ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဒဏ်ရာထပ်ရ 

ဗီလာရီးရဲလ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဒဏ်ရာထပ်ရသွား ပါတယ်။ မက်ဆီဟာ ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပေမယ့် ပထမပိုင်းမှာ ပေါင်ခြံဒဏ်ရာရခဲ့လို့ ဒုတိယ ပိုင်းပွဲစကတည်းက ဒမ်ဘီလီနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပွဲအစပိုင်းကတည်းက ဗီလာရီးယဲလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်၄၄မိနစ်မှာ ကာဇိုလာက ဗီလာရီးရဲလ်အတွက် ချေပဂိုးတဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  ဂရန်နာဒါအသင်းကို ရှုံးပြီးနောက် နိုင်ပွဲပြန်ရခဲ့ပေမယ့်လည်း လိဂ်ပွဲတိုင်းမှာ ဂိုးပေးနေရတဲ့ ဘာစီလိုနာ ခံစစ်ပိုင်းကိုတော့ ပြင်ဆင်နိုင်ဖို့လိုအပ် မှာဖြစ်ပါတယ်။  မက်ဆီအနေနဲ့ ဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူရမယ်ဆိုတာတော့ မသိရသေးပေယ့် လာမယ့်တပတ်ပွဲစဉ်ကိုတော့ လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။ ====================== ဘာစီလိုနာတိုက္စစ္မႉး မက္ဆီ ဒဏ္ရာထပ္ရ DVB ဗီလာရီးရဲလ္ကို အႏိုင္ရတဲ့ပြဲစဥ္မွာ ဘာစီလိုနာတိုက္စစ္မႉးမက္ဆီဒဏ္ရာထပ္ရသြား ပါတယ္။ မက္ဆီဟာ ဒဏ္ရာကေနျပန္လည္ေကာင္းမြန္လာၿပီးေနာက္ ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းမွာ ပါဝင္ကစားခဲ့တာျဖစ္ေပမယ့္ ပထမပိုင္းမွာ ေပါင္ၿခံဒဏ္ရာရခဲ့လို႔ ဒုတိယ ပိုင္းပြဲစကတည္းက ဒမ္ဘီလီနဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ပြဲအစပိုင္းကတည္းက ဗီလာရီးယဲလ္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္၄၄မိနစ္မွာ ကာဇိုလာက ဗီလာရီးရဲလ္အတြက္ ေခ်ပဂိုးတဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဂရန္နာဒါအသင္းကို ရႈံးၿပီးေနာက္ ႏိုင္ပြဲျပန္ရခဲ့ေပမယ့္လည္း လိဂ္ပြဲတိုင္းမွာ ဂိုးေပးေနရတဲ့ ဘာစီလိုနာ ခံစစ္ပိုင္းကိုေတာ့ ျပင္ဆင္ႏိုင္ဖို႔လိုအပ္ မွာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ ဒဏ္ရာေၾကာင့္ ဘယ္ေလာက္အထိ အနားယူရမယ္ဆိုတာေတာ့ မသိရေသးေပယ့္ လာမယ့္တပတ္ပြဲစဥ္ကိုေတာ့ လြဲေခ်ာ္ႏိုင္ဖြယ္ရွိေနပါတယ္။    

More News
Up