ရုံတင်ဝင်ငွေ စံချိန်ချိုးခဲ့သည့် ဖိလစ်ပိုင်အချစ်ဒရာမာရုပ်ရှင်-Hello, Love, Goodbye(နမူနာ)

ထူးထူးခြားခြား ဖိလစ်ပိုင် အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ Hello, Love, Goodbye ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ Star Cinema ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဖိလစ်ပိုင်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cathy Garcia-Molina က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Joy ဆိုတဲ့ ကောင်မလေးဟာ ဟောင်ကောင်မှာ အိမ်အကူတယောက်အနေနဲ့ ရွှေ့ပြောင်းအလုပ်လုပ်နေသူတယောက် ဖြစ်ပါတယ်။ သူဟာ ကူညီတတ်ပြီး အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်နေပြီး တနေ့မှာတော့ ဒီကနေ ထွက်သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။  ဒါပေမယ့် ဟောင်ကောင်မှာ Bartender တယောက်အနေနဲ့ ရောက်ရှိနေပြီး မကြာခင်မှာ အခြေချနေထိုင်ဖို့ ပြင်ဆင်ထားတဲ့ Ethan ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။  သူတို့ ၂ ဦးကြားက သံယောဇဉ်တွေ၊ အချစ်ဇာတ်လမ်းတွေနဲ့ ဒီရုပ်ရှင်ကားကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်သရုပ်ဆောင်မင်းသမီး Kathryn Bernardo နဲ့ မင်းသား Alden Richards တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kathryn Bernardo ဟာ ဖိလစ်ပိုင်နိုင်ငံမှာ သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ မင်းသမီးဖြစ်ပြီး မင်းသား Alden Richards ကလည်း သရုပ်ဆောင်ကောင်းသူဖြစ်တာမို့ သူတို့ ၂ ယောက်ပါတဲ့ ဒီရုပ်ရှင်ကားက နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဖိလစ်ပိုင်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ရုံတင်ပြသခဲ့တာဖြစ်ပြီး Box Office ဝင်ငွေ ဖိလစ်ပိုင်ပီဆိုသန်း ၈၀၀ ကျော်ရရှိပြီး စံချိန်တင်ထားနိုင်ခဲ့တာပါ။ ========================== ႐ုံတင္ဝင္ေငြ စံခ်ိန္ခ်ိဳးခဲ့သည့္ ဖိလစ္ပိုင္အခ်စ္ဒရာမာ႐ုပ္ရွင္-Hello, Love, Goodbye(နမူနာ) DVB ထူးထူးျခားျခား ဖိလစ္ပိုင္ အခ်စ္ဒရာမာ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Hello, Love, Goodbye ႐ုပ္ရွင္ကို ျမန္မာႏိုင္ငံမွာ ႐ုံတင္ျပသသြားဖို႔ ရွိေနပါတယ္။ ဒီကားကိုေတာ့ Star Cinema ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ဖိလစ္ပိုင္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Cathy Garcia-Molina က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ Joy ဆိုတဲ့ ေကာင္မေလးဟာ ေဟာင္ေကာင္မွာ အိမ္အကူတေယာက္အေနနဲ႔ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ေနသူတေယာက္ ျဖစ္ပါတယ္။ သူဟာ ကူညီတတ္ၿပီး အလုပ္ကိုလည္း ႀကိဳးႀကိဳးစားစား လုပ္ေနၿပီး တေန႔မွာေတာ့ ဒီကေန ထြက္သြားဖို႔ ရည္႐ြယ္ထားခဲ့တာပါ။ ဒါေပမယ့္ ေဟာင္ေကာင္မွာ Bartender တေယာက္အေနနဲ႔ ေရာက္ရွိေနၿပီး မၾကာခင္မွာ အေျခခ်ေနထိုင္ဖို႔ ျပင္ဆင္ထားတဲ့ Ethan ဆိုတဲ့ ေကာင္ေလးနဲ႔ ေတြ႕ဆုံခဲ့ခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ။ သူတို႔ ၂ ဦးၾကားက သံေယာဇဥ္ေတြ၊ အခ်စ္ဇာတ္လမ္းေတြနဲ႔ ဒီ႐ုပ္ရွင္ကားကို ဘယ္လိုပုံေဖာ္ထားမလဲဆိုတာကိုေတာ့ မၾကာခင္ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြနဲ႔ မစိမ္းတဲ့ ဖိလစ္ပိုင္သ႐ုပ္ေဆာင္မင္းသမီး Kathryn Bernardo နဲ႔ မင္းသား Alden Richards တို႔က အတြဲညီညီ ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Kathryn Bernardo ဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ သ႐ုပ္ေဆာင္ထူးခြၽန္ဆုေတြ အမ်ားႀကီးရရွိထားတဲ့ မင္းသမီးျဖစ္ၿပီး မင္းသား Alden Richards ကလည္း သ႐ုပ္ေဆာင္ေကာင္းသူျဖစ္တာမို႔ သူတို႔ ၂ ေယာက္ပါတဲ့ ဒီ႐ုပ္ရွင္ကားက နာမည္ႀကီးေနခဲ့တာ ျဖစ္ပါတယ္။ IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.5 အထိ ရရွိထားတဲ့ ဇာတ္ကား ေကာင္းတကား ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံနဲ႔ တျခားႏိုင္ငံေတြမွာ ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ေန႔ ႐ုံတင္ျပသခဲ့တာျဖစ္ၿပီး Box Office ဝင္ေငြ ဖိလစ္ပိုင္ပီဆိုသန္း ၈၀၀ ေက်ာ္ရရွိၿပီး စံခ်ိန္တင္ထားႏိုင္ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up