စင်ကာပူတွင်  မီးခိုးမြူများ အုံ့ဆိုင်းပြီး လေထုညစ်ညမ်းမှုဆိုးရွားနေ 

အိမ်နီးချင်းနိုင်ငံတွေမှာ တောမီးဆက်လောင်နေတာမို့ စက်တင်ဘာလ ၁၈ ရက်နေ့က  စင်ကာပူမှာ ပဉ္စမမြောက်နေ့အဖြစ် မီးခိုးမြူတွေ အုံ့ဆိုင်းနေပါတယ်။ ခြောက်သွေ့ရာသီတိုင်း  အင်ဒိုနီးရှားမှာ ဆီအုန်းစိုက်ခင်းတွေအတွက် မြေယာတွေ မီးရှို့တာကြောင့် ဒေသနေရာ အတော်များများမှာ  မီးခိုးမြူတွေ ဖုံးလွှမ်းတတ်ပါတယ်။ ဒါကြောင့် အများပြည်သူ ကျန်းမာရေးအတွက် စိုးရိမ်ရပြီး ခရီးသွားကုမ္ပဏီတွေနဲ့ လေကြောင်းလိုင်းတွေကို စိတ်ပူပန်စေပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း တိုင်းတာချက်အရ စင်ကာပူရဲ့ ၂၄ နာရီ လေထုညစ်ညမ်းမှု အညွန်းကိန်းဟာ  ၁၁၁ နဲ့ ၁၂၆ ကြား ရှိနေပါတယ်။ လေထုညစ်ညမ်းမှု အညွန်းကိန်း ၁၀၀- အထက်ဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က စင်ကာပူရဲ့ လေထု အရည်အသွေးဟာ  ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျန်းမာရေး ထိခိုက်စေတဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။    ဆစ်ဒနီက လာတဲ့ ကမ္ဘာလှည့် ခရီးသည် တယောက်ကတော့ သူတို့ဟာ လှပတဲ့ စင်ကာပူမြို့လေးကို တွေ့မြင်ချင်လို့ လာရောက်ပေမယ့်   မီးခိုးမြူတွေတော့ အတော်လေး ဆိုးပါတယ်လို့ ပြောပါတယ်။ ~~~~~~~~~~~~~~~~ Zawgyi_version စင္ကာပူတြင္  မီးခိုးျမဴမ်ား အုံ႔ဆိုင္းၿပီး ေလထုညစ္ညမ္းမႈ ဆိုး႐ြားေန  အိမ္နီးခ်င္းႏိုင္ငံေတြမွာ ေတာမီးဆက္ေလာင္ေနတာမို႔ စက္တင္ဘာလ ၁၈ ရက္ေန႔က  စင္ကာပူမွာ ပၪၥမေျမာက္ေန႔အျဖစ္ မီးခိုးျမဴေတြ အုံ႔ဆိုင္းေနပါတယ္။ ေျခာက္ေသြ႕ရာသီတိုင္း    အင္ဒိုနီးရွားမွာ ဆီအုန္းစိုက္ခင္းေတြအတြက္ ေျမယာေတြ မီးရႈိ႕တာေၾကာင့္ ေဒသေနရာ အေတာ္မ်ားမ်ားမွာ  မီးခိုးျမဴေတြ ဖုံးလႊမ္းတတ္ပါတယ္။ ဒါေၾကာင့္ အမ်ားျပည္သူ က်န္းမာေရးအတြက္ စိုးရိမ္ရၿပီး ခရီးသြားကုမၸဏီေတြနဲ႔ ေလေၾကာင္းလိုင္းေတြကို စိတ္ပူပန္ေစပါတယ္။ စက္တင္ဘာလ ၁၈ ရက္ေန႔ မြန္းလြဲပိုင္း တိုင္းတာခ်က္အရ စင္ကာပူရဲ႕ ၂၄ နာရီ ေလထုညစ္ညမ္းမႈ အၫြန္းကိန္းဟာ  ၁၁၁ နဲ႔ ၁၂၆ ၾကား ရွိေနပါတယ္။ ေလထုညစ္ညမ္းမႈ အၫြန္းကိန္း ၁၀၀- အထက္ဟာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ စက္တင္ဘာလ ၁၄ ရက္ေန႔က စင္ကာပူရဲ႕ ေလထု အရည္အေသြးဟာ  ၃ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ က်န္းမာေရး ထိခိုက္ေစတဲ့ အေနအထားကို ေရာက္ခဲ့ပါတယ္။ ဆစ္ဒနီက လာတဲ့ ကမာၻလွည့္ ခရီးသည္ တေယာက္ကေတာ့ သူတို႔ဟာ လွပတဲ့ စင္ကာပူၿမိဳ႕ေလးကို ေတြ႕ျမင္ခ်င္လို႔ လာေရာက္ေပမယ့္   မီးခိုးျမဴေတြေတာ့ အေတာ္ေလး ဆိုးပါတယ္လို႔ ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up