ဖီဖာ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆု မက်ဆီ ရရှိ

Photo : FIFA Football Awards
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ တနှစ်တာအတွက် အကောင်းဆုံး ဘောလုံးသမားဆုကို တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ရရှိသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအတွက်တော့ ဖီဖာက ပေးအပ်တဲ့ အကောင်းဆုံးဆုကို  ၆ ကြိမ်မြောက် ရယူနိုင်တာဖြစ်ပြီး Best Men Player နာမည်နဲ့ဆုကို ပထမဆုံးအကြိမ် ရရှိတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကို လာလီဂါ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။  မက်ဆီဟာ ဒီနှစ်မှာ အကောင်းဆုံးဆုကို ၄၆ မှတ်နဲ့ရတာ ဖြစ်ပြီး လီဗာပူး နောက်တန်းသမား ဗန်ဒိုက်က ၃၈ မှတ်နဲ့ ဒုတိယ၊ ရော်နယ်ဒိုက ၃၆ မှတ်နဲ့ တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုကိုတော့ လီဗာပူး နည်းပြ ဂျာဂန်ကလော့၊ အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကို အမေရိကန်က မက်ဂန် ရာပီနိုက ရရှိသွားပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖီဖာ တႏွစ္တာ အေကာင္းဆုံးေဘာလုံးသမားဆု မက္ဆီ ရရွိ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာရဲ႕ တႏွစ္တာအတြက္ အေကာင္းဆုံး ေဘာလုံးသမားဆုကို တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ရရွိသြားပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ အာဂ်င္တီးနားနဲ႔ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီအတြက္ေတာ့ ဖီဖာက ေပးအပ္တဲ့ အေကာင္းဆုံးဆုကို  ၆ ႀကိမ္ေျမာက္ ရယူႏိုင္တာျဖစ္ၿပီး Best Men Player နာမည္နဲ႔ဆုကို ပထမဆုံးအႀကိမ္ ရရွိတာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာကို လာလီဂါ ခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ ဒီႏွစ္မွာ အေကာင္းဆုံးဆုကို ၄၆ မွတ္နဲ႔ရတာ ျဖစ္ၿပီး လီဗာပူး ေနာက္တန္းသမား ဗန္ဒိုက္က ၃၈ မွတ္နဲ႔ ဒုတိယ၊ ေရာ္နယ္ဒိုက ၃၆ မွတ္နဲ႔ တတိယေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အေကာင္းဆုံးနည္းျပဆုကိုေတာ့ လီဗာပူး နည္းျပ ဂ်ာဂန္ကေလာ့၊ အမ်ိဳးသမီးအေကာင္းဆုံး ေဘာလုံးသမားဆုကို အေမရိကန္က မက္ဂန္ ရာပီႏိုက ရရွိသြားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up