Homeမြန်မာသတင်း
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် လုံခြုံရေးသတိရှိရန် အမေရိကန်သံရုံးထုတ်ပြန်
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် လုံခြုံရေးသတိရှိရန် အမေရိကန်သံရုံးထုတ်ပြန်
DVB
·
September 26, 2019
မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေရှိတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
အမေရိကန်သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာတော့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားတာပါ။
ဒါကြောင့်မို့ ကိုယ့်ရဲ့လုံခြုံမှုအတွက် ပြင်ဆင်ထားကြဖို့၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာမှာနဲ့ အစိုးရရုံးတွေမှာ လုံခြုံရေးသတိရှိဖို့၊ ဒေသတွင်းသတင်းမီဒီယာတွေပေါ် နောက်ဆုံးရသတင်းအချက် အလက်တွေကို နားစွင့်ဖို့၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိပေးထားဖို့စတဲ့ အချက်အလက်တွေကို အလေးထား လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေရဲ့လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ရဲတပ်ဖွဲ့ကတော့ သီးခြားသတိပေးချက် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
=================
ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕ႀကီးမ်ားတြင္ လုံၿခဳံေရးသတိရွိရန္ အေမရိကန္သံ႐ုံးထုတ္ျပန္
DVB
ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးသုံးၿမိဳ႕ျဖစ္တဲ့ ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္ေခ်ရွိတဲ့အတြက္ ႏိုင္ငံသားေတြအေနနဲ႔ လုံၿခဳံေရးသတိရွိၾကဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ထုတ္ျပန္ထားပါတယ္။
အေမရိကန္သံ႐ုံးရဲ႕ တရားဝင္ဝက္ဘ္ဆိုဒ္စာမ်က္ႏွာေပၚမွာေတာ့ ျမန္မာႏိုင္ငံလုံၿခဳံေရးတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ ဒီကေန႔ စက္တင္ဘာလ ၂၆ ရက္၊ ေအာက္တိုဘာလ ၁၆ ရက္နဲ႔ ၂၆ ရက္ေတြမွာ ဆက္တိုက္ တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ေဖာ္ျပထားတာပါ။
ဒါေၾကာင့္မို႔ ကိုယ့္ရဲ႕လုံၿခဳံမႈအတြက္ ျပင္ဆင္ထားၾကဖို႔၊ အထူးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ အျပန္အလွန္ဆက္သြယ္ေဆာင္႐ြက္ရာမွာနဲ႔ အစိုးရ႐ုံးေတြမွာ လုံၿခဳံေရးသတိရွိဖို႔၊ ေဒသတြင္းသတင္းမီဒီယာေတြေပၚ ေနာက္ဆုံးရသတင္းအခ်က္ အလက္ေတြကို နားစြင့္ဖို႔၊ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကို သတိေပးထားဖို႔စတဲ့ အခ်က္အလက္ေတြကို အေလးထား လုပ္ေဆာင္ဖို႔ ႏႈိးေဆာ္ထားပါတယ္။
ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ မႏၲေလးၿမိဳ႕ေတြရဲ႕လုံၿခဳံေရးအေျခအေနနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရနဲ႔ ရဲတပ္ဖြဲ႕ကေတာ့ သီးျခားသတိေပးခ်က္ ထုတ္ျပန္ထားတာ မရွိေသးပါဘူး။