Home
မြန်မာသတင်း
ရေးမြို့နယ် ပင်လယ်ပြင် ကျားဖောင်ပေါ်တွင် လူသတ်မှုဖြစ်ပွား
DVB
·
September 22, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင် ငှက်ပျောကျွန်း အနောက်ဘက် ရေမိုင် ၂၂ မိုင်ခန့်အကွာ ကျားဖောင်ပေါ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ရေလုပ်သားအချင်းချင်း စကားများရာကနေ လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ကျားဖောင်ပေါ်မှာ ဖောင်ဦးစီး ကိုမောင်ဇော်က ထမင်းမချက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါးရိုက်လိုက်တဲ့အတွက် ရေလုပ်သား ပိုင်လွင်ဦးက မကျေနပ်ဖြစ်ပြီး ငါးခွဲဓားဝိုင်းနဲ့ ထိုးလိုက်တာကြောင့် ထိုးသွင်းဒဏ်ရာတွေနဲ့ ကိုမောင်ဇော် သေဆုံးခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ ပိုင်လွင်ဦးကို ပတ္တမြားကျားတန်းဆိပ်ကမ်းရှိ ရဲတပ်ဖွဲ့ကို စက်တင်ဘာ ၂၂ ရက်က လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ သေဆုံးသူကိုတော့ ရေးဆေးရုံ ပို့ဆောင်ထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။ ပင်လယ်ပြင်အတွင်း အခု ငါးဖမ်းရာသီအစမှာ လူသတ်မှု ၁ မှုသာရှိပြီး ပြီးခဲ့တဲ့ ငါးဖမ်းရာသီမှာ လူသတ်မှု ၁၈ မှုအထိ ရှိခဲ့ပါတယ်။ အများစုဟာ လုပ်ငန်းခွင် မကျေနပ်မှုတွေကြောင့် ပိုမိုအဖြစ်များတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ နေမျိုးထွဋ် (ရေး) ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရးၿမိဳ႕နယ္ ပင္လယ္ျပင္ က်ားေဖာင္ေပၚတြင္ လူသတ္မႈျဖစ္ပြား မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ ပင္လယ္ျပင္ ငွက္ေပ်ာကြၽန္း အေနာက္ဘက္ ေရမိုင္ ၂၂ မိုင္ခန႔္အကြာ က်ားေဖာင္ေပၚမွာ စက္တင္ဘာ ၂၁ ရက္ေန႔က ေရလုပ္သားအခ်င္းခ်င္း စကားမ်ားရာကေန လူသတ္မႈတခု ျဖစ္ပြားခဲ့ပါတယ္။ က်ားေဖာင္ေပၚမွာ ေဖာင္ဦးစီး ကိုေမာင္ေဇာ္က ထမင္းမခ်က္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ပါး႐ိုက္လိုက္တဲ့အတြက္ ေရလုပ္သား ပိုင္လြင္ဦးက မေက်နပ္ျဖစ္ၿပီး ငါးခြဲဓားဝိုင္းနဲ႔ ထိုးလိုက္တာေၾကာင့္ ထိုးသြင္းဒဏ္ရာေတြနဲ႔ ကိုေမာင္ေဇာ္ ေသဆုံးခဲ့တယ္လို႔ ရဲမွတ္တမ္းေတြအရ သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူ ပိုင္လြင္ဦးကို ပတၱျမားက်ားတန္းဆိပ္ကမ္းရွိ ရဲတပ္ဖြဲ႕ကို စက္တင္ဘာ ၂၂ ရက္က လႊဲေျပာင္းအပ္ႏွံခဲ့ပါတယ္။ ေသဆုံးသူကိုေတာ့ ေရးေဆး႐ုံ ပို႔ေဆာင္ထားၿပီး အေသးစိတ္ စစ္ေဆးေနတယ္လို႔ ေရးၿမိဳ႕မရဲစခန္းက သိရပါတယ္။ ပင္လယ္ျပင္အတြင္း အခု ငါးဖမ္းရာသီအစမွာ လူသတ္မႈ ၁ မႈသာရွိၿပီး ၿပီးခဲ့တဲ့ ငါးဖမ္းရာသီမွာ လူသတ္မႈ ၁၈ မႈအထိ ရွိခဲ့ပါတယ္။ အမ်ားစုဟာ လုပ္ငန္းခြင္ မေက်နပ္မႈေတြေၾကာင့္ ပိုမိုအျဖစ္မ်ားတယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။ ေနမ်ိဳးထြဋ္ (ေရး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024