Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ်တွင် ဘိုင်းဒါချောင်း တာကျိုးပေါက်မှုကြောင့် လယ်ဧက ၅၀၀ ကျော် ရေနစ်မြုပ်
DVB
·
September 24, 2019
71667591_2181891635436866_8326941469449388032_o
71324853_2181891732103523_7415783510725623808_o
71230121_2181891678770195_7133403614470471680_o
70629456_2181886838770679_2701248036469735424_o
70659852_2181891785436851_2183770310560448512_o
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ နှင်းပုလဲကျေးရွာမှာ ဘိုင်းဒါချောင်းတာကျိုးပေါက်မှုကြောင့် လယ်ဧက ၅၀၀ ကျော် ရေနစ်မြုပ်နေပြီး မျိုးစပါးတွေပျက်စီးသွားလို့ ဒေသခံတောင်သူတွေ အခက်အခဲတွေ့နေပါတယ်။ ဘိုင်းဒါးချောင်းတာကျိုးပေါက်မှုကြောင့် တောင်သူ ၈၀ ကျော်ရဲ့ မျိုးစပါးစိုက်ခင်းဧက ၈၀၀ ကျော် ပျက်စီးသွားခဲ့ရပြီး ကျပ်သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ရသလို နောက်စိုက်လယ်ဧက ၁၀၀၀ ကျော် စိုက်ပျိုးလုပ်ကိုင်ခွင့်မရရှိတော့ဘူးလို့ တောင်သူ ဦးမောင်မြင့်ကပြောပါတယ်။ "မျိုးစပါးစိုက်ခင်းတွေဟာ နှစ်ကြိမ်တိုင် ပျက်စီးဆုံးရှုံးသွားခဲ့ရတာကြောင့် ထပ်မံဝယ်ယူဖို့ ရာ အခက်အခဲဖြစ်ပေါ်နေပြီး စိုက်ဘဏ်ချေးငွေပြန်ဆပ်ဖို့ မဖြစ်နိုင်တော့ဘူး”လို့ ဆိုပါတယ်။ "နောက်ထပ်ဝယ်စရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ဒီကျိုးပေါက်နေတဲ့တာကို ပိတ်ဖို့ဆိုတာကလည်း တောင်သူတွေအနေနဲ့ မလုပ်တတ်ဘူး" ဘိုင်းဒါးတာကျိုးပေါက်မှုကို ပြန်လည်ပြုပြင်ပေးဖို့ သြဂုတ် ၂၄ ရက်ကတည်းက သက်ဆိုင်ရာကို အကြိမ်ကြိမ်တင်ပြတိုင်ကြားခဲ့ပေမယ့် ခုအချိန်အထိပြန်ပြုပြင်ပေးခြင်းမရှိသလို တောင်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကိုဖြေရှင်းပေးတာမျိုးမရှိဘူးလို့ တောင်သူဦးမောင်ထွေးက ပြောပါတယ်။ “အပေါက်က လောလောဆယ်ပိတ်မယ်ဆိုရင် ကျပ်သိန်း လေးငါးဆယ်လောက် ကုန်မှာဖြစ်တဲ့အတွက် ကျနော်တို့က လက်သင့်မခံနိုင်ဘူး။ ဒါကိုသက်ဆိုင်ရာ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေကို တိုင်ကြားခဲ့ပေမယ့် ခုအချိန်အထိ ပြန်လည်ပြု ပြင်ပေးခြင်းမရှိသလို တာကျိုးပေါက်လို့ နစ်နာဆုံးရှုံးခဲ့ရတဲ့တောင်သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတာ မရှိဘူး”  ဘိုင်းဒါးချောင်း တိမ်ကောလာလို့ ၂၀၁၆-၂၀၁၇ခုနှစ်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုဘတ်ဂျက်ငွေ ကျပ် သိန်း ၄၅၀၀ အကုန်ကျခံကာ ဖအောင်းစုကျေးရာမှ ပနွတ်ကျေးရွာ အထိတိုးချဲ့ပြုပြင်ခဲ့ပါတယ်။ ဒိုက်ဦးမြို့နယ်မှာရှိတဲ့ ချောင်းတွေအများစုဟာ တောင်ကျချောင်းတွေဖြစ်ပြီး သဲဆန်တဲ့ မြေတွေဖြစ်တာကြောင့် မိုးများတဲ့အချိန်တွေမှာ တခြားကျေးရွာကချောင်းတွေလည်း အမြဲလို ကျိုးပေါက်မှုတွေ ကြုံတွေ့နေရတာဖြစ်တယ်၊ လယ်ယာမြေရေကြီး နစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါက တောင်သူတွေကပဲစုပေါင်းပြီပြန်လည်ပြုပြင်ခဲ့ကြတာမျိုးပဲရှိတယ်လို့ ဆည်မြောင်း ဦးစီးမှူး ဦးဟန်ကိုလတ်က ပြောပါတယ်။ ဆည်မြောင်းဦးစီးဌာနအနေနဲ့ ရန်ပုံငွေရတဲ့နှစ်တွေမှာ တာကျိုးပေါက်မှုရှိတဲ့ဒေသတွေကို အရေးပေါ်ပစ္စည်းတွေ အချိုးကျခွဲဝေပေးတာတွေရှိပေမယ့် ဒီနှစ်မှာဘိုင်းဒါးချောင်းအတွက် ရန်ပုံမရရှိတာကြောင့် အရေးပေါ်ပစ္စည်းတွေ ကူညီထောက်ပံ့မှုမပေးနိုင်တာဖြစ်တယ်လို့ ဆည်မြောင်းဦးစီးမှူး ဦးဟန်ကိုလတ်က ဆိုပါတယ်။ “ဘတ်ဂျက်ဆိုတာကလည်း ခုတင်ခုကျတာမဟုတ်တော့ ကျနော်တို့က ဘိုင်းဒါးချောင်းအတွက် မကူညီနိုင်ခဲ့တာပါ။ ကျိုးပေါက်နေတဲ့တာကို တောင်သူတွေ စုပေါင်းပြီပိတ်မှပဲ အဆင်ပြေမှာ” ဘိုင်းဒါးတာကျိုးပြီး လယ်ယာမြေတွေ နစ်မြှုပ်ဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်က တောင်သူတွေက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ကျိုးပေါက်နေတဲ့တာပေါင်ကို ပြန်လည်ပိတ်ပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်နေပါတယ်။ သတင်း-ဓါတ်ပုံ နေလင်းထိုက်
ဒိုက္ဦးၿမိဳ႕နယ္တြင္ ဘိုင္းဒါေခ်ာင္း တာက်ိဳးေပါက္မႈေၾကာင့္ လယ္ဧက ၅၀၀ ေက်ာ္ ေရနစ္ျမဳပ္ DVB ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ႏွင္းပုလဲေက်း႐ြာမွာ ဘိုင္းဒါေခ်ာင္းတာက်ိဳးေပါက္မႈေၾကာင့္ လယ္ဧက ၅၀၀ ေက်ာ္ ေရနစ္ျမဳပ္ေနၿပီး မ်ိဳးစပါးေတြပ်က္စီးသြားလို႔ ေဒသခံေတာင္သူေတြ အခက္အခဲေတြ႕ေနပါတယ္။ ဘိုင္းဒါးေခ်ာင္းတာက်ိဳးေပါက္မႈေၾကာင့္ ေတာင္သူ ၈၀ ေက်ာ္ရဲ႕ မ်ိဳးစပါးစိုက္ခင္းဧက ၈၀၀ ေက်ာ္ ပ်က္စီးသြားခဲ့ရၿပီး က်ပ္သိန္း ၃၀၀ ေက်ာ္ ဆုံးရႈံးခဲ့ရသလို ေနာက္စိုက္လယ္ဧက ၁၀၀၀ ေက်ာ္ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္မရရွိေတာ့ဘူးလို႔ ေတာင္သူ ဦးေမာင္ျမင့္ကေျပာပါတယ္။ "မ်ိဳးစပါးစိုက္ခင္းေတြဟာ ႏွစ္ႀကိမ္တိုင္ ပ်က္စီးဆုံးရႈံးသြားခဲ့ရတာေၾကာင့္ ထပ္မံဝယ္ယူဖို႔ ရာ အခက္အခဲျဖစ္ေပၚေနၿပီး စိုက္ဘဏ္ေခ်းေငြျပန္ဆပ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး”လို႔ ဆိုပါတယ္။ "ေနာက္ထပ္ဝယ္စရာ ပိုက္ဆံလည္း မရွိေတာ့ဘူး။ ဒီက်ိဳးေပါက္ေနတဲ့တာကို ပိတ္ဖို႔ဆိုတာကလည္း ေတာင္သူေတြအေနနဲ႔ မလုပ္တတ္ဘူး" ဘိုင္းဒါးတာက်ိဳးေပါက္မႈကို ျပန္လည္ျပဳျပင္ေပးဖို႔ ၾသဂုတ္ ၂၄ ရက္ကတည္းက သက္ဆိုင္ရာကို အႀကိမ္ႀကိမ္တင္ျပတိုင္ၾကားခဲ့ေပမယ့္ ခုအခ်ိန္အထိျပန္ျပဳျပင္ေပးျခင္းမရွိသလို ေတာင္သူေတြရဲ႕ နစ္နာဆုံးရႈံးမႈေတြကိုေျဖရွင္းေပးတာမ်ိဳးမရွိဘူးလို႔ ေတာင္သူဦးေမာင္ေထြးက ေျပာပါတယ္။ “အေပါက္က ေလာေလာဆယ္ပိတ္မယ္ဆိုရင္ က်ပ္သိန္း ေလးငါးဆယ္ေလာက္ ကုန္မွာျဖစ္တဲ့အတြက္ က်ေနာ္တို႔က လက္သင့္မခံႏိုင္ဘူး။ ဒါကိုသက္ဆိုင္ရာ ဝန္ႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ေတြကို တိုင္ၾကားခဲ့ေပမယ့္ ခုအခ်ိန္အထိ ျပန္လည္ျပဳ ျပင္ေပးျခင္းမရွိသလို တာက်ိဳးေပါက္လို႔ နစ္နာဆုံးရႈံးခဲ့ရတဲ့ေတာင္သူေတြရဲ႕ အခက္အခဲကို ကူညီေျဖရွင္းေပးတာ မရွိဘူး” ဘိုင္းဒါးေခ်ာင္း တိမ္ေကာလာလို႔ ၂၀၁၆-၂၀၁၇ခုႏွစ္က ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံ ခန႔္ခြဲေရးဦးစီးဌာနက ျပည္ေထာင္စုဘတ္ဂ်က္ေငြ က်ပ္ သိန္း ၄၅၀၀ အကုန္က်ခံကာ ဖေအာင္းစုေက်းရာမွ ပႏြတ္ေက်း႐ြာ အထိတိုးခ်ဲ႕ျပဳျပင္ခဲ့ပါတယ္။ ဒိုက္ဦးၿမိဳ႕နယ္မွာရွိတဲ့ ေခ်ာင္းေတြအမ်ားစုဟာ ေတာင္က်ေခ်ာင္းေတြျဖစ္ၿပီး သဲဆန္တဲ့ ေျမေတြျဖစ္တာေၾကာင့္ မိုးမ်ားတဲ့အခ်ိန္ေတြမွာ တျခားေက်း႐ြာကေခ်ာင္းေတြလည္း အၿမဲလို က်ိဳးေပါက္မႈေတြ ႀကဳံေတြ႕ေနရတာျဖစ္တယ္၊ လယ္ယာေျမေရႀကီး နစ္ျမဳပ္မႈေတြ ျဖစ္ေပၚခဲ့ပါက ေတာင္သူေတြကပဲစုေပါင္းၿပီျပန္လည္ျပဳျပင္ခဲ့ၾကတာမ်ိဳးပဲရွိတယ္လို႔ ဆည္ေျမာင္း ဦးစီးမႉး ဦးဟန္ကိုလတ္က ေျပာပါတယ္။ ဆည္ေျမာင္းဦးစီးဌာနအေနနဲ႔ ရန္ပုံေငြရတဲ့ႏွစ္ေတြမွာ တာက်ိဳးေပါက္မႈရွိတဲ့ေဒသေတြကို အေရးေပၚပစၥည္းေတြ အခ်ိဳးက်ခြဲေဝေပးတာေတြရွိေပမယ့္ ဒီႏွစ္မွာဘိုင္းဒါးေခ်ာင္းအတြက္ ရန္ပုံမရရွိတာေၾကာင့္ အေရးေပၚပစၥည္းေတြ ကူညီေထာက္ပံ့မႈမေပးႏိုင္တာျဖစ္တယ္လို႔ ဆည္ေျမာင္းဦးစီးမႉး ဦးဟန္ကိုလတ္က ဆိုပါတယ္။ “ဘတ္ဂ်က္ဆိုတာကလည္း ခုတင္ခုက်တာမဟုတ္ေတာ့ က်ေနာ္တို႔က ဘိုင္းဒါးေခ်ာင္းအတြက္ မကူညီႏိုင္ခဲ့တာပါ။ က်ိဳးေပါက္ေနတဲ့တာကို ေတာင္သူေတြ စုေပါင္းၿပီပိတ္မွပဲ အဆင္ေျပမွာ” ဘိုင္းဒါးတာက်ိဳးၿပီး လယ္ယာေျမေတြ နစ္ျမႇဳပ္ဆုံးရႈံးရတာနဲ႔ ပတ္သက္ၿပီး စက္တင္ဘာ ၂၃ ရက္က ေတာင္သူေတြက သတင္းစာရွင္းလင္းပြဲက်င္းပခဲ့ၿပီး က်ိဳးေပါက္ေနတဲ့တာေပါင္ကို ျပန္လည္ပိတ္ေပးဖို႔အတြက္ တိုင္းေဒသႀကီးအစိုး႐ုံးေရွ႕မွာ ဆႏၵျပေတာင္းဆိုဖို႔ စီစဥ္ေနပါတယ္။ သတင္း-ဓါတ္ပုံ ေနလင္းထိုက္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024