လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့ ပါဝင်သည့် ‘ညစ်တွန်း’ရုပ်ရှင်(နမူနာ)

  နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားကြတဲ့ မြန်မာရုပ်ရှင် ‘ညစ်တွန်း’ကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ အိန္ဒိယ ဇာတ်လမ်းတပုဒ်ကို တရားဝင် ဝယ်ယူရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းခိုက်စိုးစန်နဲ့ ထက်မြတ်နိုင်ဇင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ လူ့စရိုက်သဘာဝအရ ဖြစ်တတ်တဲ့ ညစ်တွန်း တွန်းတတ်တဲ့ အကြောင်းအရာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပြီး ဒီကားထဲမှာတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ ထက်ထက်ထွန်းတို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္တို႔ ပါဝင္သည့္ ‘ညစ္တြန္း’႐ုပ္ရွင္(နမူနာ) နာမည္ႀကီး ဝါရင့္သ႐ုပ္ေဆာင္ေတြ ေခါင္းေဆာင္ပါဝင္ထားၾကတဲ့ ျမန္မာ႐ုပ္ရွင္ ‘ညစ္တြန္း’ကို လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဧဝရက္႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ အိႏၵိယ ဇာတ္လမ္းတပုဒ္ကို တရားဝင္ ဝယ္ယူ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ မင္းခိုက္စိုးစန္နဲ႔ ထက္ျမတ္ႏိုင္ဇင္တို႔က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ လူမင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ လူ႔စ႐ိုက္သဘာဝအရ ျဖစ္တတ္တဲ့ ညစ္တြန္း တြန္းတတ္တဲ့ အေၾကာင္းအရာေတြကို ဒီ႐ုပ္ရွင္ကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ၿပီး ဒီကားထဲမွာေတာ့ အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္နဲ႔ ထက္ထက္ထြန္းတို႔က ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းတဲ့ ဝါရင့္သ႐ုပ္ေဆာင္ေတြ ပါဝင္ထားတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာမွာေတာ့ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ ၄ သန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

//
More News
Up