Home
မေးမြန်းခန်း
“ထိုင်းလူ့အသိုင်းအဝိုင်းက ဗမာတွေကို လက်ခံလာတယ်”  Dear Burma ကျောင်းအုပ်ကြီး ဦးမြင့်ဝေနှင့် မေးမြန်းချက် 
ပီတာအောင်
·
September 18, 2019
ထိုင်းနိုင်ငံတဝန်းက လုပ်ငန်းခွင်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနဲ့ ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လတ်တလော  ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ဘာတွေ ရှိနေပါသလဲ။   လက်ရှိအန်အယ်လ်ဒီ အစိုးရလက်ထက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့   ဘဝအခြေအနေ ပြောင်းလဲတိုးတက်မှုရှိလာပြီးလား၊ ရှေ့ဆက် အစိုးရက ဘာတွေ လုပ်ပေးဖို့ လိုအပ်မလဲ စတာတွေနဲ့ ပတ်သက်လို့ ဘန်ကောက် အခြေစိုက် ရွှေ့ပြောင်းလုပ်သားပညာရေး အကူအညီပေးနေတဲ့ “မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB)” အဖွဲ့ရဲ့ ဒါရိုက်တာ၊ Dear Burma Academy ရဲ့ ကျောင်းအုပ်ကြီး ဦးမြင့်ဝေကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်းချက် အပြည့်အစုံ– မေး- လက်ရှိ အန်အယ်လ်ဒီအစိုးရ တာဝန်ယူတဲ့အချိန်မှာ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေအနေဟာ အရင်ကထက်ပိုပြီး လွတ်လပ်လာတာ မြင်ရတယ်။ အလုပ်သမား အတော်များများမှာလည်း အထောက်အထား ပတ်စ်ပို့တွေ ကိုင်ထားတာ တွေ့ရတယ်။ လုပ်ခ လစာလည်း အတန်အသင့်ရကြတယ် ဆိုတော့ သူတို့ရဲ့ ခြေအနေဟာ တကယ် တိုးတက်မှု ရှိလာပြီလား။ ဘာတွေ လိုအပ်နေလဲ။ ဘယ်လိုမြင်လဲ။ “အခု လစာကိစ္စပေါ့။ လစာ နည်းနည်းတိုးသွားတယ်။ နောက်တချက်က ပတ်စ်ပို့တွေ၊  Work Permit ကိစ္စ နည်းနည်းလေး တိုးတက်တယ်။ မြန်မာနိုင်ငံရဲ့ အစိုးရစနစ်ပေါ့။ အမြဲတမ်း ဌာနဆိုင်ရာတွေ၊ အလုပ်သမားဝန်ကြီးဌာနကဆိုရင် ဒီထက်ပိုပြီးကောင်းတဲ့ နည်းပညာတွေ၊ အခုခေတ်မီ နည်းပညာတွေ ရှိတယ်။ ယိုးဒယားမှာ အဲဒါတွေက အဲဒီလောက် ကြာစရာ မလိုဘူး။ e-government လိုမျိုးပေါ့။ အနည်းဆုံး သူတို့ဝန်ကြီးဌာနအတွင်း မြန်ဆန်တာမျိုး သူတို့ လုပ်လို့ရမယ်။ အမျိုးသားလုံခြုံရေးစနစ်အတွက် ထားတာ လက်ခံပါတယ်။ တချို့ကလည်း မလိုအပ်တဲ့ ကြိုးနီစနစ်တွေပေါ့။ နောက်တခုက ပြည်ထဲရေးဝန်ကြီးဌာန။ ပတ်စ်ပို့လုပ်ဖို့က ၂ လကျော် ကြာနေပြီ။ ၃ လ စောင့်နေရတယ်။ ဒီမှာ စက်ရုံက အလုပ်သမား လိုနေပြီ။ အော်ဒါတွေ လာတော့မယ်။ စက်ရုံက ချက်ချင်း မြန်မာပြည်က အလုပ်သမားကို အရေးပေါ် ခန့်ချင်နေပြီ။ တခြားအလုပ်သမားထက်စာရင် မြန်မာအလုပ်သမားက နာမည်ကောင်းတာတွေလည်း ရှိတယ်။ ဒီဘက်က ကြာနေတော့ ဖိလစ်ပိုင်က၊ ကမ္ဘောဒီးယားက အဆင်သင့် ဖြစ်နေတော့ ထိုးပေးလိုက်ရော။ အဲဒီလိုမျိုးတွေ ဖြစ်သွားတယ်။ လေဘာ မားကက်တင်းမှာ အလုပ်သမားဈေးကွက်မှာ တချို့က နောက်ကျတာတွေ ရှိတယ်။” မေး- ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပညာရေးပိုင်းနဲ့ ကျွမ်းကျင်မှု အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးမှုတွေနဲ့ ပတ်သက်လို့ရော ထိုင်းမှာ ဘာတွေ ပြောင်းလဲတိုးတက်မှုရှိလဲ။ “ထိုင်းစာနဲ့  အင်္ဂလိပ်စာကတော့ သင်ပေးတာပေါ့။  နည်းပညာရော သေးသေးလေးတွေပေါ့။ သင်တဲ့ ဆရာကလည်း ကိုယ့်မြန်မာပြည်သားထဲကမှ ဆံပင်အလှပြင်သင်တန်းတွေ ဘာတွေ အောင်မြင်လို့ မျက်နှာ မိတ်ကပ်တွေပါ အောင်မြင်တဲ့ လက်မှတ်လေးတွေ ရတော့ လုပ်အားပေး လာသင်ပေးတာပေါ့။ အဲဒီနေရာမှာ သူတို့ လာလေ့လာမှု မြင့်လာတယ်။ အသက်မွေးဝမ်းကျောင်းပညာတွေလေ။ ဘန်ကောက်မြို့လယ်ကောင် ဖြစ်တော့ စက်ချုပ်သင်တန်း လုပ်ပေးလို့မရတာ၊ ဆိုင်ကယ်ပြင်တဲ့ သင်တန်း လုပ်ပေးဖို့ နေရာမရှိတာတွေ အခက်အခဲရှိတယ်။”  “နောက်ပိုင်း အစိုးရ ဆယ်တန်းစာမေးပွဲ ဖြေဖို့၊ အလုပ်လုပ်ရင်းနဲ့၊ ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ ဖြေဖို့၊ အဲဒါကို ဖွင့်‌ပေးလာတဲ့အတွက် ပိုပြီးတိုးလာတယ်။ ဒီနှစ်ဆိုရင် ဖြေချင်တဲ့သူက ၃၂ ဦး ဖြစ်လာတယ်။ အရင်နှစ်က ၂၀ ပဲ။ ဟိုဘက်နှစ်ကတော့ လေး ငါး ဆယ်ယောက်ပဲ။ အဲဒီမှာ နည်းနည်းပိုပြီးချောမွေ့တဲ့ စနစ်လေးတော့ ဖြစ်အောင် လုပ်ပေးနိုင်ရင်။ အခုဆို မြစ်ကြီးနားမှာ နေတဲ့ ကလေးက ဆယ်တန်း အောင်လက်မှတ်ယူဖို့ သိပ်ခက်ခဲလွန်းတယ်။ ပူတာအိုတို့ ပါတယ်၊ ချင်းတောင်၊ ရခိုင်ပြည်နယ်။ ကျောင်း၊ အိမ်ထောင်စုဇယားနဲ့၊ ဆယ်တန်း ထောက်ခံစာနဲ့၊ ပတ်စ်ပို့နဲ့၊ မှတ်ပုံတင်နဲ့ နာမည် မတူတာ၊ မွေးဒိတ် မတူတာ။ အမှန်က သူတို့အပြစ် မဟုတ်ဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ အပြစ်ပဲ။ သေချာမလုပ်ပေးကြဘူး။ တယောက်ဆိုရင် အသက်က ၁ လပဲ ကြီးနေတာ၊ အခု ဒုက္ခရောက်နေပြီ။ ဘန်ကောက်မှာ ဖြေလို့မရတော့ မြန်မာပြည်ကို ပြန်ပြီးဖြေရမလို ဖြစ်နေတယ်။ ပြီးတော့ နာမည်လွဲနေတယ်။ အဲဒီလို အခြေအနေတွေဆိုတော့လေ လူထုထဲမှာ ကလေးတွေ စာသင်ချင်စိတ်၊ ကြိုးစားချင်စိတ် အရမ်းရှိနေပြီ။ အဲဒီပေါ်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ ပြင်ပကူညီတဲ့ တချို့ကိစ္စတွေက ဌာနဆိုင်ရာ ပညာရေးဝန်ကြီးဌာနတွေက ဒီထက်ပိုပြီးတော့ ချောမွေ့အောင် လုပ်ပေးနိုင်ရင် ကလေးတွေ စာတတ်မှာပေါ့။” မေး- နောက်တခါ အလုပ်သမားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ထိုင်းအစိုးရက  တာဝန်ယူ ဆောင်ရွက်ပေးမှုတွေ တိုးတက်မှု ရှိလား။ “အဲဒီမှာတော့ နည်းနည်းအငြင်းပွားစရာ ရှိတယ်။ Social Security လူမှုဖူလုံရေးကတ်ရှိသူတွေ ဆေးရုံမှာ သွားကုရင် ဆေးရုံက သိပ်ပြီးတော့ ဂရုတစိုက် မလုပ်ကြဘူး။ နောက်တခုက ရိုးရိုး National Planning တခု ရှိတယ်။ ကျန်းမာရေးစီမံချက်အရ ဘတ် ၃၀ တို့ ဘာတို့လည်း ကုသတဲ့အပိုင်းမှာတော့ အစိုးရဆေးရုံဆိုတော့ လူများတယ်လေ။ အဲဒီအပေါ်မှာတော့ နည်းနည်းအခက်အခဲ ရှိတယ်။ လူတွေကတော့ ကျန်းမာရေးမှာ ထိခိုက်လားဆိုတော့ သိပ်တော့ မထိခိုက်လှဘူး။ သို့သော် ပုဂ္ဂလိကဆေးခန်း ပြေးပြီးတော့ ကုတာမျိုးပဲ လုပ်ကြတာပေါ့။ အဲဒီနည်းနဲ့ ထွက်ပေါက်ရှာတာ။ ယိုးဒယား လူမှုဖူလုံရေး အာမခံစနစ်ထဲမှာရှိတဲ့ ထိုင်းတွေကိုက ဆေးရုံမှာ ကုသတဲ့ ကန်ထရိုက်သဘောမျိုး တနှစ်စာ အဲ့ဌာနကြီးက လွှဲအပ်ထားတာ။ အဲဒါကို သူတို့ ပြင်ချင်နေတာ။ ထိုင်း Social Secruity Member တွေ သူတို့ကိုယ်တိုင်က အားမရဘူး။ အဲဒါကြောင့် ကိုယ့်ဘက်မှာလည်း ရာနှုန်းပြည့် သိပ်မဖြစ်ဘူးပေါ့။” “အခု တိုးတက်တာ တခုက ထိုင်းနိုင်ငံသံရုံးက Domestic Workers အိမ်အကူလုပ်သားတွေ၊ Social Security Member တွေပေါ့။ လူမှုဖူလုံရေးရန်ပုံငွေ အဖွဲ့ဝင်တွေထဲကို ထည့်ဖို့ တိုက်တွန်းနေကြပြီ။ မြန်မာနိုင်ငံကကျတော့ တရားဝင် မလွှတ်သေးဘူး။ ဒီမှာတော့ Domestic Worker တွေကို ထည့်စဉ်းစားနေပြီ။ ကျန်နေတာက စိုက်ပျိုးရေး၊ မွေးမြူရေးပေါ့။ စိုက်ပျိုးရေးမှာ သုံးတဲ့ ဓာတုဗေဒဆေးဝါးတွေ၊ ဓာတုဗေဒ မြေဩဇာတွေ သုံးမှုကနေ မိသားစုတွေရော၊ အလုပ်သမားတွေရော ဘယ်လောက် ထိခိုက်မှု ဖြစ်လဲ။ အဲဒီအလုပ်သမားတွေ လူမှုဖူလုံရေးအာမခံကြေးနဲ့ ကာမိအောင် လုပ်ပေးဖို့ သူတို့ ကြိုးစားနေတယ်။” မေး- အရင်တုန်းကဆိုရင် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်တဲ့အထဲမှာ ယောက်ျားလေးတွေ များတယ်ပေါ့။ နောက်ပိုင်းကျတော့ မိန်းကလေး တော်တော်များများ ထွက်ကြတယ်။ ပြီးခဲ့တဲ့ အချိန်တွေနဲ့ အခုဆိုရင် ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု အခြေအနေက ပိုပြီးတိုးတက်လာလား။ လက်ရှိ ဘယ်လိုအခြေအနေ ရှိလဲ။ “အရင်ကထက်စာရင် နည်းနည်းပိုပြီး တိုးတက်လာတယ်။ အခုက အစုအဖွဲ့တွေက များသွားပြီ။ အဲဒါအပြင် ထိုင်းနိုင်ငံ ဘန်ကောက် တောင်ပိုင်းအထိကို ဘာသာရေးနဲ့ စုစည်းမှုတွေ တော်တော်များသွားပြီ။ Network တွေ တော်တော်မြင့်လာတယ်။ လူမှုဆိုရှယ်မီယာကလည်း တော်တော်လေး တိုးတက်သွားပြီ။ အမျိုးသမီးတွေရဲ့ လုံခြုံမှုပေါ့။ အတွင်းထဲမှာ ဘယ်အထိ ဖြစ်လာလဲဆိုတော့ သူတို့ လူ့အသိုင်းအဝိုင်းအတွင်းမှာ ထိန်းသိမ်းဖို့၊ နေထိုင်မှုကိစ္စတွေမှာ တိုးတက်လာတယ်။” “ထိုင်း ကွန်မြူနတီမှာလည်း တိုးတက်လာတယ်။ ကိုယ့်ဘက်ကလည်း စုစည်းမှုတွေ ဖြစ်လာတယ်။ အချင်းချင်း ကာကွယ်စောင့်ရှောက်မှုတွေ၊ စုစည်းမှုတွေ၊ ထိန်းကျောင်းမှုတွေ ရှိလာတယ်။ ထိုင်းဘက်ကလည်း တကယ်ကို တိုးတက်လာတယ်။ တချို့နေရာတွေမှာ ထိုင်းတွေအတွက်တော့ မလုံခြုံတဲ့နေရာမျိုးတော့ ဖြစ်တာပေါ့။ အရင်တုန်းကလိုမျိုး ဗမာ မြင်ရင် ဆဲဆို၊ ဆိုးဆိုးဝါးဝါး မရှိတော့ပါဘူး။” မေး- အရင်တုန်းကဆိုရင် ထိုင်းတွေက မြန်မာအလုပ်သမားတွေအပေါ်မှာ ခွဲခြား နှိမ့်ချဆက်ဆံခဲ့တာရှိတယ်။ အဲဒီလို အခြေအနေကရော ဘယ်လောက် တိုးတက်လာပြီလဲ။  “အများကြီး တိုးတက် ပြောင်းလဲသွားပြီ။ ဘဏ်က အရာရှိ အမျိုးသမီးတယောက် နယ်ဘက်ကို သူတို့ဘဏ်ကို ပရိုမိုးရှင်း လုပ်ချင်လို့ လာတာ။ အဲဒီမတိုင်ခင် သူက ဗမာပြည်သား အလုပ်သမားတွေ၊ ကိုယ်တို့ဆီက ကျောင်းထွက်သွားတဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ သူက ပြောတယ်။ ဒီက ကျောင်းထွက်တဲ့ ကလေးတွေ သူ တွေ့ဖူးတယ်။ ‌ရေးတာ၊ ဖတ်တာ၊ ပြောတာ အကုန်လုံး နားလည်ပြီးတော့ သွက်လက်ဖျတ်လတ်တယ်ပေါ့။ သူတို့ကတော့ သူတို့ဘဏ်က အသစ်။ မြန်မာနိုင်ငံသားတွေကို သူတို့ဘဏ်အကောင့် ဖွင့်ခွင့်ပေးမလို့ပဲ သူက လိုက်ပြီး လာလေ့လာပုံရတယ်။ တကယ်လည်း သူတို့ လာပြီးစကားပြောတော့ သူတို့ ဘဏ် application ကို ကလေးတွေက အကုန်တတ်နေကြပြီ။ သူတို့ဘဏ်ရဲ့ Member သာ မဖြစ်တာ။ တခြားဘဏ်နဲ့ ကက်စီကွန်က member တွေ များတယ်။ သူတို့ သုံးသပ်ချက်အရဆိုရင် ကလေးတွေ အများကြီး တိုးတက်လာတယ်။ ထိုင်းလူ့အသိုင်းအဝိုင်းက ဗမာတွေကို လက်ခံလာတယ်ပေါ့။” မေး-အခုလက်ရှိအခြေအနေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့  ဘယ်လို အခက်အခဲ ပြဿနာ တွေအဓိက ကြုံတွေ့နေရလဲ။  “လက်ရှိအ‌ခြေအနေမှာ ခက်တာက MOU အလုပ်သမားအဖြစ်ပေါ့။ ဟိုတုန်းကလို ထိုင်းကို ခိုးဝင်တဲ့ မှတ်ပုံတင် လုပ်ပေးတယ်။ အဲဒီကနေ နောက်ပိုင်း ပတ်စ်ပို့လုပ်ရတဲ့အဆင့်အထိ G to G ပေါ့။ အစိုးရချင်း ပို့ဆောင်တဲ့စနစ်အောက်မှာ အေဂျင်စီတွေရဲ့ စီမံဆောင်ရွက်မှု။ ထိုင်းဘက်က အေဂျင်စီတွေရဲ့ စီမံဆောင်ရွက်မှု၊ ထိုင်းလုပ်ငန်းရှင်တချို့ရဲ့ ပုံမကျတဲ့ ကိစ္စပေါ့။ အေဂျင်စီက နှစ်ခု ရှိတယ်။ မြန်မာဘက်က အေဂျင်စီနဲ့ ထိုင်းအေဂျင်စီ။ ပြီးတော့ အလုပ်လုပ်ရ၊ အလုပ်ရှင်။ အခု သတိထားမိတာက မြန်မာအလုပ်သမားတွေ ထိုင်းကို ပို့တယ်၊ နိုင်ငံခြားကို ပို့တဲ့အချိန်မှာ ထိုင်းကို ပို့တာက မထွက်ခွာခင်မှာ ထိုင်းနဲ့ပတ်သက်တဲ့ knowledge တွေ ပေးတဲ့ သင်တန်းက အားမရဘူး။ ကိုရီးယားဆိုရင် လူ ၂ သောင်းမှာမှ ၄ ထောင်လောက် ရွေးတော့ ကြိုးစားရတယ်။ တကယ့် ဒိတ်တွေပဲ ထွက်သွားကြရင်။ ဂျပန်ဆိုလည်း ဒီအတိုင်းပဲ။ ထိုင်းကို ပို့မယ့်လူလည်း အဲဒီလို ဖြစ်စေချင်တယ်။ နယ်ကနေ ဘာမှ မသိ၊ ပွဲစားကတဆင့် တဆင့် ခေါ်လာ၊ အလိမ်ခံရ။ ဟိုတလောက မြဝတီမှာ ဖြစ်တဲ့ လူ ၃၀၀။ ခေါ်လာတာ ချင်း၊ ရခိုင်၊ မြန်မာပြည် အလယ်ပိုင်းတို့က။ ဒီကုမ္ပဏီက ပို့မှာဆိုပြီး ထိုင်စောင့်နေတာ။ အဲဒီကုမ္ပဏီက တရားလည်း မဝင်ဘူး။ ဘာမှလည်း မလုပ်ရဘဲ အလိမ်ခံလိုက်ရတယ်။ အဲဒါတွေကို မီဒီယာတွေဘက်ကလည်း  လူထုကို များများ အသိပညာပေးဖို့ လိုတယ်။” မေး- ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အခြေအနေတွေ ပိုမို တိုးတက် ကောင်းမွန်လာအောင် လက်ရှိ မြန်မာအစိုးရက ဘာတွေလုပ်ပေးဖို့ လိုမယ်လို့ အကြံပြုတိုက်တွန်းချင်ပါသလဲ။  “အစိုးရအနေနဲ့ နည်းနည်းတွန်းပေးရမှာက အလုပ်သမားဝန်ကြီးဌာနက ပြတ်ပြတ်သားသား လုပ်ဖို့ပါ။ အေဂျင်စီတွေက နိုင်ငံခြားကို ပို့မယ့် အလုပ်သမား၊ ဘာသင်တန်းတက်ပြီးပြီလဲ၊ စုံစမ်းစစ်ဆေး။ ပို့မယ့် လူကို အလုပ်သမားဝန်ကြီးဌာနက စိစစ်လေ။ ဘာဥပဒေတွေ သိလဲ။ ထိုင်းရောက်ရင် ဘာလုပ်ရမှာလဲစိစစ်။ အဲဒါတွေ pass မဖြစ်ရင် အဲဒီလူကို မပို့နဲ့။ ကုမ္ပဏီပါ black list လုပ်လိုက်မယ်ဆိုရင် အေဂျင်စီတွေလည်း မဟုတ်တာ မလုပ်ရဲတော့ဘူး။ လိမ်ဖို့ မလွယ်တော့ဘူး။ ရေရှည်ကတော့ ဒီမိုကရေစီနိုင်ငံတွေမှာက အစိုးရက အကုန်လုံး ကိုင်တွယ်လို့မရဘူးဆိုတော့ Private  ကုမ္ပဏီကိုပဲ ပေးရမှာပဲ။ Private ကုမ္ပဏီကို check and balance တင်းကျပ်ထားရင် အဲဒီကုမ္ပဏီကပဲ တိုးတက်အောင်မြင်အောင် လုပ်လိမ့်မယ်။” “ရောက်တဲ့ အလုပ်သမားက အဲဒီလုပ်ငန်းခွင်မှာ အဆင်မပြေဘူး ဆိုရင် အရင်ဆုံး ရန်ဖြစ်တာက ဗမာပြည်ကပို့တဲ့ အေဂျင်စီနဲ့ စဖြစ်တာ။ အဲဒီကနေပြီး မလုပ်ဘူး ဘာညာ ဆိုပြီး ကုမ္ပဏီတွေနဲ့ ပြဿနာတွေတက်၊ ကယ်ဆယ်ရေးစခန်းတွေရောက်။ အဲဒီအခါကျတော့ မဖြစ်သင့်တာတွေ ဖြစ်တာပေါ့။ MOU နဲ့ မပို့ခင်မှာ  ဒီစက်ရုံရဲ့ အခြေအနေ background အားလုံး information ရှိရမယ်။ အဲဒီတော့မှ ဟိုမှာ ပေးမယ်။ အလုပ်သမား သံအရာရှိကလည်း ခွင့်ပြုမိန့် ထုတ်ပေးမယ်။ သုံးမယ့်စက်ရုံက အင်အား တောင့်တောင့်တင်းတင်းမှ အလုပ်လုပ်ရမယ့် နေရာကို အရပ်ပုပု၊ ခန္ဓာကိုယ် ပိန်လှီတဲ့လူတွေ မပို့သင့်ဘူး။ Medical Checkup သေချာ လုပ်သင့်တယ်။  တချို့ဆိုရင် ဟာသတောင် ဖြစ်နေတယ်။ လာလိုက်တာ မင်းတို့ကုမ္ပဏီက လူပို့တာ၊ အကုန်လုံး ကျောက်ကပ်ရောဂါသည်တွေချည်းပဲ ရောက်လာတယ်။ အဲဒီလို မဖြစ်စေနဲ့။ အဲဒါကျတော့ အစိုးရလည်း လိုတယ်။”  မေး-ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကိုရော ဘာတွေ အကြံပြုချင်လဲ။ “ထိုင်းတွေရဲ့ အတွေ့အကြုံအရ အရှေ့အလယ်ပိုင်းတို့ ဘာတို့ သွားအလုပ်လုပ်ပြီး သူတို့ မိသားစုတွေကို ထောက်ပံ့တယ်။ အိမ်က သားသမီးတွေက ကျောင်းတက်၊ ပညာသင်။ ဟိုမှာ အလုပ်သွားလုပ်တဲ့သူက ကြာရင် ဒီက သားသမီးက အရွယ်ရောက် အလုပ်လုပ်။ ဒီက ထပ်လိုက်သွားတာ မဟုတ်တော့ဘူး။ ဟိုက ပြန်ထွက်လာပြီ။ သားသမီးက ဒီက  ရုန်းကန်ရှာဖွေ လုပ်ပြီ။ အဲဒီတော့ နိုင်ငံခြားကို သွားအလုပ်လုပ်တဲ့ ဦးရေကို လျှော့ချလို့ရသွားပြီ။ ကျနော်တို့တိုင်းပြည်က မဖြစ်သေးဘူး။ အစ်ကို ပြီးရင် ညီမလေး လိုက်မယ်။ အဒေါ် သွားရင် တူမ လိုက်မယ်။ အဲဒီလိုတွေ ဖြစ်နေတယ်။ ကျနော်တို့က အဲဒီကာလတခုကို ဖြတ်ရဦးမယ်။ ဒီကို လာတဲ့လူတွေက ငါတို့ အလုပ်လည်း လုပ်မယ်၊ အတတ်ပညာလည်း ယူမယ်၊ ဗဟုသုတလည်း ယူမယ်။ ထိုင်းရောက်ရင် ငါတို့က လစာတွေ အများကြီးရပြီး လျှောက်လည် ပျော်ပါးသုံးစွဲနေမယ် ဆိုရင်တော့ အလုပ်မဖြစ်နိုင်ဘူး။ ဟိုဘက်က ပေးနိုင်သလောက် ဗဟုသုတွေရမယ်၊ ဒီရောက်ရင်လည်း လုပ်ငန်း နည်းပညာတွေ သင်တာတွေ လုပ်ရမယ်။” မေး- တခြား ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။ “သေချာတာက မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ ပွင့်လင်းလွတ်လပ်တဲ့ စီးပွားရေးစနစ်နဲ့ သွားရတော့မှာ။ အဲဒီအဆင့်တွေကို ပြင်ဖို့က အဆင့်ဆင့်ပေါ့။ အပေါ်ထပ် အဆောက်အအုံချည်းပဲ ပြင်လို့မရဘူး။ အစိုးရက ပေါ်လစီချပေးပြီး ပံ့ပိုးပေးရင် အောင်မြင်မယ်။” ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version “ထိုင္းလူ႔အသိုင္းအဝိုင္းက ဗမာေတြကို လက္ခံလာတယ္”  Dear Burma ေက်ာင္းအုပ္ႀကီး ဦးျမင့္ေဝႏွင့္ ေမးျမန္းခ်က္  ထိုင္းႏိုင္ငံတဝန္းက လုပ္ငန္းခြင္ေတြမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ သန္းနဲ႔ ခ်ီတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ လတ္တေလာ  ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲနဲ႔ စိန္ေခၚမႈေတြ ဘာေတြ ရွိေနပါသလဲ။ လက္ရွိအန္အယ္လ္ဒီ အစိုးရလက္ထက္ ထိုင္းေရာက္ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕   ဘဝအေျခအေန ေျပာင္းလဲတိုးတက္မႈရွိလာၿပီးလား၊ ေရွ႕ဆက္ အစိုးရက ဘာေတြ လုပ္ေပးဖို႔ လိုအပ္မလဲ စတာေတြနဲ႔ ပတ္သက္လို႔ ဘန္ေကာက္ အေျခစိုက္ ေ႐ႊ႕ေျပာင္းလုပ္သားပညာေရး အကူအညီေပးေနတဲ့ “ျမန္မာႏိုင္ငံဒီမိုကေရစီရရွိေရး ထိုင္းလႈပ္ရွားမႈေကာ္မတီ (TACDB)” အဖြဲ႕ရဲ႕ ဒါ႐ိုက္တာ၊ Dear Burma Academy ရဲ႕ ေက်ာင္းအုပ္ႀကီး ဦးျမင့္ေဝကို ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမးျမန္းခ်က္ အျပည့္အစုံ– ေမး- လက္ရွိ အန္အယ္လ္ဒီအစိုးရ တာဝန္ယူတဲ့အခ်ိန္မွာ ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေနဟာ အရင္ကထက္ပိုၿပီး လြတ္လပ္လာတာ ျမင္ရတယ္။ အလုပ္သမား အေတာ္မ်ားမ်ားမွာလည္း အေထာက္အထား ပတ္စ္ပို႔ေတြ ကိုင္ထားတာ ေတြ႕ရတယ္။ လုပ္ခ လစာလည္း အတန္အသင့္ရၾကတယ္ ဆိုေတာ့ သူတို႔ရဲ႕ ေျခအေနဟာ တကယ္ တိုးတက္မႈ ရွိလာၿပီလား။ ဘာေတြ လိုအပ္ေနလဲ။ ဘယ္လိုျမင္လဲ။ “အခု လစာကိစၥေပါ့။ လစာ နည္းနည္းတိုးသြားတယ္။ ေနာက္တခ်က္က ပတ္စ္ပို႔ေတြ၊  Work Permit ကိစၥ နည္းနည္းေလး တိုးတက္တယ္။ ျမန္မာႏိုင္ငံရဲ႕ အစိုးရစနစ္ေပါ့။ အၿမဲတမ္း ဌာနဆိုင္ရာေတြ၊ အလုပ္သမားဝန္ႀကီးဌာနကဆိုရင္ ဒီထက္ပိုၿပီးေကာင္းတဲ့ နည္းပညာေတြ၊ အခုေခတ္မီ နည္းပညာေတြ ရွိတယ္။ ယိုးဒယားမွာ အဲဒါေတြက အဲဒီေလာက္ ၾကာစရာ မလိုဘူး။ e-government လိုမ်ိဳးေပါ့။ အနည္းဆုံး သူတို႔ဝန္ႀကီးဌာနအတြင္း ျမန္ဆန္တာမ်ိဳး သူတို႔ လုပ္လို႔ရမယ္။ အမ်ိဳးသားလုံၿခဳံေရးစနစ္အတြက္ ထားတာ လက္ခံပါတယ္။ တခ်ိဳ႕ကလည္း မလိုအပ္တဲ့ ႀကိဳးနီစနစ္ေတြေပါ့။ ေနာက္တခုက ျပည္ထဲေရးဝန္ႀကီးဌာန။ ပတ္စ္ပို႔လုပ္ဖို႔က ၂ လေက်ာ္ ၾကာေနၿပီ။ ၃ လ ေစာင့္ေနရတယ္။ ဒီမွာ စက္႐ုံက အလုပ္သမား လိုေနၿပီ။ ေအာ္ဒါေတြ လာေတာ့မယ္။ စက္႐ုံက ခ်က္ခ်င္း ျမန္မာျပည္က အလုပ္သမားကို အေရးေပၚ ခန႔္ခ်င္ေနၿပီ။ တျခားအလုပ္သမားထက္စာရင္ ျမန္မာအလုပ္သမားက နာမည္ေကာင္းတာေတြလည္း ရွိတယ္။ ဒီဘက္က ၾကာေနေတာ့ ဖိလစ္ပိုင္က၊ ကေမာၻဒီးယားက အဆင္သင့္ ျဖစ္ေနေတာ့ ထိုးေပးလိုက္ေရာ။ အဲဒီလိုမ်ိဳးေတြ ျဖစ္သြားတယ္။ ေလဘာ မားကက္တင္းမွာ အလုပ္သမားေဈးကြက္မွာ တခ်ိဳ႕က ေနာက္က်တာေတြ ရွိတယ္။” ေမး- ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ ပညာေရးပိုင္းနဲ႔ ကြၽမ္းက်င္မႈ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ၾကားေပးမႈေတြနဲ႔ ပတ္သက္လို႔ေရာ ထိုင္းမွာ ဘာေတြ ေျပာင္းလဲတိုးတက္မႈရွိလဲ။ “ထိုင္းစာနဲ႔  အဂၤလိပ္စာကေတာ့ သင္ေပးတာေပါ့။  နည္းပညာေရာ ေသးေသးေလးေတြေပါ့။ သင္တဲ့ ဆရာကလည္း ကိုယ့္ျမန္မာျပည္သားထဲကမွ ဆံပင္အလွျပင္သင္တန္းေတြ ဘာေတြ ေအာင္ျမင္လို႔ မ်က္ႏွာ မိတ္ကပ္ေတြပါ ေအာင္ျမင္တဲ့ လက္မွတ္ေလးေတြ ရေတာ့ လုပ္အားေပး လာသင္ေပးတာေပါ့။ အဲဒီေနရာမွာ သူတို႔ လာေလ့လာမႈ ျမင့္လာတယ္။ အသက္ေမြးဝမ္းေက်ာင္းပညာေတြေလ။ ဘန္ေကာက္ၿမိဳ႕လယ္ေကာင္ ျဖစ္ေတာ့ စက္ခ်ဳပ္သင္တန္း လုပ္ေပးလို႔မရတာ၊ ဆိုင္ကယ္ျပင္တဲ့ သင္တန္း လုပ္ေပးဖို႔ ေနရာမရွိတာေတြ အခက္အခဲရွိတယ္။” “ေနာက္ပိုင္း အစိုးရ ဆယ္တန္းစာေမးပြဲ ေျဖဖို႔၊ အလုပ္လုပ္ရင္းနဲ႔၊ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္နဲ႔ ေျဖဖို႔၊ အဲဒါကို ဖြင့္‌ေပးလာတဲ့အတြက္ ပိုၿပီးတိုးလာတယ္။ ဒီႏွစ္ဆိုရင္ ေျဖခ်င္တဲ့သူက ၃၂ ဦး ျဖစ္လာတယ္။ အရင္ႏွစ္က ၂၀ ပဲ။ ဟိုဘက္ႏွစ္ကေတာ့ ေလး ငါး ဆယ္ေယာက္ပဲ။ အဲဒီမွာ နည္းနည္းပိုၿပီးေခ်ာေမြ႕တဲ့ စနစ္ေလးေတာ့ ျဖစ္ေအာင္ လုပ္ေပးႏိုင္ရင္။ အခုဆို ျမစ္ႀကီးနားမွာ ေနတဲ့ ကေလးက ဆယ္တန္း ေအာင္လက္မွတ္ယူဖို႔ သိပ္ခက္ခဲလြန္းတယ္။ ပူတာအိုတို႔ ပါတယ္၊ ခ်င္းေတာင္၊ ရခိုင္ျပည္နယ္။ ေက်ာင္း၊ အိမ္ေထာင္စုဇယားနဲ႔၊ ဆယ္တန္း ေထာက္ခံစာနဲ႔၊ ပတ္စ္ပို႔နဲ႔၊ မွတ္ပုံတင္နဲ႔ နာမည္ မတူတာ၊ ေမြးဒိတ္ မတူတာ။ အမွန္က သူတို႔အျပစ္ မဟုတ္ဘူး။ ဌာနဆိုင္ရာ ဝန္ထမ္းေတြရဲ႕ အျပစ္ပဲ။ ေသခ်ာမလုပ္ေပးၾကဘူး။ တေယာက္ဆိုရင္ အသက္က ၁ လပဲ ႀကီးေနတာ၊ အခု ဒုကၡေရာက္ေနၿပီ။ ဘန္ေကာက္မွာ ေျဖလို႔မရေတာ့ ျမန္မာျပည္ကို ျပန္ၿပီးေျဖရမလို ျဖစ္ေနတယ္။ ၿပီးေတာ့ နာမည္လြဲေနတယ္။ အဲဒီလို အေျခအေနေတြဆိုေတာ့ေလ လူထုထဲမွာ ကေလးေတြ စာသင္ခ်င္စိတ္၊ ႀကိဳးစားခ်င္စိတ္ အရမ္းရွိေနၿပီ။ အဲဒီေပၚမွာ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းနဲ႔ ျပင္ပကူညီတဲ့ တခ်ိဳ႕ကိစၥေတြက ဌာနဆိုင္ရာ ပညာေရးဝန္ႀကီးဌာနေတြက ဒီထက္ပိုၿပီးေတာ့ ေခ်ာေမြ႕ေအာင္ လုပ္ေပးႏိုင္ရင္ ကေလးေတြ စာတတ္မွာေပါ့။” ေမး- ေနာက္တခါ အလုပ္သမားေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ထိုင္းအစိုးရက  တာဝန္ယူ ေဆာင္႐ြက္ေပးမႈေတြ တိုးတက္မႈ ရွိလား။ “အဲဒီမွာေတာ့ နည္းနည္းအျငင္းပြားစရာ ရွိတယ္။ Social Security လူမႈဖူလုံေရးကတ္ရွိသူေတြ ေဆး႐ုံမွာ သြားကုရင္ ေဆး႐ုံက သိပ္ၿပီးေတာ့ ဂ႐ုတစိုက္ မလုပ္ၾကဘူး။ ေနာက္တခုက ႐ိုး႐ိုး National Planning တခု ရွိတယ္။ က်န္းမာေရးစီမံခ်က္အရ ဘတ္ ၃၀ တို႔ ဘာတို႔လည္း ကုသတဲ့အပိုင္းမွာေတာ့ အစိုးရေဆး႐ုံဆိုေတာ့ လူမ်ားတယ္ေလ။ အဲဒီအေပၚမွာေတာ့ နည္းနည္းအခက္အခဲ ရွိတယ္။ လူေတြကေတာ့ က်န္းမာေရးမွာ ထိခိုက္လားဆိုေတာ့ သိပ္ေတာ့ မထိခိုက္လွဘူး။ သို႔ေသာ္ ပုဂၢလိကေဆးခန္း ေျပးၿပီးေတာ့ ကုတာမ်ိဳးပဲ လုပ္ၾကတာေပါ့။ အဲဒီနည္းနဲ႔ ထြက္ေပါက္ရွာတာ။ ယိုးဒယား လူမႈဖူလုံေရး အာမခံစနစ္ထဲမွာရွိတဲ့ ထိုင္းေတြကိုက ေဆး႐ုံမွာ ကုသတဲ့ ကန္ထ႐ိုက္သေဘာမ်ိဳး တႏွစ္စာ အဲ့ဌာနႀကီးက လႊဲအပ္ထားတာ။ အဲဒါကို သူတို႔ ျပင္ခ်င္ေနတာ။ ထိုင္း Social Secruity Member ေတြ သူတို႔ကိုယ္တိုင္က အားမရဘူး။ အဲဒါေၾကာင့္ ကိုယ့္ဘက္မွာလည္း ရာႏႈန္းျပည့္ သိပ္မျဖစ္ဘူးေပါ့။” “အခု တိုးတက္တာ တခုက ထိုင္းႏိုင္ငံသံ႐ုံးက Domestic Workers အိမ္အကူလုပ္သားေတြ၊ Social Security Member ေတြေပါ့။ လူမႈဖူလုံေရးရန္ပုံေငြ အဖြဲ႕ဝင္ေတြထဲကို ထည့္ဖို႔ တိုက္တြန္းေနၾကၿပီ။ ျမန္မာႏိုင္ငံကက်ေတာ့ တရားဝင္ မလႊတ္ေသးဘူး။ ဒီမွာေတာ့ Domestic Worker ေတြကို ထည့္စဥ္းစားေနၿပီ။ က်န္ေနတာက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးေပါ့။ စိုက္ပ်ိဳးေရးမွာ သုံးတဲ့ ဓာတုေဗဒေဆးဝါးေတြ၊ ဓာတုေဗဒ ေျမဩဇာေတြ သုံးမႈကေန မိသားစုေတြေရာ၊ အလုပ္သမားေတြေရာ ဘယ္ေလာက္ ထိခိုက္မႈ ျဖစ္လဲ။ အဲဒီအလုပ္သမားေတြ လူမႈဖူလုံေရးအာမခံေၾကးနဲ႔ ကာမိေအာင္ လုပ္ေပးဖို႔ သူတို႔ ႀကိဳးစားေနတယ္။”   ေမး- အရင္တုန္းကဆိုရင္ ထိုင္းႏိုင္ငံကို အလုပ္လုပ္ဖို႔ ထြက္တဲ့အထဲမွာ ေယာက္်ားေလးေတြ မ်ားတယ္ေပါ့။ ေနာက္ပိုင္းက်ေတာ့ မိန္းကေလး ေတာ္ေတာ္မ်ားမ်ား ထြက္ၾကတယ္။ ၿပီးခဲ့တဲ့ အခ်ိန္ေတြနဲ႔ အခုဆိုရင္ ေရာက္လာတဲ့ အမ်ိဳးသမီးေတြရဲ႕ ဘဝလုံၿခဳံမႈ အေျခအေနက ပိုၿပီးတိုးတက္လာလား။ လက္ရွိ ဘယ္လိုအေျခအေန ရွိလဲ။ “အရင္ကထက္စာရင္ နည္းနည္းပိုၿပီး တိုးတက္လာတယ္။ အခုက အစုအဖြဲ႕ေတြက မ်ားသြားၿပီ။ အဲဒါအျပင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ ေတာင္ပိုင္းအထိကို ဘာသာေရးနဲ႔ စုစည္းမႈေတြ ေတာ္ေတာ္မ်ားသြားၿပီ။ Network ေတြ ေတာ္ေတာ္ျမင့္လာတယ္။ လူမႈဆိုရွယ္မီယာကလည္း ေတာ္ေတာ္ေလး တိုးတက္သြားၿပီ။ အမ်ိဳးသမီးေတြရဲ႕ လုံၿခဳံမႈေပါ့။ အတြင္းထဲမွာ ဘယ္အထိ ျဖစ္လာလဲဆိုေတာ့ သူတို႔ လူ႔အသိုင္းအဝိုင္းအတြင္းမွာ ထိန္းသိမ္းဖို႔၊ ေနထိုင္မႈကိစၥေတြမွာ တိုးတက္လာတယ္။” “ထိုင္း ကြန္ျမဴနတီမွာလည္း တိုးတက္လာတယ္။ ကိုယ့္ဘက္ကလည္း စုစည္းမႈေတြ ျဖစ္လာတယ္။ အခ်င္းခ်င္း ကာကြယ္ေစာင့္ေရွာက္မႈေတြ၊ စုစည္းမႈေတြ၊ ထိန္းေက်ာင္းမႈေတြ ရွိလာတယ္။ ထိုင္းဘက္ကလည္း တကယ္ကို တိုးတက္လာတယ္။ တခ်ိဳ႕ေနရာေတြမွာ ထိုင္းေတြအတြက္ေတာ့ မလုံၿခဳံတဲ့ေနရာမ်ိဳးေတာ့ ျဖစ္တာေပါ့။ အရင္တုန္းကလိုမ်ိဳး ဗမာ ျမင္ရင္ ဆဲဆို၊ ဆိုးဆိုးဝါးဝါး မရွိေတာ့ပါဘူး။” ေမး- အရင္တုန္းကဆိုရင္ ထိုင္းေတြက ျမန္မာအလုပ္သမားေတြအေပၚမွာ ခြဲျခား ႏွိမ့္ခ်ဆက္ဆံခဲ့တာရွိတယ္။ အဲဒီလို အေျခအေနကေရာ ဘယ္ေလာက္ တိုးတက္လာၿပီလဲ။  “အမ်ားႀကီး တိုးတက္ ေျပာင္းလဲသြားၿပီ။ ဘဏ္က အရာရွိ အမ်ိဳးသမီးတေယာက္ နယ္ဘက္ကို သူတို႔ဘဏ္ကို ပ႐ိုမိုးရွင္း လုပ္ခ်င္လို႔ လာတာ။ အဲဒီမတိုင္ခင္ သူက ဗမာျပည္သား အလုပ္သမားေတြ၊ ကိုယ္တို႔ဆီက ေက်ာင္းထြက္သြားတဲ့ ကေလးေတြကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးတယ္။ သူက ေျပာတယ္။ ဒီက ေက်ာင္းထြက္တဲ့ ကေလးေတြ သူ ေတြ႕ဖူးတယ္။ ‌ေရးတာ၊ ဖတ္တာ၊ ေျပာတာ အကုန္လုံး နားလည္ၿပီးေတာ့ သြက္လက္ဖ်တ္လတ္တယ္ေပါ့။ သူတို႔ကေတာ့ သူတို႔ဘဏ္က အသစ္။ ျမန္မာႏိုင္ငံသားေတြကို သူတို႔ဘဏ္အေကာင့္ ဖြင့္ခြင့္ေပးမလို႔ပဲ သူက လိုက္ၿပီး လာေလ့လာပုံရတယ္။ တကယ္လည္း သူတို႔ လာၿပီးစကားေျပာေတာ့ သူတို႔ ဘဏ္ application ကို ကေလးေတြက အကုန္တတ္ေနၾကၿပီ။ သူတို႔ဘဏ္ရဲ႕ Member သာ မျဖစ္တာ။ တျခားဘဏ္နဲ႔ ကက္စီကြန္က member ေတြ မ်ားတယ္။ သူတို႔ သုံးသပ္ခ်က္အရဆိုရင္ ကေလးေတြ အမ်ားႀကီး တိုးတက္လာတယ္။ ထိုင္းလူ႔အသိုင္းအဝိုင္းက ဗမာေတြကို လက္ခံလာတယ္ေပါ့။” ေမး-အခုလက္ရွိအေျခအေနမွာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြနဲ႔  ဘယ္လို အခက္အခဲ ျပႆနာ ေတြအဓိက ႀကဳံေတြ႕ေနရလဲ။  “လက္ရွိအ‌ေျခအေနမွာ ခက္တာက MOU အလုပ္သမားအျဖစ္ေပါ့။ ဟိုတုန္းကလို ထိုင္းကို ခိုးဝင္တဲ့ မွတ္ပုံတင္ လုပ္ေပးတယ္။ အဲဒီကေန ေနာက္ပိုင္း ပတ္စ္ပို႔လုပ္ရတဲ့အဆင့္အထိ G to G ေပါ့။ အစိုးရခ်င္း ပို႔ေဆာင္တဲ့စနစ္ေအာက္မွာ ေအဂ်င္စီေတြရဲ႕ စီမံေဆာင္႐ြက္မႈ။ ထိုင္းဘက္က ေအဂ်င္စီေတြရဲ႕ စီမံေဆာင္႐ြက္မႈ၊ ထိုင္းလုပ္ငန္းရွင္တခ်ိဳ႕ရဲ႕ ပုံမက်တဲ့ ကိစၥေပါ့။ ေအဂ်င္စီက ႏွစ္ခု ရွိတယ္။ ျမန္မာဘက္က ေအဂ်င္စီနဲ႔ ထိုင္းေအဂ်င္စီ။ ၿပီးေတာ့ အလုပ္လုပ္ရ၊ အလုပ္ရွင္။ အခု သတိထားမိတာက ျမန္မာအလုပ္သမားေတြ ထိုင္းကို ပို႔တယ္၊ ႏိုင္ငံျခားကို ပို႔တဲ့အခ်ိန္မွာ ထိုင္းကို ပို႔တာက မထြက္ခြာခင္မွာ ထိုင္းနဲ႔ပတ္သက္တဲ့ knowledge ေတြ ေပးတဲ့ သင္တန္းက အားမရဘူး။ ကိုရီးယားဆိုရင္ လူ ၂ ေသာင္းမွာမွ ၄ ေထာင္ေလာက္ ေ႐ြးေတာ့ ႀကိဳးစားရတယ္။ တကယ့္ ဒိတ္ေတြပဲ ထြက္သြားၾကရင္။ ဂ်ပန္ဆိုလည္း ဒီအတိုင္းပဲ။ ထိုင္းကို ပို႔မယ့္လူလည္း အဲဒီလို ျဖစ္ေစခ်င္တယ္။ နယ္ကေန ဘာမွ မသိ၊ ပြဲစားကတဆင့္ တဆင့္ ေခၚလာ၊ အလိမ္ခံရ။ ဟိုတေလာက ျမဝတီမွာ ျဖစ္တဲ့ လူ ၃၀၀။ ေခၚလာတာ ခ်င္း၊ ရခိုင္၊ ျမန္မာျပည္ အလယ္ပိုင္းတို႔က။ ဒီကုမၸဏီက ပို႔မွာဆိုၿပီး ထိုင္ေစာင့္ေနတာ။ အဲဒီကုမၸဏီက တရားလည္း မဝင္ဘူး။ ဘာမွလည္း မလုပ္ရဘဲ အလိမ္ခံလိုက္ရတယ္။ အဲဒါေတြကို မီဒီယာေတြဘက္ကလည္း  လူထုကို မ်ားမ်ား အသိပညာေပးဖို႔ လိုတယ္။” ေမး- ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ ဘ၀အေျခအေနေတြ ပိုမို တိုးတက္ ေကာင္းမြန္လာေအာင္ လက္ရွိ ျမန္မာအစိုးရက ဘာေတြလုပ္ေပးဖို႔ လိုမယ္လို႔ အႀကံျပဳတိုက္တြန္းခ်င္ပါသလဲ။  “အစိုးရအေနနဲ႔ နည္းနည္းတြန္းေပးရမွာက အလုပ္သမားဝန္ႀကီးဌာနက ျပတ္ျပတ္သားသား လုပ္ဖို႔ပါ။ ေအဂ်င္စီေတြက ႏိုင္ငံျခားကို ပို႔မယ့္ အလုပ္သမား၊ ဘာသင္တန္းတက္ၿပီးၿပီလဲ၊ စုံစမ္းစစ္ေဆး။ ပို႔မယ့္ လူကို အလုပ္သမားဝန္ႀကီးဌာနက စိစစ္ေလ။ ဘာဥပေဒေတြ သိလဲ။ ထိုင္းေရာက္ရင္ ဘာလုပ္ရမွာလဲစိစစ္။ အဲဒါေတြ pass မျဖစ္ရင္ အဲဒီလူကို မပို႔နဲ႔။ ကုမၸဏီပါ black list လုပ္လိုက္မယ္ဆိုရင္ ေအဂ်င္စီေတြလည္း မဟုတ္တာ မလုပ္ရဲေတာ့ဘူး။ လိမ္ဖို႔ မလြယ္ေတာ့ဘူး။ ေရရွည္ကေတာ့ ဒီမိုကေရစီႏိုင္ငံေတြမွာက အစိုးရက အကုန္လုံး ကိုင္တြယ္လို႔မရဘူးဆိုေတာ့ Private  ကုမၸဏီကိုပဲ ေပးရမွာပဲ။ Private ကုမၸဏီကို check and balance တင္းက်ပ္ထားရင္ အဲဒီကုမၸဏီကပဲ တိုးတက္ေအာင္ျမင္ေအာင္ လုပ္လိမ့္မယ္။” “ေရာက္တဲ့ အလုပ္သမားက အဲဒီလုပ္ငန္းခြင္မွာ အဆင္မေျပဘူး ဆိုရင္ အရင္ဆုံး ရန္ျဖစ္တာက ဗမာျပည္ကပို႔တဲ့ ေအဂ်င္စီနဲ႔ စျဖစ္တာ။ အဲဒီကေနၿပီး မလုပ္ဘူး ဘာညာ ဆိုၿပီး ကုမၸဏီေတြနဲ႔ ျပႆနာေတြတက္၊ ကယ္ဆယ္ေရးစခန္းေတြေရာက္။ အဲဒီအခါက်ေတာ့ မျဖစ္သင့္တာေတြ ျဖစ္တာေပါ့။ MOU နဲ႔ မပို႔ခင္မွာ  ဒီစက္႐ုံရဲ႕ အေျခအေန background အားလုံး information ရွိရမယ္။ အဲဒီေတာ့မွ ဟိုမွာ ေပးမယ္။ အလုပ္သမား သံအရာရွိကလည္း ခြင့္ျပဳမိန႔္ ထုတ္ေပးမယ္။ သုံးမယ့္စက္႐ုံက အင္အား ေတာင့္ေတာင့္တင္းတင္းမွ အလုပ္လုပ္ရမယ့္ ေနရာကို အရပ္ပုပု၊ ခႏၶာကိုယ္ ပိန္လွီတဲ့လူေတြ မပို႔သင့္ဘူး။ Medical Checkup ေသခ်ာ လုပ္သင့္တယ္။  တခ်ိဳ႕ဆိုရင္ ဟာသေတာင္ ျဖစ္ေနတယ္။ လာလိုက္တာ မင္းတို႔ကုမၸဏီက လူပို႔တာ၊ အကုန္လုံး ေက်ာက္ကပ္ေရာဂါသည္ေတြခ်ည္းပဲ ေရာက္လာတယ္။ အဲဒီလို မျဖစ္ေစနဲ႔။ အဲဒါက်ေတာ့ အစိုးရလည္း လိုတယ္။” ေမး-ထိုင္းေရာက္ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကိုေရာ ဘာေတြ အႀကံျပဳခ်င္လဲ။ “ထိုင္းေတြရဲ႕ အေတြ႕အႀကဳံအရ အေရွ႕အလယ္ပိုင္းတို႔ ဘာတို႔ သြားအလုပ္လုပ္ၿပီး သူတို႔ မိသားစုေတြကို ေထာက္ပံ့တယ္။ အိမ္က သားသမီးေတြက ေက်ာင္းတက္၊ ပညာသင္။ ဟိုမွာ အလုပ္သြားလုပ္တဲ့သူက ၾကာရင္ ဒီက သားသမီးက အ႐ြယ္ေရာက္ အလုပ္လုပ္။ ဒီက ထပ္လိုက္သြားတာ မဟုတ္ေတာ့ဘူး။ ဟိုက ျပန္ထြက္လာၿပီ။ သားသမီးက ဒီက  ႐ုန္းကန္ရွာေဖြ လုပ္ၿပီ။ အဲဒီေတာ့ ႏိုင္ငံျခားကို သြားအလုပ္လုပ္တဲ့ ဦးေရကို ေလွ်ာ့ခ်လို႔ရသြားၿပီ။ က်ေနာ္တို႔တိုင္းျပည္က မျဖစ္ေသးဘူး။ အစ္ကို ၿပီးရင္ ညီမေလး လိုက္မယ္။ အေဒၚ သြားရင္ တူမ လိုက္မယ္။ အဲဒီလိုေတြ ျဖစ္ေနတယ္။ က်ေနာ္တို႔က အဲဒီကာလတခုကို ျဖတ္ရဦးမယ္။ ဒီကို လာတဲ့လူေတြက ငါတို႔ အလုပ္လည္း လုပ္မယ္၊ အတတ္ပညာလည္း ယူမယ္၊ ဗဟုသုတလည္း ယူမယ္။ ထိုင္းေရာက္ရင္ ငါတို႔က လစာေတြ အမ်ားႀကီးရၿပီး ေလွ်ာက္လည္ ေပ်ာ္ပါးသုံးစြဲေနမယ္ ဆိုရင္ေတာ့ အလုပ္မျဖစ္ႏိုင္ဘူး။ ဟိုဘက္က ေပးႏိုင္သေလာက္ ဗဟုသုေတြရမယ္၊ ဒီေရာက္ရင္လည္း လုပ္ငန္း နည္းပညာေတြ သင္တာေတြ လုပ္ရမယ္။” ေမး- တျခား ဘာမ်ား ျဖည့္စြက္ေျပာခ်င္တာ ရွိေသးလဲ။ “ေသခ်ာတာက ျမန္မာႏိုင္ငံက ဒီမိုကေရစီနဲ႔ ပြင့္လင္းလြတ္လပ္တဲ့ စီးပြားေရးစနစ္နဲ႔ သြားရေတာ့မွာ။ အဲဒီအဆင့္ေတြကို ျပင္ဖို႔က အဆင့္ဆင့္ေပါ့။ အေပၚထပ္ အေဆာက္အအုံခ်ည္းပဲ ျပင္လို႔မရဘူး။ အစိုးရက ေပၚလစီခ်ေပးၿပီး ပံ့ပိုးေပးရင္ ေအာင္ျမင္မယ္။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024