ္ခါးပါးကြက္ၾကားနဲ႔ ယူနီေဖာင္းအျဖဴ၊ အျပာဝတ္ ေ႐ြ႕ေျပာင္း ျမန္မာအလုပ္သမေလးေတြ စက္႐ုံ၊ အလုပ္႐ုံသီးသီးကေန အစုလိုက္ အစုလိုက္၊ အလွ်ိဳအလွ်ိဳ လမ္းေလွ်ာက္ထြက္လာေနၾကတဲ့ ျမင္ကြင္းကလည္း ျမန္မာျပည္အလား။ တကယ္ေတာ့ ဒီေနရာ ဒီေဒသက ျမန္မာျပည္မဟုတ္၊ ထိုင္းႏိုင္ငံ အလယ္ပိုင္း ဘန္ေကာက္ၿမိဳ႕နားက စာမြတ္ဆာခြန္ခ႐ိုင္၊ တာ့ဆိုင္းရပ္ကြက္ရွိ Thai Union စက္႐ုံအနီး ေဆတကစ္လမ္းမႀကီးေပၚက လမ္းေဘးေဈးေလး တေနရာပါ။ ဒီေဈးေလးမွာ ေန႔စဥ္ေန႔တိုင္း လုပ္ငန္းခြင္ၿပီးလို႔ အိမ္ကိုျပန္ၾကတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြအတြက္ ျမန္မာေဈးသည္ေတြက ထမင္းနဲ႔ ဟင္းမ်ိဳးစုံ၊ အေၾကာ္စုံ၊ မုန႔္ဟင္းခါး၊ အသီးအ႐ြက္နဲ႔ သားငါး စတာေတြကို ေရာင္းခ်ေပးေနသလို အလုပ္သမားေတြကလည္း အိမ္အျပန္ ညစာအတြက္ ဟင္းစားေတြကို လြတ္လပ္စြာ ဝယ္ၾက ျခမ္းၾကနဲ႔ ညေနခင္း ေဈးေလးဟာ လႈပ္ရွားစည္ကား သက္ဝင္လို႔ ေနပါတယ္။ မဟာခ်ိဳင္လို႔ လူသိမ်ားတဲ့ စမြတ္ဆာခြန္ေဒသဟာ ဟိုးလြန္ခဲ့တဲ့ ၁၀ စုႏွစ္ေက်ာ္ ကာလေတြ တုန္းကေတာ့ ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ အၾကားမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ ထိတ္လန႔္စရာေဒသတခု ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံျခားသားေတြကေတာ့ ဒီေနရာကို Little Burma (ျမန္မာႏိုင္ငံငယ္ေလး) လို႔ေခၚၾကတာရွိေပမယ့္ ထိုင္းေတြကေတာ့ ဒီလိုေခၚတာကို သိပ္မႀကိဳက္လွပါဘူး။ ပင္လယ္ငါးဖမ္းလုပ္ငန္း အဓိကလုပ္ကိုင္တဲ့ ၿမိဳ႕ျဖစ္တဲ့အေလ်ာက္ ပင္လယ္အစားအစာ ထုတ္လုပ္တဲ့ စက္႐ုံအလုပ္႐ုံေတြမွာ သိန္းနဲ႔ခ်ီတဲ့ ျမန္မာေ႐ြ႕ေျပာင္းလုပ္သားေတြ ဝင္ေရာက္လုပ္ကိုင္ေနၾကပါတယ္။ ဒီလို လုပ္ကိုင္ၾကရာမွာ ထိုင္းအလုပ္ရွင္ေတြရဲ႕ ေခါင္းပုံျဖတ္မႈ၊ လုပ္အားခအျပည့္အ၀ မေပးမႈ၊ မတရားအလုပ္ေစခိုင္းမႈေတြကေန လူကုန္ကူးခံရမႈ၊ ငါးဖမ္းေလွေတြေပၚမွာ ေရာင္းစားၿပီး ေက်းကြၽန္သဖြယ္ ခိုင္းေစမႈ၊ လူသတ္မႈ၊ အဓမၼျပဳက်င့္မႈေတြအဆုံး အလုပ္သမားအခြင့္ အေရးခ်ိဳးေဖာက္မႈ မ်ိဳးစုံျဖစ္ပြားခဲ့တဲ့ နယ္ေျမျဖစ္ပါတယ္။ ဒီလို အလုပ္သမားေတြအေပၚ ေခါင္းပုံျဖတ္အျမတ္ထုတ္တဲ့ စက္႐ုံအလုပ္႐ုံေတြက ထြက္ရွိတဲ့ စားေသာက္ကုန္ေတြကို အေနာက္ႏိုင္ငံေတြက ဝယ္ယူသုံးစြဲတာေတြ မလုပ္သလို ထိုင္းႏိုင္ငံကို လူကုန္ကူးမႈ အဆိုး႐ြားဆုံးႏိုင္ငံေတြ စာရင္းမွာလည္း သတ္မွတ္ထည့္သြင္းခဲ့ပါတယ္။ အင္ဒိုနီးရွားကြၽန္းေတြမွာ ေရာက္ေနတဲ့ လူကုန္ကူးေရာင္းစားခံရတဲ့ ငါးဖမ္းေလွလုပ္သားေတြ အေရးနဲ႔ပတ္သက္ၿပီး ကမာၻ႔မီဒီယာေတြက ေဖာ္ထုတ္ခဲ့ၾကၿပီးေနာက္မွာ ႏိုင္ငံတကာရဲ႕ဖိအားေၾကာင့္ ထိုင္းအာဏာပိုင္ေတြက အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့ရာမွာ ခုဆိုရင္ ဒီေဒသမွာ အလုပ္သမားအခြင့္ေရးခ်ိဳးေဖာက္တဲ့ စက္႐ုံေတြ နည္းပါးသြားၿပီလို႔ မဟာခ်ိဳင္ အေျခစိုက္ အလုပ္သမားကာကြယ္ေရးကြန္ရက္အဖြဲ႕ (LPN) ထူေထာင္သူ ဆုမ္ေပါင္း ဆာလာကေယာက္ ကေျပာပါတယ္။ အလားတူ မဟာခ်ိဳင္မွာလည္း ျမန္မာအလုပ္သမားေတြကို ဆိုးဆိုး႐ြား႐ြား ႏွိပ္စက္ညႇဥ္းပန္းလုပ္အားေခါင္းပုံျဖတ္မတရားအလုပ္ခိုင္းေစခဲ့တဲ့ ငါးပုစြန္ကန္လုပ္ငန္း ၁၀ ခုေလာက္ရွိရာခဲ့ရာက ခုေတာ့ အားလုံးပိတ္သိမ္းကုန္ၿပီျဖစ္တဲ့အေၾကာင္း၊ အထူးသျဖင့္ ၂၀၁၂ ခုႏွစ္က ေဒၚေအာင္ဆန္းစုၾကည္ မဟာခ်ိဳင္ကို ေရာက္လာၿပီး ေနာက္ပိုင္း ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေနေတြ ပိုမိုတိုးတက္ေျပာင္းလဲလာခဲ့တယ္လို႔လည္း ဆုမ္ေပါင္းက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနအိမ္အက်ယ္ခ်ဳပ္ကေန ျပန္လြတ္လာၿပီးေနာက္ ပထမဆုံး ျပည္ပခရီးစဥ္အျဖစ္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ၂၀၁၂ ခုႏွစ္ ေမလက လာေရာက္ခဲ့ရာမွာ မဟာခ်ိဳင္ကိုလည္း သြားေရာက္ခဲ့ၿပီး ျမန္မာအလုပ္သမားေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒီလိုေတြ႕ဆုံခဲ့စဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာအလုပ္သမားေတြ ႀကဳံေတြ႕ ရင္ဆိုင္ေနရတဲ့အခက္အခဲေတြကို ကိုယ္တိုင္နားေထာင္ၿပီး ထိုင္းအာဏာပိုင္ေတြနဲ႔ ေတြ႕ဆုံတဲ့အခါမွာ အတတ္ႏိုင္ဆုံး တင္ျပေျဖရွင္းေပးမယ္လို႔ ကတိေပး ေျပာသြားခဲ့ပါတယ္။ မဟာခ်ိဳင္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မိန႔္ခြန္းကို လူအုပ္ႀကီးနဲ႔အတူ နားေထာင္ခဲ့ရတဲ့ ငါးသတၱာ စက္႐ုံလုပ္သားကို စိုင္းစိုင္းကေတာ့ “တခ်ိန္တုန္းကလုံၿခဳံမႈမရွိဘူးလို႔ ခံစားရတယ္။ က်ေနာ္တို႔ျမန္မာျပည္သားေတြေပၚတင္ႀကီး အဆြဲခံရတာမ်ိဳးေတြ၊ အလုအယက္ခံရတာမ်ိဳးေတြ ျဖစ္တယ္။ ဒါေတြကို အကူအညီေတာင္းရင္ ဘယ္ထိုင္းကမွ အေရးမယူေပးဘူး။ ဒီလမ္းေၾကာ ဒီေနာက္ထဲမွာဆိုရင္ မၾကာခဏဆိုသလို က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြ အသတ္ခံရတာမ်ိဳးေတြ အစအနေဖာ္မရဘူး။အ႐ိုက္အႏွက္ခံရတယ္ အလုအယက္ခံရတယ္။ စက္႐ုံ အလုပ္႐ုံေတြမွာဆိုလည္း အဲဒီလိုပဲ။ ေဒၚေအာင္ဆန္းစုၾကည္ လာၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီေနရာကို ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ ေရာက္လာတယ္ ဝင္ထြက္လာတယ္ အဲဒီေနာက္ပိုင္းမွာ ေတာ္မ်ားမ်ားေလးကို အမ်ားႀကီးကို ေျပာင္းလဲလာတယ္။ က်ေနာ္တို႔ ႐ိုးရာဝတ္စုံေတြလည္း လြတ္လြတ္လပ္လပ္ဝတ္လို႔ ရလာတယ္”လို႔ေျပာပါတယ္။ ဒါေပမယ့္ မဟာခ်ိဳင္က ေ႐ြ႕ေျပာင္းအလုပ္သမားေတြအေပၚ အလုပ္ရွင္ေတြရဲ႕ အလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္မႈေတြက ေဒၚေအာင္ဆန္းစုၾကည္ လာၿပီးေနာက္မွာ လုံးဝေပ်ာက္ကြယ္သြားတာေတာ့ မဟုတ္ပါဘူး။ လက္ရွိအခ်ိန္အထိလည္း အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနဆဲပဲလို႔ ေ႐ြ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္ (MWRN) အတြင္းေရးမႉး ဦးစိန္ေဌးက ေျပာပါတယ္။ “လုပ္ငန္းခြင္မွာ ေပးရမယ့္ အခြင့္အေရးေတြကို မေပးဘဲ ခ်ိဳးေဖာက္တာေတြရွိတယ္။ အလုပ္သမားက ေနမေကာင္းလို႔ က်န္းမာေရးခြင့္ယူရင္ ပိုက္ဆံျဖတ္တာ၊ ႏွစ္စဥ္အလုပ္ပိတ္ရက္ တႏွစ္ျပည့္ရင္ ၆ ရက္ လုပ္အားခရၿပီးနားခြင့္ရွိတာေပါ့၊ အဲဒါကို မေပးတာတို႔၊ ေနာက္ အခ်ိန္ပိုခိုင္းၿပီး အခ်ိန္ပိုေၾကးမေပးတာတို႔၊ ျပစ္ခ်က္မရွိဘဲ အလုပ္ထုတ္လိုက္တာတို႔ အဲဒါေတြက ရွိတုန္းပဲ။” ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံက သန္းနဲ႔ ခ်ီတဲ့ အလုပ္သမားေတြ လာေရာက္ အလုပ္လုပ္ကိုင္ေနၾကရတဲ့အဓိက အေၾကာင္းအရင္းေတြကေတာ့ ဇာတိေျမမွာ အလုပ္ကိုင္ရွားပါး တာနဲ႔ လုပ္ခလစာကြာဟခ်က္ေတြေၾကာင့္ပဲျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ထိုင္းေရာက္ ျမန္မာေ႐ြ႕ေျပာင္းလုပ္သားေတြ အမိျမန္မာႏိုင္ငံကို ျပန္ႏိုင္မယ့္ အေျခအေနေတြ ဖန္တီးေပးမယ့္ အေၾကာင္း၊ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ေမ့ထားမွာမဟုတ္ဘူးဆိုၿပီး လြန္ခဲ့တဲ့ ၇ ႏွစ္ေက်ာ္က ေမွ်ာ္လင့္ခ်က္ေတြ ေပးသြားခဲ့ပါတယ္။ ဒီေမွ်ာ္လင့္ခ်က္ေတြ ခုခ်ိန္မွာ ျဖစ္လာဖို႔ နီးစပ္ေနၿပီလာဆိုတဲ့ အေမးကိုေတာ့ မဟာခ်ိဳင္ရွိ ေ႐ႊ႕ေျပာင္းလုပ္သား အခြင့္အေရးကြန္ရက္ (MWRN) ဥကၠ႒ ဦးေအာင္ေက်ာ္က “အခ်ိန္က်ရင္ ကိုယ့္ရဲ႕ ႏိုင္ငံသားအားလုံး ကိုယ့္တိုင္းျပည္ကို ကိုယ္ျပန္လည္ဝင္ေရာက္ အလုပ္လုပ္ကိုင္ႏိုင္ေအာင္လည္း ႀကိဳးစားေပးမယ္လို႔ေတာ့ ေျပာသြားတာေပါ့။ ဒါကိုျပန္ၾကည့္ရ မယ္ဆိုရင္ ျမန္မာႏိုင္ငံ ႏွစ္၆၀ ၊ ၇၀ အဆိုး႐ြားဆုံး အေျခအေနကို ျဖတ္သန္းလာခဲ့တဲ့ အခါမွာ ခြၽတ္ၿခဳံက်ေနတဲ့ အေနအထားမ်ိဳးမွာ အခုအခ်ိန္မွာ ျပည္တြင္းမွာရွိတဲ့ အ႐ြယ္ေရာက္တဲ့ လုပ္သားေတြအားလုံးကို အလုပ္အကိုင္အခြင့္အလမ္းေပးဖို႔ေတာင္ မရွိႏိုင္ေသးတဲ့ အေနအထားမ်ိဳးမွာ ျပည္ပမွာ ေရာက္ေနတဲ့ ၆ သန္း ႏိုင္ငံတကာမွာေပါ့ေနာ္ ဒီလူေတြျပန္လာ အလုပ္လုပ္ဖို႔ ဆိုတာေတာ့ မလြယ္ကူေသးဘူး” လို႔ သုံးသပ္ေျပာပါတယ္။ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကေတာ့ ျမန္မာႏိုင္ငံက အလုပ္သမားေတြအတြက္ အနည္းဆုံး အခေၾကးေငြကို တိုးျမႇင့္သတ္မွတ္ေပးႏိုင္ခဲ့ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းျမင့္မား လာေစေရး စီမံေပးေနသလို ျပည္ပအလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးေနတယ္လို႔ ၿပီးခဲ့တဲ့ ျမန္မာ့ ႏွစ္သစ္ကူး မိန႔္ခြန္းမွာ ေျပာထားပါတယ္။ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ထုတ္ျပန္ထားတဲ့ စာရင္းအရေတာ့ လက္ရွိ အန္အယ္လ္ဒီအစိုးရလက္ထက္ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ၾသဂုတ္လကေန ၂၀၁၉ ဩဂုတ္အထိ ၃ ႏွစ္တာကာလအတြင္း ျပည္တြင္းမွာ လူေပါင္း ၇၀၀,၀၀၀ ေက်ာ္အတြက္ အလုပ္အကိုင္ရွာေဖြ ခန႔္ထားေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ကာလတူ အခ်ိန္အတြင္း ျပည္ပကို တရားဝင္အလုပ္သြားလုပ္သူ အေရအတြက္ကလည္း အစိုးရတရားဝင္ ထုတ္ျပန္တဲ့ စာရင္းမွာ ၆၃၈,၀၀၀ ေက်ာ္ရွိၿပီး တရားမဝင္သြားေရာက္တဲ့ အေရအတြက္က ဒီထက္ အနည္းဆုံး ၂ ဆေလာက္ ပိုမ်ားႏိုင္မယ္လို႔ ခန႔္မွန္းရပါတယ္။ ကုလသမဂၢ ေအဂ်င္စီေတြ ပူးေပါင္းျပဳစုထားတဲ့ Thailand Migration Report 2019 အစီရင္ခံစာအရ ၂၀၁၄ ခုႏွစ္က ထိုင္းႏိုင္ငံမွာ အေထာက္အထားရွိ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအ ေရအတြက္ ၁,၀၃၁,၆၄၃ ဦးရွိရာက လက္ရွိအစိုးရလက္ထက္ ၂၀၁၇ ခုႏွစ္မွာ ၂,၀၆၂,၂၇၇ ဦးအထိရွိလာၿပီး ျမန္မာေ႐ြ႕ေျပာင္းလုပ္သားစုစုေပါင္းရဲ႕ ၆၉ ရာခိုင္ႏႈန္းေလာက္ဟာ အေထာက္အထား လက္မွတ္ရွိလာၾကၿပီလို႔ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ အလုပ္သမားေတြအတြက္ တရက္ အနိမ့္ဆုံးလုပ္အားခကိုလည္း ၂၀၁၈ ခုႏွစ္ မတ္လမွာ က်ပ္ ၃၆၀၀ ကေန က်ပ္ ၄၈၀၀ ကို လက္ရွိအစိုးရက တိုးျမႇင့္သတ္မွတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒီလို တိုးျမႇင့္ေပးလိုက္တဲ့ လုပ္အားခပမာဏဟာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ မ်ားစြာ နည္းပါးေနပါေသးတယ္။ ထိုင္းႏိုင္ငံ မဟာခ်ိဳင္ေဒသမွာ အလုပ္သမားေတြရဲ႕ တေန႔ အနိမ့္ဆုံးလခဟာ ထိုင္းဘတ္ ၃၂၅ ဘတ္ရွိတာမို႔ ျမန္မာေငြနဲ႔ဆိုရင္ က်ပ္ ၁၆၀၀၀ ေလာက္ရွိပါတယ္။ ကေမာၻဒီးယားႏိုင္ငံက အထည္ခ်ဳပ္ လုပ္သားေတြရဲ႕ အနည္းဆုံးလုပ္အားခကလည္း တလကို အေမရိကန္ ေဒၚလာ ၁၈၀ ေက်ာ္ရေနၿပီမို႔ တေန႔ လုပ္အားခ ၆ ေဒၚလာေလာက္ ျမန္မာက်ပ္ေငြနဲ႔ဆို ၉၀၀၀ ေက်ာ္ေလာက္ရေနပါၿပီ။ မဟာခ်ိဳင္က ေ႐ႊ႕ေျပာင္းလုပ္သား ရင္ေသြးငယ္ေလးေတြကို စာသင္ေပးေနတဲ့ ဆရာမ ေဒၚတင္ေလးယုကေတာ့ “ျမန္မာျပည္မွာ တေန႔တာရဲ႕ လုပ္ခလစာ မိသားစုတစုကို မလုံေလာက္ဘူး။ ဒီထိုင္းႏိုင္ငံမွာေတာ့ လုပ္ခလစာက လုံေလာက္တယ္။ ဒါေပမယ့္ အပိုကုန္က်မႈေတြ ကိုယ္ကမသုံးဘူးဆိုရင္ေတာ့ ပိုက္ဆံစုမိမယ္၊ အေမစုလာတဲ့ အခ်ိန္တုန္းက အရမ္းအားတက္တယ္။ ငါတို႔ ျပန္ရေတာ့မယ္၊ အမ်ားစုက ျပန္ခ်င္တဲ့လူေတြခ်ည္းပဲ၊ မေနခ်င္ၾကဘူး။ အခုဆို ပိုဆိုးတယ္၊ ဒီအလုပ္လုပ္ခြင့္ ပါမစ္ဖိုးေပးဖို႔၊ ခဏေန စီအိုင္၊ ဟာ မဟုတ္ဘူး အမ္အိုယူသြားလုပ္ဦးနဲ႔ တကယ္တမ္း အဲဒီပြဲစားေတြသာ အဆင္ေျပသြားတယ္။ အလုပ္လုပ္ရတာလည္း ဒီမွာက ရရစားစားပဲ ျဖစ္ေနတယ္။ တကယ္လို႔မ်ား ျမန္မာျပည္မွာ လုပ္စရာအလုပ္ေတြ ရွိခဲ့မယ္ဆိုရင္၊ ေန႔စားလခေတြ တိုးခဲ့မယ္ဆိုရင္၊ ျပန္ၾကမယ့္သူေတြခ်ည္းပဲ” လို႔ ေျပာပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနရပ္ျပန္လာႏိုင္ဖို႔ အေျခအေနေတြကို အစိုးရက ဖန္တီးေပးသင့္တယ္လို႔ စီးပြားေရးပညာရွင္လည္းျဖစ္ ျမန္မာ့လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႉးလည္းျဖစ္တဲ့ ေဒါက္တာေဇာ္ဦးသုံးသပ္ေျပာပါတယ္။ “ဒီလူေတြဟာ အၿမဲတမ္းသြားေနမွာ မဟုတ္ဘူး။ ျပန္လာမွာျဖစ္တယ္။ သူတို႔ျပန္လာရင္ ဘယ္လိုအလုပ္အကိုင္ေတြ ေပးမွာလဲ။ သူတို႔သြားၿပီး အလုပ္လုပ္တဲ့ေနရာေတြမွာ ကြၽမ္းက်င္မႈေတြရ လာတယ္။ အေတြ႕အႀကဳံေတြ ရလာတယ္။ ဒါေပမယ့္ အဲဒီအေတြ႕အႀကဳံကို က်ေနာ္တို႔ ႏိုင္ငံထဲမွာ ျပန္သုံးခြင့္ရွိသလား၊ ျပန္သုံးႏိုင္သလား၊ သုံးႏိုင္ေအာင္ က်ေနာ္တို႔ ဘာေတြလုပ္ထားမလဲ ဒါေတြအားလုံးဟာ စဥ္းစားစရာေတြျဖစ္လာတယ္” ျမန္မာအစိုးရအေနနဲ႔ အိမ္အကူလုပ္သားေတြ အပါအဝင္ ထိုင္းေရာက္ ေ႐ြ႕ေျပာင္းလုပ္သားေတြအတြက္ လူမႈဖူလုံေရးခံစားခြင့္ေတြ အလုပ္ရွင္တိုင္းက လုပ္ေပး လာေအာင္လုပ္ဖို႔၊ ထိုင္းႏိုင္ငံက သန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြကို ထိထိေရာက္ေရာက္ ကူညီေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ အလုပ္သမား သံအရာရွိေတြကို ဝန္ထမ္းအင္အားျဖည့္ဆည္းေပးဖို႔လိုအပ္ေနပါေသးတယ္။ ဒါ့အျပင္ အလုပ္အကိုင္ေအဂ်င္စီေတြ ထိုင္းသြားမယ့္ အလုပ္သမားေတြဆီကေန ဥပေဒစည္းကမ္းသတ္မွတ္ခ်က္ထက္ေက်ာ္လြန္ၿပီး က်ပ္ေငြ ၇သိန္း၊ ၈သန္းကေန ၁၀ သိန္းအထိ ယူေဆာင္ေနတဲ့အတြက္တရားဝင္လူကုန္ကူးမႈသဖြယ္ျဖစ္ေနတဲ့ အမ္အိုယူစနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္ေနပါေသးတယ္။ ဘန္ေကာက္ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးရဲရန္ေအာင္ကေတာ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေန တိုးတက္ ေကာင္းမြန္လာေအာင္ တတ္ ႏိုင္သေ႐ြ႕ေတာ့ က်ေနာ္တို႔ လုပ္ေပးေနပါတယ္လို႔ေျပာပါတယ္။ “အခုဆို ျမင္တဲ့အတိုင္းပဲ ဒီဖုန္းဆို တတ္ႏိုင္သမွ် ၂၄ နာရီဖြင့္ထားတယ္။ ဒါေပမယ့္ တခ်ိဳ႕ေဝးတဲ့ေနရာေတြကေန အကူအညီေတာင္းလာခဲ့အခါ ခ်က္ျခင္းမလုပ္ေပးႏိုင္တဲ့အခါရွိတယ္ ခ်က္ျခင္းမလာႏိုင္တဲ့အခါ သူတို႔ ေဒါသျဖစ္တာေလးေတြရွိတယ္။” ထိုင္းႏိုင္ငံက ျမန္မာသံ႐ုံးမွာ အလုပ္သမားသံအရာရွိေတြခန႔္ထားၿပီး ျမန္မာ ေ႐ြ႕ေျပာင္းလုပ္သားေတြကို ကူညီေဆာင္႐ြက္ေပးတာကို အရင္အစိုးရ လက္ထက္ကတည္းက စတင္ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး အေထာက္အထားမဲ့ အလုပ္သမားေတြ အတြက္ ပတ္စ္ပို႔စ္ေတြ ကိုင္ႏိုင္ေအာင္ လုပ္ေပးတဲ့ လုပ္ငန္းစဥ္ေတြဟာလည္း ၂၀၁၂ ခုႏွစ္ အရင္အစိုးရ လက္ထက္ကတည္းက စတင္လုပ္ေဆာင္ခဲ့တာပါ။ ထိုင္းေရာက္ျမန္မာအလုပ္သမားေတြအမ်ားစုဟာ ခုဆိုရင္ ပတ္စ္ပို႔နဲ႔ အလုပ္လုပ္ခြင့္လက္မွတ္ေတြ ကိုင္ထားႏိုင္ၾကၿပီျဖစ္လို႔ အရင္ကထက္ ပိုမို လြတ္လပ္စြာ သြားလာေနထိုင္ႏိုင္ၾကသလို ထိုင္းရဲေတြက အရင္တုန္းကလို အေထာက္အထား လက္မွတ္ မျပႏိုင္တဲ့ ျမန္မာအလုပ္သမားေတြဆီက ေငြညႇစ္တာေတြနည္းပါးသြားၿပီ။ ဒါေပမယ့္ ထိုင္းရဲေတြက အလုပ္သမားေတြနဲ႔ ေတြ႕ရင္ ဖုန္းေတာင္းၾကည့္ၿပီး ဖုန္းထဲမွာ ဂဏန္း ၃လုံး ခ်ဲဂဏန္းေတြ႕တယ္ဆိုၿပီး ေငြေတာင္းတာေတြနဲ႔ အဆိုးဆုံးက ယာဘ စိတ္ႂကြ႐ူးသြပ္ေဆးျပား ေတြ႕တယ္ဆိုၿပီး မူးယစ္ေဆးပစ္ဖမ္းဆီးတာေတြကေတာ့ ရွိေနတုန္းပဲလို႔ အလုပ္သမားေတြက ေျပာျပပါတယ္။ မေကြးတိုင္း အထက္မင္းလွၿမိဳ႕ကေန မဟာခ်ိဳင္မွာလာေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ငါးေသတၱာစက္႐ုံလုပ္သား ကိုျမသန္းေဇာ္တို႔ ဇနီးေမာင္ႏွံကေတာ့ “ က်ေနာ္ကေတာ့ ကိုယ့္ျမန္မာျပည္မွာပဲ လုပ္ခ်င္ပါတယ္ဗ်ာ။ စက္႐ုံအလုပ္႐ုံေတြ ျမန္မာႏိုင္ငံမွာ ျမန္ျမန္ရွိပါေစ ဆုေတာင္းတယ္။ အဲလိုရွိရင္ လုပ္ကိုလုပ္မွာ၊ မရွိေတာ့ ကိုယ့္႐ြာမွာလုပ္ဆိုေတာ့လည္း မိုးကေခါင္တာတမ်ိဳးနဲ႔ ဘာမွာ လုပ္ကိုင္စားေသာက္ရတာအဆင္မေျပဘူး၊ စီးပြားေရးလုပ္မယ္ဆို လည္း လုပ္လို႔ အဆင္မေျပဘူးေလ”လို႔ေျပာပါတယ္။ ထိုင္းႏိုင္ငံကလုပ္ငန္းခြင္မ်ိဳးစုံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ သန္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားေတြ တဦးခ်င္းစီမွာ သူတို႔ရဲ႕ အနာဂတ္အတြက္ ဘဝအိမ္မက္ေတြ ကိုယ္စီရွိေနၾကမွာျဖစ္သလို ကိုျမသန္းေဇာ္တို႔ ဇနီးေမာင္ႏွံ မွာလည္း အိပ္မက္တခုက အခိုင္အမာရွိထားၿပီး ျဖစ္ပါတယ္။ “က်ေနာ္တို႔ လုပ္ခ်င္တဲ့ အလုပ္ေတြကလည္း ျမန္မာျပည္မွာ သိပ္ၿပီးေတာ့ မရွိဘူးဗ်ာ၊ ႐ြာမွာေပါ့၊ကိုယ့္ျမန္မာျပည္မွာ စက္႐ုံ အလုပ္႐ုံေတြ ရွိမယ္ဆိုရင္ေတာ့ ျပန္မွာေပါ့၊ ကိုယ့္ျမန္မာႏိုင္ငံမွာပဲ ျပန္လုပ္ေတာ့မွာေပါ့။ အိမ္ဝိုင္းနဲ႔ ေနခ်င္လို႔ လာတာပါ။ အိမ္လည္းေဆာက္ခ်င္တယ္။ ဝိုင္းနဲ႔ အိမ္နဲ႔ရရင္ေတာ့ ျပန္မယ္လို႔ စိတ္ကူးထားတယ္” လို႔ ကိုျမသန္းေဇာ္က ေျပာပါတယ္။ မဟာခ်ိဳင္က ျမန္မာလုပ္သားဇနီးေမာင္ႏွံရဲ႕ အလုပ္သိမ္းခ်ိန္ အိမ္အျပန္လမ္းကေလးကေတာ့ ေနဝင္ဆည္းဆာေအာက္မွာ ေမွာင္ရီဝိုးတဝါး။ ေနဝင္မိုးခ်ဳပ္ခါနီး လမ္းမီးအလင္းေရာင္ေတြ မလာေသးေသးခင္ သခြားသီးေတြ ေရာင္းေနတဲ့ ျမန္မာလူငယ္ေလးကလည္း ဆိုင္သိမ္းဖို႔ျပင္ေနေလရဲ႕။ သူတို႔ရဲ႕ကိုယ္စီအိမ္မက္ေတြျဖစ္မလာေသးခင္အထိေတာ့ အမိေျမနဲ႔အေဝး မဟာခ်ိဳင္က ဒီလမ္းကေလးမွာ ေန႔စဥ္အလုပ္သြားအလုပ္ျပန္ ေလွ်ာက္ခ်င္သည္ျဖစ္ေစ မေလွ်ာက္ခ်င္သည္ျဖစ္ေစ ဘဝခရီးဆက္လက္ေလွ်ာက္လွမ္း ေနၾကရဦးမွာပါ။ ။ ဓာတ္ပုံ- ဘန္ေကာက္ပို႔စ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024