Home
ရုပ်သံ
မက္ကဆီကို ရထား ၂ စင်းတိုက်မိသည့် ရုပ်သံ အစိုးရဖြန့်ချိ (ရုပ်သံ)
DVB
·
September 26, 2019
မက္ကဆီကိုနိုင်ငံ  နိုပါလာမြို့အတွင်း လုယက်ဖို့ ကြိုးစားရာက ရထား ၂ စီး တိုက်မိခဲ့တဲ့ ရုပ်သံကို အစိုးရရှေ့နေရုံးက စက်တင်ဘာ ၂၅ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။  စက်တင်ဘာ ၁၉ ရက်မှာ ရထားသံလမ်းပေါ် လုယက်သူတွေက ကျောက်တုံးတွေကိုတင်ပြီး ရထားကိုရပ်ခိုင်းဖို့ ကြိုးစားရာက လာနေတဲ့ တခြားရထားနဲ့ တိုက်မိခဲ့တာလို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက် အစီရင်ခံတာ မရှိပါဘူး။ ရာဇဝတ်ဂိုဏ်းတွေဟာ မူးယစ်ကုန်ကူးတာ၊ ခြိမ်းခြောက်ငွေညှစ်တာနဲ့ တခြားအစဉ်အလာ တရားမဝင် လုပ်ငန်းတွေကနေ တခြားနည်းလမ်းတွေကို ဆက်ပြီး ပြောင်းလုပ်လာနေတာပါ။  လတ်တလော နှစ်တွေအတွင်း ဓာတ်ဆီနဲ့ တခြားလောင်စာပိုက်လိုင်းတွေ၊ ရေနံချက် စက်ရုံတွေ ယိုယွင်းပျက်စီးလာနေပြီဖြစ်လို့ ရာဇဝတ်ဂိုဏ်းသားတွေဟာ လွယ်ကူပြီး လုံခြုံရေး လျော့နည်းတဲ့ ပစ်မှတ်အဖြစ် ရထားလမ်းတွေကို ပစ်မှတ်ထားလာခဲ့ကြပါတယ်။  မက္ကဆီကိုနိုင်ငံမှာ အဝေးပြေးလမ်းတွေတလျှောက် ကုန်ကားတွေကို ရာဇဝတ်ဂိုဏ်းတွေက ပစ်မှတ်ထားလာတာ ကြာပါပြီ။  ဒါကြောင့် ကုန်ထုတ်လုပ်သူတွေနဲ့ ကုမ္ပဏီတွေက ရထားတွေကို ရွေးလာခဲ့ကြပါတယ်။ မနှစ်က ရထားလုယက်မှု ၂ ဆကျော် တက်လာခဲ့ပြီး အကြိမ်ရေ လေးထောင်နီးပါး တိုင်ကြားခဲ့ပါတယ်။  ဒါကြောင့် နေ့စဉ် ၁၀ ကြိမ်ကျော် ခိုးယူ လုယက်ခံရတဲ့ သဘောဖြစ်နေတယ်လို့ မက္ကဆီကို အမျိုးသားရထားသယ်ယူပို့ဆောင်ရေး စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့ရဲ့ သတင်းအချက်အလက် တွေက ဆိုပါတယ်။ ================= မကၠဆီကို ရထား ၂ စင္းတိုက္မိသည့္ ႐ုပ္သံ အစိုးရျဖန႔္ခ်ိ (႐ုပ္သံ) DVB မကၠဆီကိုႏိုင္ငံ  ႏိုပါလာၿမိဳ႕အတြင္း လုယက္ဖို႔ ႀကိဳးစားရာက ရထား ၂ စီး တိုက္မိခဲ့တဲ့ ႐ုပ္သံကို အစိုးရေရွ႕ေန႐ုံးက စက္တင္ဘာ ၂၅ ရက္မွာ ျဖန႔္ခ်ိလိုက္ပါတယ္။ စက္တင္ဘာ ၁၉ ရက္မွာ ရထားသံလမ္းေပၚ လုယက္သူေတြက ေက်ာက္တုံးေတြကိုတင္ၿပီး ရထားကိုရပ္ခိုင္းဖို႔ ႀကိဳးစားရာက လာေနတဲ့ တျခားရထားနဲ႔ တိုက္မိခဲ့တာလို႔ အစီရင္ခံစာေတြက ဆိုပါတယ္။ ထိခိုက္ေသဆုံးသူ အေရအတြက္ အစီရင္ခံတာ မရွိပါဘူး။ ရာဇဝတ္ဂိုဏ္းေတြဟာ မူးယစ္ကုန္ကူးတာ၊ ၿခိမ္းေျခာက္ေငြညႇစ္တာနဲ႔ တျခားအစဥ္အလာ တရားမဝင္ လုပ္ငန္းေတြကေန တျခားနည္းလမ္းေတြကို ဆက္ၿပီး ေျပာင္းလုပ္လာေနတာပါ။ လတ္တေလာ ႏွစ္ေတြအတြင္း ဓာတ္ဆီနဲ႔ တျခားေလာင္စာပိုက္လိုင္းေတြ၊ ေရနံခ်က္ စက္႐ုံေတြ ယိုယြင္းပ်က္စီးလာေနၿပီျဖစ္လို႔ ရာဇဝတ္ဂိုဏ္းသားေတြဟာ လြယ္ကူၿပီး လုံၿခဳံေရး ေလ်ာ့နည္းတဲ့ ပစ္မွတ္အျဖစ္ ရထားလမ္းေတြကို ပစ္မွတ္ထားလာခဲ့ၾကပါတယ္။ မကၠဆီကိုႏိုင္ငံမွာ အေဝးေျပးလမ္းေတြတေလွ်ာက္ ကုန္ကားေတြကို ရာဇဝတ္ဂိုဏ္းေတြက ပစ္မွတ္ထားလာတာ ၾကာပါၿပီ။ ဒါေၾကာင့္ ကုန္ထုတ္လုပ္သူေတြနဲ႔ ကုမၸဏီေတြက ရထားေတြကို ေ႐ြးလာခဲ့ၾကပါတယ္။ မႏွစ္က ရထားလုယက္မႈ ၂ ဆေက်ာ္ တက္လာခဲ့ၿပီး အႀကိမ္ေရ ေလးေထာင္နီးပါး တိုင္ၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ ၁၀ ႀကိမ္ေက်ာ္ ခိုးယူ လုယက္ခံရတဲ့ သေဘာျဖစ္ေနတယ္လို႔ မကၠဆီကို အမ်ိဳးသားရထားသယ္ယူပို႔ေဆာင္ေရး စည္းမ်ဥ္းႀကီးၾကပ္ေရးအဖြဲ႕ရဲ႕ သတင္းအခ်က္အလက္ ေတြက ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024