Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီများ ဟန့်တားသည့်အပေါ် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
DVB
·
September 19, 2019
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ရခိုင်စစ်ဘေးရှောင်စခန်းတွေကို ဆန်ရိက္ခာတွေ ထောက်ပံ့ပေးနေတာကို ပြည်နယ်အစိုးရက ဟန့်တားတဲ့အပေါ် လွှတ်တော်ဥက္ကဋ္ဌက ဝေဖန်လိုက်ပါတယ်။   ရခိုင်ပြည်နယ်အတွင်းစစ်ဘေးရှောင်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီ ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာတွေကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပြည်နယ် အစိုးရအဖွဲ့က ဟန့်တာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့နဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီနေတာကို ရပ်ဆိုင်းခဲ့ရပါတယ်။ အခုလို စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကို ပြည်နယ်အစိုးရ ဟန့်တားခဲ့တဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာ ၁၇ ရက်နေ့က ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်အစိုးရကို ဝေဖန်ပြောဆိုပါတယ်။ ကျောက်တော်မြို့နယ်၊ ကန်စောက် ဒုက္ခသည်စခန်းနဲ့ ဝါးတောင်ဒုက္ခသည် စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP က ထောက်ပံ့ပေးနေတာကိုရပ်ဆိုင်းခဲ့တာပါ။ အဲ့ဒီစခန်း၂ ခုမှာ စစ်ဘေးရှောင်းဒုက္ခသည် ၂၀၀၀ နီးပါးလောက်ရှိပြီး စခန်းတခုအတွက် လစဉ်ဆန်အိတ် ၁၀၀ ကျော်နဲ့ ဆန်၊ဆီ၊ ဆားရိက္ခာအချို့ကို ထောက်ပံ့ပေးနေတာပါ။ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတချို့ကို ဆန်ရိက္ခာတွေ ပိုလျှံသွားတာမျိုး ဖြစ်မသွားအောင် ဆန်ရိက္ခာတွေ ထောက်ပံ့ပေးမယ့်အစား အခြား ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေ ပံ့ပိုးနိုင်တယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရက လူတဦးကို တရက်  ၃၀၀ ကျပ်နှုန်းနဲ့ ကူညီထောက်ပံ့ပေးနေတယ်ဆိုပေမယ့် အဲဒီငွေပမာဏနဲ့ လုံလောက်မှု မရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင်သွားလာရခက်ခဲ့တဲ့နေရာတွေမှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိသလို ကျန်းမာရေးပြဿနာတချို့ရှိတယ်လို့လည်း လူမှုကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့ရာမှာ ကန့်သတ်ချက်တွေကြောင့် ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်တွေမှာ အကူအညီပေးရေးအဖွဲ့တွေ မသွားရောက်နိုင်လို့  စားနပ်ရိက္ခာ ပြတ်တောက်နေတာတွေရှိတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၇၀၀၀၀ နီးပါးရှိနေပါတယ်။ ဝဏ္ဏခွာညို 
ႏိုင္ငံတကာအကူအညီမ်ား ဟန႔္တားသည့္အေပၚ ရခိုင္လႊတ္ေတာ္ဥကၠ႒ ေဝဖန္ ဝဏၰခြာညိဳ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕ေတြက ရခိုင္စစ္ေဘးေရွာင္စခန္းေတြကို ဆန္ရိကၡာေတြ ေထာက္ပံ့ေပးေနတာကို ျပည္နယ္အစိုးရက ဟန႔္တားတဲ့အေပၚ လႊတ္ေတာ္ဥကၠ႒က ေဝဖန္လိုက္ပါတယ္။ ရခိုင္ျပည္နယ္အတြင္းစစ္ေဘးေရွာင္စခန္းေတြကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ကူညီ ေထာက္ပံ့ေပးေနတဲ့ ဆန္ရိကၡာေတြကို ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ျပည္နယ္ အစိုးရအဖြဲ႕က ဟန႔္တာေၾကာင့္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP)၊ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ (ICRC) တို႔နဲ႔ လူမႈအဖြဲ႕အစည္းေတြက ကူညီေနတာကို ရပ္ဆိုင္းခဲ့ရပါတယ္။ အခုလို စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့အဖြဲ႕ေတြကို ျပည္နယ္အစိုးရ ဟန႔္တားခဲ့တဲ့အတြက္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒က စက္တင္ဘာ ၁၇ ရက္ေန႔က ျပည္နယ္ လႊတ္ေတာ္အစည္းအေဝးမွာ ျပည္နယ္အစိုးရကို ေဝဖန္ေျပာဆိုပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ကန္ေစာက္ ဒုကၡသည္စခန္းနဲ႔ ဝါးေတာင္ဒုကၡသည္ စခန္းေတြမွာ ကမာၻ႔စားနပ္ရိကၡာအစီစဥ္ WFP က ေထာက္ပံ့ေပးေနတာကိုရပ္ဆိုင္းခဲ့တာပါ။ အဲ့ဒီစခန္း၂ ခုမွာ စစ္ေဘးေရွာင္းဒုကၡသည္ ၂၀၀၀ နီးပါးေလာက္ရွိၿပီး စခန္းတခုအတြက္ လစဥ္ဆန္အိတ္ ၁၀၀ ေက်ာ္နဲ႔ ဆန္၊ဆီ၊ ဆားရိကၡာအခ်ိဳ႕ကို ေထာက္ပံ့ေပးေနတာပါ။ ရခိုင္ျပည္နယ္အတြင္း ဒုကၡသည္စခန္းတခ်ိဳ႕ကို ဆန္ရိကၡာေတြ ပိုလွ်ံသြားတာမ်ိဳး ျဖစ္မသြားေအာင္ ဆန္ရိကၡာေတြ ေထာက္ပံ့ေပးမယ့္အစား အျခား ဆန္၊ ဆီ၊ ဆား၊ ရိကၡာေတြ ပံ့ပိုးႏိုင္တယ္လို႔ ျပည္နယ္အစိုးရက ဆိုပါတယ္။ လက္ရွိမွာ ျပည္နယ္အစိုးရက လူတဦးကို တရက္ ၃၀၀ က်ပ္ႏႈန္းနဲ႔ ကူညီေထာက္ပံ့ေပးေနတယ္ဆိုေပမယ့္ အဲဒီေငြပမာဏနဲ႔ လုံေလာက္မႈ မရွိဘူးလို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ဒါ့အျပင္သြားလာရခက္ခဲ့တဲ့ေနရာေတြမွာဆိုရင္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ မရရွိသလို က်န္းမာေရးျပႆနာတခ်ိဳ႕ရွိတယ္လို႔လည္း လူမႈကယ္ဆယ္ေရး အဖြဲ႕ေတြကေျပာပါတယ္။ စစ္ေဘးေရွာင္ေတြအတြက္ ကူညီေထာက္ပံ့ရာမွာ ကန္႔သတ္ခ်က္ေတြေၾကာင့္ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ဘက္ေတြမွာ အကူအညီေပးေရးအဖြဲ႕ေတြ မသြားေရာက္ႏိုင္လို႔ စားနပ္ရိကၡာ ျပတ္ေတာက္ေနတာေတြရွိတယ္လို႔ လူမႈအဖြဲ႕အစည္းေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ၇၀၀၀၀ နီးပါးရွိေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024