ပေါ့ဘာကို ထွက်ခွင့်ပြုခဲ့ပါက အသင်းအတွက် ဆုံးရှုံးမှုမရှိဟု ပေါလ်စခိုးပြော

ပေါ့ဘာကို ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင် အသင်းအတွက် ဆုံးရှုံးမှု ရှိမှာမဟုတ်ဘူးလို့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးကပြောပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး  လူကာကူကို အင်တာမီလန်ဆီ အပြီးသတ် ရောင်းချခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း နဲ့ သတင်းထွက်ခဲ့တဲ့ ပေါ့ဘာကိုတော့ မန်ယူအသင်းက ဆက်ထိန်းနိုင်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို အသင်းပြောင်းရွှေ့ခွင့်ပြုခဲ့ရင်လည်း သူ့နေရာမှာ အစားထိုးနိုင်တဲ့သူတွေရှိလို့ လွမ်းဆွတ်နေစရာ အကြောင်းမရှိဘဲ အမှန်တကယ်ဆုံးရှုံးမှုက တိုက်စစ်ပိုင်းမှာဖြစ်တယ်လို့ စခိုးလ်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ ရီးရဲလ် အသင်းဆီပြောင်းရွှေ့ချင်နေပြီး သူထွက်သွားရင်တောင်  ယူနိုက်တက် အသင်းအတွက်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်လို့ မထင်ကြောင်း အခုရာသီမှာ အသင်းက မထွက်တောင် နောက်ဆုံး အဆုံးသတ်ရောက်တဲ့အချိန်မှာ ပေါ့ဘာရဲ့ ခြေစွမ်းက ကြီး ကျယ်ခမ်းနားစရာအဖြစ် ကျန်ခဲ့မယ်မထင်ကြောင်း၊ တိုက်စစ်ပိုင်းမှာ အစားထိုးမယ့် ကစားသမား မခေါ်ယူခဲ့တာကမှ စိတ်ပျက်စေခဲ့တဲ့ အရာဖြစ်တယ်လို့ ပေါလ်စခိုးက TalkSports မှာ  ပြောကြားခဲ့တာဖြစ်ပါတယ်။ ================== ေပါ့ဘာကို ထြက္ခြင့္ျပဳခဲ့ပါက အသင္းအတြက္ ဆုံးရႈံးမႈမရွိဟု ေပါလ္စခိုးေျပာ DVB ေပါ့ဘာကို ထြက္ခြာခြင့္ျပဳခဲ့မယ္ဆိုရင္ အသင္းအတြက္ ဆုံးရႈံးမႈ ရွိမွာမဟုတ္ဘူးလို႔ ကြင္းလယ္ကစားသမားေဟာင္း ေပါလ္စခိုးကေျပာပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ တိုက္စစ္မႉး  လူကာကူကို အင္တာမီလန္ဆီ အၿပီးသတ္ ေရာင္းခ်ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္း နဲ႔ သတင္းထြက္ခဲ့တဲ့ ေပါ့ဘာကိုေတာ့ မန္ယူအသင္းက ဆက္ထိန္းႏိုင္ခဲ့တာပါ။ မန္ယူႏိုက္တက္အသင္းအေနနဲ႔ ေပါ့ဘာကို အသင္းေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့ရင္လည္း သူ႔ေနရာမွာ အစားထိုးႏိုင္တဲ့သူေတြရွိလို႔ လြမ္းဆြတ္ေနစရာ အေၾကာင္းမရွိဘဲ အမွန္တကယ္ဆုံးရႈံးမႈက တိုက္စစ္ပိုင္းမွာျဖစ္တယ္လို႔ စခိုးလ္က သုံးသပ္ခဲ့တာျဖစ္ပါတယ္။ ေပါ့ဘာဟာ ရီးရဲလ္ အသင္းဆီေျပာင္းေ႐ႊ႕ခ်င္ေနၿပီး သူထြက္သြားရင္ေတာင္  ယူႏိုက္တက္ အသင္းအတြက္ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္လိမ့္မယ္လို႔ မထင္ေၾကာင္း အခုရာသီမွာ အသင္းက မထြက္ေတာင္ ေနာက္ဆုံး အဆုံးသတ္ေရာက္တဲ့အခ်ိန္မွာ ေပါ့ဘာရဲ႕ ေျခစြမ္းက ႀကီး က်ယ္ခမ္းနားစရာအျဖစ္ က်န္ခဲ့မယ္မထင္ေၾကာင္း၊ တိုက္စစ္ပိုင္းမွာ အစားထိုးမယ့္ ကစားသမား မေခၚယူခဲ့တာကမွ စိတ္ပ်က္ေစခဲ့တဲ့ အရာျဖစ္တယ္လို႔ ေပါလ္စခိုးက TalkSports မွာ  ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up