ပရိသတ်တွေအနေနဲ့ ဒီပွဲရလဒ်ကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ် – ဦးမင်းသူ

Photo : Myanmar Football Federation
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၀ အာရှ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု ဒုတိယနေ့ပွဲစဉ်အဖြစ် မနေ့ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာယူ -၁၆ အသင်းက တောင်ကိုရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အခုပွဲရလဒ်ကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ် ဦးမင်းသူက ပြောကြားတာပါ။ “ပရိသတ်တွေအနေနဲ့ ဒီပွဲရလဒ်ကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော့် ကစားသမားတွေ ပွဲချိန်ပြည့် အကောင်းဆုံး ကြိုးစားကစားခဲ့ကြတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုပါတယ်။ တဦးချင်း စွမ်းရည်၊ အရပ်အမောင်း အစစ အရာရာ ကွာဟတဲ့ တောင်ကိုရီးယားလို အသင်းနဲ့ မိနစ် ၉၀ နီးပါး ခံစစ်ကစားခဲ့ရတာ မလွယ်ပါဘူး။ ထိုင်းနဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲတွေမှာ ရရှိခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား ယူ-၁၆ အသင်း နည်းပြချုပ် Mr. Choi Young Joon က “မြန်မာအသင်းရဲ့ မာကျောတဲ့ ခံစစ်ကစားဟန်ကြောင့် ကျနော်တို့အသင်း ခက်ခဲခဲ့ပါတယ်။ ပင်နယ်တီ ဂိုး ၁ ဂိုးနဲ့သာ အနိုင်ရခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားမှုကို ကျေနပ်ပါတယ်။ မြန်မာအသင်းနဲ့ မန္တလေးမှာ တကြိမ်၊ ဗီယက်နမ်မှာ တကြိမ် ကစားခဲ့ဖူးပါတယ်။ အရင် တွေ့ဆုံမှုတွေမှာ အနိုင်ပြတ်သားခဲ့ပေမဲ့ ဒီနေ့ပွဲမှာတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ တိုးတက်မှုကို အသိအမှတ်ပြုရမှာပါ” လို့ ပြောပါတယ်။ မြန်မာအသင်းဟာ  ၂၀၂၀ အာရှ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု ပထမပွဲစဉ်မှာ ထိုင်းအသင်းကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ~~~~~~~~~~~~~~~~~~ Zawgyi_version ပရိသတ္ေတြအေနနဲ႔ ဒီပြဲရလဒ္ကို လက္ခံႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္ - ဦးမင္းသူ ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ၂၀၂၀ အာရွ အသက္ ၁၆ ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ေျခစစ္ပြဲအုပ္စု ဒုတိယေန႔ပြဲစဥ္အျဖစ္ မေန႔ညေန ၆ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ျမန္မာယူ -၁၆ အသင္းက ေတာင္ကိုရီးယားကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ သုဝဏၰေဘာလုံးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ အခုပြဲရလဒ္ကို လက္ခံႏိုင္လိမ့္မယ္လို႔ ထင္ေၾကာင္း ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ျမန္မာ ယူ-၁၆ အသင္း နည္းျပခ်ဳပ္ ဦးမင္းသူက ေျပာၾကားတာပါ။ “ပရိသတ္ေတြအေနနဲ႔ ဒီပြဲရလဒ္ကို လက္ခံႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ က်ေနာ့္ ကစားသမားေတြ ပြဲခ်ိန္ျပည့္ အေကာင္းဆုံး ႀကိဳးစားကစားခဲ့ၾကတယ္။ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈအေပၚ အသိအမွတ္ျပဳပါတယ္။ တဦးခ်င္း စြမ္းရည္၊ အရပ္အေမာင္း အစစ အရာရာ ကြာဟတဲ့ ေတာင္ကိုရီးယားလို အသင္းနဲ႔ မိနစ္ ၉၀ နီးပါး ခံစစ္ကစားခဲ့ရတာ မလြယ္ပါဘူး။ ထိုင္းနဲ႔ပြဲမွာ အသုံးျပဳခဲ့တဲ့ လူစာရင္းကို အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္ခဲ့ၿပီး ေျခစမ္းပြဲေတြမွာ ရရွိခဲ့တဲ့ ေျခစြမ္းမ်ိဳးကို ျပန္လည္ျပသႏိုင္ခဲ့ပါတယ္။ ေတာင္ကိုရီးယား ယူ-၁၆ အသင္း နည္းျပခ်ဳပ္ Mr. Choi Young Joon က “ျမန္မာအသင္းရဲ႕ မာေက်ာတဲ့ ခံစစ္ကစားဟန္ေၾကာင့္ က်ေနာ္တို႔အသင္း ခက္ခဲခဲ့ပါတယ္။ ပင္နယ္တီ ဂိုး ၁ ဂိုးနဲ႔သာ အႏိုင္ရခဲ့ေပမယ့္ ကစားသမားေတြရဲ႕ ႀကိဳးစားမႈကို ေက်နပ္ပါတယ္။ ျမန္မာအသင္းနဲ႔ မႏၲေလးမွာ တႀကိမ္၊ ဗီယက္နမ္မွာ တႀကိမ္ ကစားခဲ့ဖူးပါတယ္။ အရင္ ေတြ႕ဆုံမႈေတြမွာ အႏိုင္ျပတ္သားခဲ့ေပမဲ့ ဒီေန႔ပြဲမွာေတာ့ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ပဲ အႏိုင္ရရွိခဲ့ပါတယ္။ ျမန္မာအသင္းရဲ႕ တိုးတက္မႈကို အသိအမွတ္ျပဳရမွာပါ” လို႔ ေျပာပါတယ္။ ျမန္မာအသင္းဟာ  ၂၀၂၀ အာရွ အသက္ ၁၆ ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ေျခစစ္ပြဲအုပ္စု ပထမပြဲစဥ္မွာ ထိုင္းအသင္းကို ၄ ဂိုးျပတ္ ရႈံးနိမ့္ထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up