Live
Home
မြန်မာသတင်း
ကျောင်းမလာဘဲ လစာထုတ်စားသည့်ကိစ္စ ပညာရေးဝန်ထမ်း သုံးဦးကို စုံစမ်းစစ်ဆေးမည်
DVB
·
September 21, 2019
မွန်ပြည်နယ် ရေးမြို့နယ် ကလိတ်ထုတ်ကျေးရွာရှိ အလယ်တန်းကျောင်းမှာ ကျောင်းမလာဘဲ လစာ ထုတ်စားနေတဲ့ ကျောင်းဆရာမနဲ့ မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ်ကို စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။ ဒီအလယ်တန်းကျောင်းက ကျောင်းဆရာမ ဒေါ်စန်းမာလာဟာ ကျောင်းမလာဘဲ လစာထုတ်နေတယ်လို့ ဒေသခံတွေက မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာခဲ့တာပါ။ အခုလို တိုင်ကြားလာတဲ့အတွက်ကြောင့် စက်တင်ဘာ ၁၉ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တာဝန်ပေါ့လျော့တဲ့ မြို့နယ်ပညာရေးမှူး အပါအဝင် သုံးဦးကို အရေးယူ ဆောင်ရွက်မှု ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့တာပါ။ မြို့နယ်ပညာရေးမှူး အပါအဝင် သုံးဦးကို ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်သွားမယ့်အပြင် တွေ့ရှိအချက်အပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အခုလို ဖြစ်စဉ်မျိုး ပြည်နယ်အတွင်း နောက်ထပ် မဖြစ်ပေါ်ရအောင် အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်သွားမယ့်အပြင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့ ဝန်ထမ်းတွေကိုလည်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေက်ာင္းမလာဘဲ လစာထုတ္စားသည့္ကိစၥ ပညာေရးဝန္ထမ္း သုံးဦးကို စုံစမ္းစစ္ေဆးမည္ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ကလိတ္ထုတ္ေက်း႐ြာရွိ အလယ္တန္းေက်ာင္းမွာ ေက်ာင္းမလာဘဲ လစာ ထုတ္စားေနတဲ့ ေက်ာင္းဆရာမနဲ႔ ၿမိဳ႕နယ္ပညာေရးမႉး အပါအဝင္ ေက်ာင္းအုပ္ကို စုံစမ္းေရးအဖြဲ႕ ဖြဲ႕ၿပီး စစ္ေဆးသြားမယ္လို႔ မြန္ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာထိန္လင္းက ေျပာပါတယ္။ ဒီအလယ္တန္းေက်ာင္းက ေက်ာင္းဆရာမ ေဒၚစန္းမာလာဟာ ေက်ာင္းမလာဘဲ လစာထုတ္ေနတယ္လို႔ ေဒသခံေတြက မြန္ျပည္နယ္ လႊတ္ေတာ္ကို တိုင္ၾကားလာခဲ့တာပါ။ အခုလို တိုင္ၾကားလာတဲ့အတြက္ေၾကာင့္ စက္တင္ဘာ ၁၉ ရက္က က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးမွာ ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က တာဝန္ေပါ့ေလ်ာ့တဲ့ ၿမိဳ႕နယ္ပညာေရးမႉး အပါအဝင္ သုံးဦးကို အေရးယူ ေဆာင္႐ြက္မႈ ရွိ၊ မရွိ ေမးခြန္း ေမးျမန္းခဲ့တာပါ။ ၿမိဳ႕နယ္ပညာေရးမႉး အပါအဝင္ သုံးဦးကို ေရွးဦးစုံစမ္းေရးအဖြဲ႕ ဖြဲ႕ၿပီး စစ္ေဆး ေဆာင္႐ြက္သြားမယ့္အျပင္ ေတြ႕ရွိအခ်က္အေပၚ မူတည္ၿပီး အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ အခုလို ျဖစ္စဥ္မ်ိဳး ျပည္နယ္အတြင္း ေနာက္ထပ္ မျဖစ္ေပၚရေအာင္ အစိုးရအေနနဲ႔ ၾကပ္မတ္ေဆာင္႐ြက္သြားမယ့္အျပင္ ဝန္ထမ္း စည္းမ်ဥ္းစည္းကမ္းေတြ မလိုက္နာတဲ့ ဝန္ထမ္းေတြကိုလည္း အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024