အီရန် ငြိမ်းချမ်းရေးစီမံကိန်းအတွက် လမ်းဖွင့်ထားဟု  သမ္မတ ဒေါ်နယ်ထရမ့်ပြော

အီရန်ရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအကြောင်း ကြားဖို့ အမြဲလမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က စက်တင်ဘာ ၂၃ မှာ ပြောလိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပင်လယ်ကွေ့ထဲမှာ လုံခြုံရေး ဖန်တီးမယ့် စီမံကိန်း တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမယ်လို့ အီရန်သမ္မတက ပြောအပြီး နာရီပိုင်းအကြာမှာ ထရမ့်က ခုလို ပြောလိုက်တာပါ၊ “သူတို့နဲ့ တွေ့ဖို့ အစီအစဉ် ကျနော့်မှာ မရှိဘူး။ ဒါပေမဲ့ ကျနော် အမြဲ လမ်းဖွင့်ထားပါတယ်”လို့ ထရမ့်က ပြောပါတယ်။  ဆော်ဒီအာရေဗျနိုင်ငံထဲက ရေနံချက် စက်ရုံ ၂ ရုံကို ဒရုမ်းယာဉ်နဲ့ တိုက်ခိုက်မှုအတွက် ဘယ်သူလုပ်တာလဲဆိုတဲ့ ခိုင်မာတဲ့ သက်သေတွေဟာ ဥရောပနဲ့ တခြားအင်အားကြီး နိုင်ငံတွေ အတွက် အတိမ်းအစောင်းမခံလောက်အောင် အရေးပါနေတာပါ။ အမေရိကန်ခေါင်းဆောင်တဲ့ ပင်လယ်ရေကြောင်း ဘေးကင်းရေး မိတ်ဖက်အဖွဲ့နဲ့ ပူးပေါင်းဖို့ အနောက်နိုင်ငံတွေက တွန့်ဆုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် မေလနဲ့ ဇွန်လတွေ တုန်းက  ပင်လယ်ကွေ့ထဲက ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရအပြီး အီရန်ကိုပဲ သံသယဝင်ခဲ့ အပြစ်တင်ခဲ့ကြပြီး အီရန်ကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အီရန္ ၿငိမ္းခ်မ္းေရးစီမံကိန္းအတြက္ လမ္းဖြင့္ထားဟု  သမၼတ ေဒၚနယ္ထရမ့္ေျပာ အီရန္ရဲ႕ ၿငိမ္းခ်မ္းေရးစီမံကိန္းအေၾကာင္း ၾကားဖို႔ အၿမဲလမ္းဖြင့္ထားတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က စက္တင္ဘာ ၂၃ မွာ ေျပာလိုက္ပါတယ္။ ေဒသတြင္းႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီး ပင္လယ္ေကြ႕ထဲမွာ လုံၿခဳံေရး ဖန္တီးမယ့္ စီမံကိန္း တရပ္ကို ကုလသမဂၢ အေထြေထြညီလာခံမွာ တင္ျပမယ္လို႔ အီရန္သမၼတက ေျပာအၿပီး နာရီပိုင္းအၾကာမွာ ထရမ့္က ခုလို ေျပာလိုက္တာပါ၊ “သူတို႔နဲ႔ ေတြ႕ဖို႔ အစီအစဥ္ က်ေနာ့္မွာ မရွိဘူး။ ဒါေပမဲ့ က်ေနာ္ အၿမဲ လမ္းဖြင့္ထားပါတယ္”လို႔ ထရမ့္က ေျပာပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံထဲက ေရနံခ်က္ စက္႐ုံ ၂ ႐ုံကို ဒ႐ုမ္းယာဥ္နဲ႔ တိုက္ခိုက္မႈအတြက္ ဘယ္သူလုပ္တာလဲဆိုတဲ့ ခိုင္မာတဲ့ သက္ေသေတြဟာ ဥေရာပနဲ႔ တျခားအင္အားႀကီး ႏိုင္ငံေတြ အတြက္ အတိမ္းအေစာင္းမခံေလာက္ေအာင္ အေရးပါေနတာပါ။ အေမရိကန္ေခါင္းေဆာင္တဲ့ ပင္လယ္ေရေၾကာင္း ေဘးကင္းေရး မိတ္ဖက္အဖြဲ႕နဲ႔ ပူးေပါင္းဖို႔ အေနာက္ႏိုင္ငံေတြက တြန႔္ဆုတ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ေမလနဲ႔ ဇြန္လေတြ တုန္းက  ပင္လယ္ေကြ႕ထဲက ေရနံတင္သေဘၤာေတြ တိုက္ခိုက္ခံရအၿပီး အီရန္ကိုပဲ သံသယဝင္ခဲ့ အျပစ္တင္ခဲ့ၾကၿပီး အီရန္ကေတာ့ စြဲခ်က္ေတြကို ျငင္းထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up